သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားကိုပိတ္ဆို႔အေရးယူေရး မူၾကမ္း ၿဗိတိန္ျပင္ဆင္


႐ုရွားေတာင္ပုိင္းမွာ စစ္ေရးေလ့က်င့္ေနတဲ့ ႐ုရွားတပ္ဖြဲ႔ဝင္မ်ား။ (ဇန္နဝါရီ ၁၃၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏုိင္ငံအေပၚ ႐ုရွားက ရန္လိုေနတဲ့လုပ္ရပ္ေတြ ဟန္႔တားႏုိင္ေအာင္ ရည္ရြယ္ၿပီး ႐ုရွားအေပၚ ပိတ္ဆို႔ဒဏ္ခတ္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ခ်မွတ္ႏုိင္မယ့္ မူၾကမ္းတရပ္ကို ၿဗိတိန္ႏုိင္ငံက ဒီသီတင္းပတ္ထဲ ထုတ္ျပန္ဖို႔ရွိပါတယ္။

ဒီျပ႒ာန္းခ်က္အရ ၿဗိတိန္ရဲ႕ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကေန ဘယ္သူမွ ကင္းလြတ္မွာမဟုတ္ဘူးလို႔ ၿဗိတိန္ႏုိင္ငံျခားေရးဝန္ႀကီး Liz Truss က ၿဗိတိန္ Sky သတင္းဌာနကို ဒီကေန႔ တနဂၤေႏြေန႔မွာ ေျပာပါတယ္။

႐ုရွားအစိုးရအေပၚ အေထာက္အကူျဖစ္ေစတဲ့ ဘယ္ကုမၸဏီမ်ိဳးကိုမဆို ပစ္မွတ္ထားၿပီး ဒဏ္ခတ္မွာျဖစ္တဲ့အတြက္ ႐ုရွားသမၼတ Vladimir Putin ရဲ႕ အစိုးရအဖြဲ႔ဝင္ေတြ ေရွာင္ပုန္းေနလို႔ မရေတာ့ဘူးလို႔လည္း ဝန္ႀကီး Truss က ေျပာပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကလည္း ယူကရိန္းကို ႐ုရွားတို႔ က်ဴးေက်ာ္မယ္ဆိုရင္ေတာ့ ေနတိုးတပ္ဖြဲ႔ေတြဘက္က အားျဖည့္ကူညီသြားမယ္လို႔ လတ္တေလာ ေျပာဆိုထားတာပါ။

ယူကရိန္း-႐ုရွားနယ္စပ္ ေျမာက္ဘက္၊ အေရွ႕ဘက္နဲ႔ ေတာင္ဘက္တဝုိက္ ႐ုရွားတပ္ဖြဲ႔ဝင္ ၁ သိန္းေလာက္ တပ္စြဲထားပါတယ္။ ယူကရိန္းကို က်ဴးေက်ာ္ဖို႔ လုပ္ေနတာ မဟုတ္ဘူးလို႔ ႐ုရွားက ျငင္းဆိုေနသလို တကယ္တမ္း ရန္လိုေနတာက သူမဟုတ္ဘဲ ရန္လိုျခင္းကိုသာ ႀကဳံေနရတယ္ဆိုတာ အေနာက္ႏုိင္ငံေတြရဲ႕ လုပ္ရပ္က သက္ေသပါလို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရုရှားကိုပိတ်ဆို့အရေးယူရေး မူကြမ်း ဗြိတိန်ပြင်ဆင်

ယူကရိန်းနိုင်ငံအပေါ် ရုရှားက ရန်လိုနေတဲ့လုပ်ရပ်တွေ ဟန့်တားနိုင်အောင် ရည်ရွယ်ပြီး ရုရှားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်နိုင်မယ့် မူကြမ်းတရပ်ကို ဗြိတိန်နိုင်ငံက ဒီသီတင်းပတ်ထဲ ထုတ်ပြန်ဖို့ရှိပါတယ်။

ဒီပြဋ္ဌာန်းချက်အရ ဗြိတိန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ဘယ်သူမှ ကင်းလွတ်မှာမဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss က ဗြိတိန် Sky သတင်းဌာနကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရုရှားအစိုးရအပေါ် အထောက်အကူဖြစ်စေတဲ့ ဘယ်ကုမ္ပဏီမျိုးကိုမဆို ပစ်မှတ်ထားပြီး ဒဏ်ခတ်မှာဖြစ်တဲ့အတွက် ရုရှားသမ္မတ Vladimir Putin ရဲ့ အစိုးရအဖွဲ့ဝင်တွေ ရှောင်ပုန်းနေလို့ မရတော့ဘူးလို့လည်း ဝန်ကြီး Truss က ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း ယူကရိန်းကို ရုရှားတို့ ကျူးကျော်မယ်ဆိုရင်တော့ နေတိုးတပ်ဖွဲ့တွေဘက်က အားဖြည့်ကူညီသွားမယ်လို့ လတ်တလော ပြောဆိုထားတာပါ။

ယူကရိန်း-ရုရှားနယ်စပ် မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက်တဝိုက် ရုရှားတပ်ဖွဲ့ဝင် ၁ သိန်းလောက် တပ်စွဲထားပါတယ်။ ယူကရိန်းကို ကျူးကျော်ဖို့ လုပ်နေတာ မဟုတ်ဘူးလို့ ရုရှားက ငြင်းဆိုနေသလို တကယ်တမ်း ရန်လိုနေတာက သူမဟုတ်ဘဲ ရန်လိုခြင်းကိုသာ ကြုံနေရတယ်ဆိုတာ အနောက်နိုင်ငံတွေရဲ့ လုပ်ရပ်က သက်သေပါလို့လည်း ပြောပါတယ်။

XS
SM
MD
LG