သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကုိ က်ဳးေက်ာ္ရင္ ႐ုရွားအေပၚ အေမရိကန္ အျပင္းအထန္ဒဏ္ခတ္မည္ 


APTOPIX Ukraine Russia


ယူကရိန္းကုိ က်ဳးေက်ာ္ရင္ ႐ုရွားအေပၚ အေမရိကန္ အျပင္းအထန္ဒဏ္ခတ္မည္

{{Zawgyi/Unicode}}
႐ုရွား အေနနဲ႔ ယူကရိန္းကို က်ဴးေက်ာ္ရင္ ယူကရိန္းရဲ႕ ခ႐ိုင္းမီးယား ကြ်န္းဆြယ္ကို ၂၀၁၄ ခုႏွစ္မွာ ႐ုရွား က်ဴးေက်ာ္ခဲ႔စဥ္က အေမရိကန္ရဲ႕ အေရးယူခဲ႔တာထက္ ပိုၿပီး ျပင္းထန္ ျမန္ဆန္တဲ႔ စီးပြားေရး အက်ိဳးဆက္ေတြန႔ဲ ရင္ဆိုင္ရမယ္လို႔ အေမရိကန္ ျပည္ေထာင္စုက အဂၤါေန႔မွာ သတိေပးလိုက္ပါတယ္။၂ဝ၁၄ ခုႏွစ္တုန္းကလို မဟုတ္ဘဲ ျပင္းထန္တဲ႔ အက်ိဳးဆက္ေတြခံရမယ့္ ဒဏ္ခတ္မႈကို ခ်မွတ္ဖို႔ ျပင္ဆင္ေနေၾကာင္း အေမရိကန္ အမ်ိဳးသား လံုျခံဳေရးဆိုင္ရာ တာဝန္ရွိသူတဦးက ဝါရွင္တန္မွာ သတင္းေထာက္ေတြကို ေျပာဆိုခဲ႔ပါတယ္။

အရင္ကလို တျဖည္းျဖည္းခ်င္း ေျပာင္းလဲေရးဆိုတာ မရွိေတာ့ဘဲ အခုအခါမွာေတာ့ အစကတည္းက အျပင္းထန္ဆံုး ေဆာင္ရြက္ၿပီး အဲဒီအေျခအေနတိုင္း ဆက္လက္ထားရွိမွာ ျဖစ္ေၾကာင္း သူကေျပာပါတယ္။ ႐ုရွား သမၼတ Vladimir Putin က ယူကရိန္းကို က်ဴးေက်ာ္ရင္ေတာ့ သူ႔ အေပၚမွာ စီးပြားေရးအရ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို သူကိုယ္တိုင္ ခ်မွတ္သြားႏိုင္တယ္လို႔လည္း အေမရိကန္ သမၼတ Joe Biden က သတင္းေထာက္ေတြကို ေနာက္ပိုင္းမွာ ေျပာဆိုခဲ႔တာပါ။

႐ုရွား စီးပြားေရးကို တုံ႔ဆိုင္းသြားေစေရးအတြက္ ပို႔ိကုန္ထိန္းခ်ဳပ္မႈသစ္ေတြ ခ်မွတ္ေရးအတြက္လည္း အေမရိကန္က ျပင္ဆင္ထားေၾကာင္း အမည္မေဖာ္တဲ႔ လံုျခံဳေရးဆိုင္ရာ တာ၀န္ရွိသူက ေျပာပါတယ္။

႐ုရွားဘက္က ခ႐ိုင္းမီးယားကို သိမ္းပိုက္ၿပီးေနာက္မွာ အေမရိကန္နဲ႔ မဟာမိတ္ေတြက ႐ုရွားအေပၚမွာ သိပ္ၿပီး မျပင္းထန္လွတဲ႔ စီးပြားေရး ဒဏ္ခတ္မႈခ်မွတ္ခဲ႔ၿပီး ထိေရာက္မႈမရွိခဲ႔သလို ခ႐ိုင္းမီးယား ကြ်န္းဆြယ္ဟာလည္း ႐ုရွားတို႔ ထိန္းခ်ဳပ္မႈေအာက္မွာ ဆက္ၿပီး ရွိေနပါတယ္။

တကယ္လို႔ ႐ုရွားသမၼတ Putin ဘက္က အေနာက္ ဥေရာပကို သဘာ၀ ဓာတ္ေငြ႕ တင္ပို႔မႈ ျဖတ္ေတာက္ခဲ႔ရင္ ေလာင္စာဆီ ေထာက္ပံ႔ႏိုင္ေရး အတြက္ အေမရိကန္က ကမ ၻာတလႊားက စြမ္းအင္ထုတ္လုပ္သူေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနေၾကာင္းလည္း အေမရိကန္ရဲ႕ လံုျခံဳေရးဆိုင္ရာ အရာရွိ တဦးက ေျပာပါတယ္။

.........................................................

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းကို ကျုးကျော်ရင် ရုရှားအပေါ် အမေရိကန် အပြင်းအထန်ဒဏ်ခတ်မည်

{{Zawgyi/Unicode}}
ရုရှား အနေနဲ့ ယူကရိန်းကို ကျူးကျော်ရင် ယူကရိန်းရဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ၂၀၁၄ ခုနှစ်မှာ ရုရှား ကျူးကျော်ခဲ့စဉ်က အမေရိကန်ရဲ့ အရေးယူခဲ့တာထက် ပိုပြီး ပြင်းထန် မြန်ဆန်တဲ့ စီးပွားရေး အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန် ပြည်ထောင်စုက အင်္ဂါနေ့မှာ သတိပေးလိုက်ပါတယ်။၂၀၁၄ ခုနှစ်တုန်းကလို မဟုတ်ဘဲ ပြင်းထန်တဲ့ အကျိုးဆက်တွေခံရမယ့် ဒဏ်ခတ်မှုကို ချမှတ်ဖို့ ပြင်ဆင်နေကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတဦးက ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အရင်ကလို တဖြည်းဖြည်းချင်း ပြောင်းလဲရေးဆိုတာ မရှိတော့ဘဲ အခုအခါမှာတော့ အစကတည်းက အပြင်းထန်ဆုံး ဆောင်ရွက်ပြီး အဲဒီအခြေအနေတိုင်း ဆက်လက်ထားရှိမှာ ဖြစ်ကြောင်း သူကပြောပါတယ်။ ရုရှား သမ္မတ Vladimir Putin က ယူကရိန်းကို ကျူးကျော်ရင်တော့ သူ့ အပေါ်မှာ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သူကိုယ်တိုင် ချမှတ်သွားနိုင်တယ်လို့လည်း အမေရိကန် သမ္မတ Joe Biden က သတင်းထောက်တွေကို နောက်ပိုင်းမှာ ပြောဆိုခဲ့တာပါ။

ရုရှား စီးပွားရေးကို တုံ့ဆိုင်းသွားစေရေးအတွက် ပို့ိကုန်ထိန်းချုပ်မှုသစ်တွေ ချမှတ်ရေးအတွက်လည်း အမေရိကန်က ပြင်ဆင်ထားကြောင်း အမည်မဖော်တဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူက ပြောပါတယ်။

ရုရှားဘက်က ခရိုင်းမီးယားကို သိမ်းပိုက်ပြီးနောက်မှာ အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားအပေါ်မှာ သိပ်ပြီး မပြင်းထန်လှတဲ့ စီးပွားရေး ဒဏ်ခတ်မှုချမှတ်ခဲ့ပြီး ထိရောက်မှုမရှိခဲ့သလို ခရိုင်းမီးယား ကျွန်းဆွယ်ဟာလည်း ရုရှားတို့ ထိန်းချုပ်မှုအောက်မှာ ဆက်ပြီး ရှိနေပါတယ်။

တကယ်လို့ ရုရှားသမ္မတ Putin ဘက်က အနောက် ဥရောပကို သဘာ၀ ဓာတ်ငွေ့ တင်ပို့မှု ဖြတ်တောက်ခဲ့ရင် လောင်စာဆီ ထောက်ပံ့နိုင်ရေး အတွက် အမေရိကန်က ကမ ္ဘာတလွှားက စွမ်းအင်ထုတ်လုပ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာ အရာရှိ တဦးက ပြောပါတယ်။

XS
SM
MD
LG