သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း-ရုရှားအရေး ကုလလုံခြုံရေးကောင်စီအရေးပေါ်စည်းဝေး


ယူကရိန်းအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး (ဖေဖေါ်ဝါရီ ၂၁၊၂၀၂၂)  
ယူကရိန်းအရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး (ဖေဖေါ်ဝါရီ ၂၁၊၂၀၂၂)  

[[Zawgyi/Unicode]]

ယူကရိန်းကခွဲထွက်သွားတဲ့ ပြည်နယ် နှစ်နယ်ကို သီးခြားနိုင်ငံအဖြစ်အသိအမှတ်ပြု‌ကြောင်း ရုရှားသမ္မတပူတင်က လက်မှတ်ထိုးပြီးတဲ့နောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္လာနေ့ညမှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။

Donetsk နဲ့ Luhansk ပြည်နယ်တွေက သီးခြားနိုင်ငံတွေအဖြစ်ခွဲထွက်တာကို ခုလို ရုရှားက အသိအမှတ်ပြုလိုက်တာ ဟာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေးကို တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန်သံအမတ်ကြီးက လုံခြုံရေးကောင်စီကို ပြောပါတယ်။

ဒါဟာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံဖြစ်တဲ့ ယူကရိန်းကိုတိုက်ခိုက်တာ ဖြစ်ပါတယ်။ နိုင်ငံတကာဥပဒေရဲ့ အခြေခံ မူကို ချိုးဖောက်တာ ဖြစ်တယ်။ ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ဖီဆန်တာဖြစ်တယ်။ ဒါ့ထက်ပိုတာကတော့ ယူကရိန်းကို ဆက်လက်ကျူးကျော်နိုင်ဖို့ အကြောင်းတရပ်ကို ရုရှားကဖန်တီးနေရာမှာ ဆင်ခြေအကြောင်းတရပ်ဖြစ်တယ် ဆိုတာ ရှင်းပါတယ်” လို့ သံအမတ်ကြီး Linda Thomas-Greenfield က ဆိုပါတယ်။

ရုရှားသံအမတ်ကြီး Vassily Nebenzia ကတော့ အမေရိကန်နဲ့ အနောက်နိုင်ငံ မဟာမိတ်တွေဟာ ယူကရိန်းကို စိတ်ဆိုးအမျက်ထွက် လက်နက်ကိုင်လာအောင် တွန်းပို့ပေးနေတာ ဖြစ်တယ်လို့ လုံခြုံရေးကောင်စီကို ပြောပါတယ်။ ရုရှားသမ္မတပူတင်က ရုရှားတပ်တွေကို ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်တွေအဖြစ် ယူကရိန်းကနေ ခွဲထွက်လာတဲ့ ပြည်နယ် ၂ နယ်ထဲကို စေလွှတ်မှာ ဖြစ်ပါတယ်လို့လည်း ရုရှားသံအမတ်ကြီးက ပြောပါတယ်။

ယူရကိန်းသမ္မတ Volodymyr Zelenskiy ကတော့ ဒီကနေ့မနက်အစောကြီး တိုင်းပြည်ကို စကားပြောကြားရာမှာ “ဘယ်သူ့ကို ဘာမှ ကျနော်တို့ ပေးလိမ့်မယ် မဟုတ်ဘူး” လို့ ပြောကြားသွားပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်တုန်းက ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ကျူးကျော်ဝင်ရောက်ပြီး သူပိုင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

===========
[[Unicode]]








===================

XS
SM
MD
LG