သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကို က်ဴးေက်ာ္တဲ့ ႐ုရွား အထိနာေအာင္ ဒဏ္ခတ္မည္ (သမၼတ Biden)


ယူကရိန္းကို ႐ုရွား က်ဴးေက်ာ္တဲ့ကိစၥ ဝါရွင္တန္ဒီစီမွာ မိန္႔ခြန္းေျပာေနတဲ့ အေမရိကန္သမၼတ Joe Biden ( 24th FEB 2022 )

[[ ZAWGYI / UNICODE ]]

ယူကရိန္းကို က်ဴးေက်ာ္တဲ့ ႐ုရွား အထိနာေအာင္ ဒဏ္ခတ္မည္ (သမၼတ Biden)

႐ုရွားသမၼတ Vladimir Putin ရဲ႕ ယူကရိန္းအေပၚ က်ဳးေက်ာ္မႈကုိ တုံ႔ျပန္တဲ့အေနနဲ႔ ႐ုရွားႏုိင္ငံ စီးပြားေရး အထိနာေစမယ့္ ပိတ္ဆုိ႔ဒဏ္ခတ္မႈေတြ ထပ္မံခ်မွတ္သြားမွာျဖစ္ေၾကာင္း အေမရိကန္သမၼတ Joe Biden က ေျပာလုိက္ပါတယ္။

“ပူတင္ဟာ ရန္လုိတဲ့သူ ျဖစ္ပါတယ္။ ဒီစစ္ပဲြကုိလည္း ပူတင္က ေရြးခ်ယ္ခဲ့တာပါ၊ အခုအခါ သူနဲ႔ သူ႔တုိင္းျပည္ဟာ ေနာက္ဆက္တဲြ အက်ဳိးဆက္ေတြနဲ႔ ရင္ဆုိင္ၾကရေတာ့မွာ ျဖစ္ပါတယ္။” လုိ႔ သမၼတဘုိင္ဒင္ ၾကာသေတးေန႔က အိမ္ျဖဴေတာ္မွာ ေျပာၾကားသြားတာပါ။

အေမရိကန္ရဲ႕ ဒဏ္ခတ္မႈအသစ္ေတြဟာ ႐ုရွားဘဏ္လုပ္ငန္းေတြ၊ အစုိးရနဲ႔နီးစပ္သူေတြ အဆင့္ျမင့္နည္းပညာ က႑ေတြကုိ ပစ္မွတ္ထားမွာ ျဖစ္ပါတယ္။ ၾကာသပေတးေန႔က က်ဳးေက်ာ္တုိက္ခုိက္မႈေတြနဲ႔အတူ ႐ုရွားဟာ အိမ္နီးခ်င္း ယူကရိန္းႏုိင္ငံက အစုိးရကုိ ျဖဳတ္ခ်ဖုိ႔ နည္းလမ္းေပါင္းစုံနဲ႔ ရည္မွန္းထားေၾကာင္းလည္း အေမရိကန္ ကာကြယ္ေရး၀န္ႀကီးဌာန တာ၀န္ရွိသူတဦးက ေျပာဆုိထားပါတယ္။ အင္အားအလုံးအရင္းနဲ႔ က်ဳးေက်ာ္တုိက္ခုိက္မႈေတြနဲ႔အတူ Kyiv ၿမိဳ႕ေတာ္ကုိ ဦးတည္လာတာေတြ႔ရေၾကာင္းလည္း ၾကာသပေတးေန႔ အေစာပုိင္းမွာ သတင္းေထာက္ေတြကုိ ေျပာခဲ့တာပါ။

႐ုရွားရဲ႕ ကနဦးစစ္ဆင္ေရးမွာ တာတုိပစ္ ပဲ့ထိန္းတပ္ မစ္ဇုိင္းဒုံး ၁၀၀ ေက်ာ္အျပင္၊ တာလတ္ပစ္ ပဲ့ထိန္းတပ္မစ္ဇုိင္းဒုံးေတြ၊ ခ႐ုဇ္မစ္ဇုိင္းဒုံးေတြ၊ ေျမျပင္က ေ၀ဟင္ပစ္ မစ္ဇုိင္းဒုံးေတြ ပါ၀င္ေၾကာင္းလည္း ေျပာပါတယ္။ ေလယာဥ္ကြင္းေတြ၊ စစ္တန္းလ်ားေတြ၊ ကုန္ေလွာင္႐ုံေတြ အပါအ၀င္ ယူကရိန္း စစ္ဖက္ဆုိင္ရာ ေနရာေတြကုိ မစ္ဇုိင္းဒုံးေတြနဲ႔ ပစ္မွတ္ထား တုိက္ခုိက္ခဲ့တယ္လုိ႔လည္း ေျပာပါတယ္။

ယူကရိန္းတပ္ဖဲြ႔ေတြဖက္က ခုခံတုိက္ခုိက္တဲ့ လကၡဏာတခ်ဳိ႕ ေတြ႔ရေၾကာင္းလည္း ေျပာပါတယ္။ ဥေရာပမွာ ဒုတိယကမာၻစစ္ေနာက္ပုိင္း အႀကီးဆုံးစစ္ဆင္ေရးအျဖစ္ ၾကာသပေတးေန႔က ယူကရိန္းအေရွ႕ပုိင္းက အျငင္းပြားေဒသေတြမွာရွိတဲ့ ယူကရိန္းတပ္ေတြကုိ စတင္တုိက္ခုိက္ခဲ့သလုိ၊ Kyiv ၿမိဳ႕ေတာ္ အပါအ၀င္ ၿမိဳ႕ႀကီးေတြကုိလည္း မစ္ဇုိင္းဒုံးေတြနဲ႔ ပစ္ခတ္ခဲ့တာပါ။

ၾကာသပေတးေန႔မွာပဲ ႐ုရွားႏုိင္ငံက ၿမိဳ႕ႀကီး ၅၀ ေလာက္မွာ စစ္ဆန္႔က်င္ေရး ဆႏၵျပပဲြေတြေပၚေပါက္ခဲ့ၿပီး ရဲတပ္ဖဲြ႔က လူ ၁၃၀၀ ေက်ာ္ကုိ ဖမ္းဆီးခဲ့ေၾကာင္းလည္း ႐ုရွားလူ႔အခြင့္အေရး လႈပ္ရွားမႈအဖဲြ႔ OVD-Info ကေျပာပါတယ္။ ယူကရိန္းကုိ စစ္ဆင္ေရး ေၾကညာခဲ့ၿပီးေနာက္ ေပၚေပါက္ခဲ့တဲ့ ဆႏၵျပပဲြေတြအတြင္း ဖမ္းဆီးခံရသူ အမ်ားစုဟာ ေမာ္စကုိၿမိဳ႕ေတာ္မွာ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

= = = = = = = =

{{ UNICODE }}

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှား အထိနာအောင် ဒဏ်ခတ်မည် (သမ္မတ Biden)

ရုရှားသမ္မတ Vladimir Putin ရဲ့ ယူကရိန်းအပေါ် ကျုးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံ စီးပွားရေး အထိနာစေမယ့် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံချမှတ်သွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောလိုက်ပါတယ်။

“ပူတင်ဟာ ရန်လိုတဲ့သူ ဖြစ်ပါတယ်။ ဒီစစ်ပွဲကိုလည်း ပူတင်က ရွေးချယ်ခဲ့တာပါ၊ အခုအခါ သူနဲ့ သူ့တိုင်းပြည်ဟာ နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။” လို့ သမ္မတဘိုင်ဒင် ကြာသတေးနေ့က အိမ်ဖြူတော်မှာ ပြောကြားသွားတာပါ။

အမေရိကန်ရဲ့ ဒဏ်ခတ်မှုအသစ်တွေဟာ ရုရှားဘဏ်လုပ်ငန်းတွေ၊ အစိုးရနဲ့နီးစပ်သူတွေ အဆင့်မြင့်နည်းပညာ ကဏ္ဍတွေကို ပစ်မှတ်ထားမှာ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ကျုးကျော်တိုက်ခိုက်မှုတွေနဲ့အတူ ရုရှားဟာ အိမ်နီးချင်း ယူကရိန်းနိုင်ငံက အစိုးရကို ဖြုတ်ချဖို့ နည်းလမ်းပေါင်းစုံနဲ့ ရည်မှန်းထားကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုထားပါတယ်။ အင်အားအလုံးအရင်းနဲ့ ကျုးကျော်တိုက်ခိုက်မှုတွေနဲ့အတူ Kyiv မြို့တော်ကို ဦးတည်လာတာတွေ့ရကြောင်းလည်း ကြာသပတေးနေ့ အစောပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရုရှားရဲ့ ကနဦးစစ်ဆင်ရေးမှာ တာတိုပစ် ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၁၀၀ ကျော်အပြင်၊ တာလတ်ပစ် ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေ၊ ခရုဇ်မစ်ဇိုင်းဒုံးတွေ၊ မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးတွေ ပါဝင်ကြောင်းလည်း ပြောပါတယ်။ လေယာဉ်ကွင်းတွေ၊ စစ်တန်းလျားတွေ၊ ကုန်လှောင်ရုံတွေ အပါအဝင် ယူကရိန်း စစ်ဖက်ဆိုင်ရာ နေရာတွေကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဖက်က ခုခံတိုက်ခိုက်တဲ့ လက္ခဏာတချို့ တွေ့ရကြောင်းလည်း ပြောပါတယ်။ ဥရောပမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးဆုံးစစ်ဆင်ရေးအဖြစ် ကြာသပတေးနေ့က ယူကရိန်းအရှေ့ပိုင်းက အငြင်းပွားဒေသတွေမှာရှိတဲ့ ယူကရိန်းတပ်တွေကို စတင်တိုက်ခိုက်ခဲ့သလို၊ Kyiv မြို့တော် အပါအဝင် မြို့ကြီးတွေကိုလည်း မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာပါ။

ကြာသပတေးနေ့မှာပဲ ရုရှားနိုင်ငံက မြို့ကြီး ၅၀ လောက်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီး ရဲတပ်ဖွဲ့က လူ ၁၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်းလည်း ရုရှားလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ OVD-Info ကပြောပါတယ်။ ယူကရိန်းကို စစ်ဆင်ရေး ကြေညာခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ အများစုဟာ မော်စကိုမြို့တော်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG