သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္စပ္ စစ္ေရးေလ့က်င္႔မႈ ႐ုရွားဆက္လုပ္


ဘယ္လာ႐ုစ္မွာ ျပဳလုပ္ေနတဲ့ ႐ုရွား-ဘယ္လာ႐ုစ္ ပူးတြဲ စစ္ေရးေလ့က်င့္မႈျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းအေရွ႕ဘက္မွာ ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြနဲ႔ ယူကရိန္းစစ္တပ္ၾကား ပစ္ခတ္မႈေတြ ၂ ရက္ဆက္ ျဖစ္ပြားခဲ့တဲ့ေနာက္ ႐ုရွားက ယူကရိန္းရဲ႕ ေျမာက္ဘက္နယ္စပ္တေလွ်ာက္ ဘယ္လ္လာ႐ုစ္ႏိုင္ငံထဲမွာ သူ႔ရဲ႕ စစ္ေရးေလ့က်င့္မႈေတြကို တနဂၤေႏြေန႔အထိ ဆက္လက္ လုပ္ေဆာင္ခဲ့ပါတယ္။

ယူကရိန္းနယ္စပ္တေလွ်ာက္ တပ္အင္အား ၁ သိန္းခြဲေလာက္ ခ်ထားၿပီး ယူကရိန္းေတာင္ဘက္ ပင္လယ္နက္ထဲမွာ ေရေၾကာင္းစစ္ေရးေလ့က်င့္မႈေတြ လုပ္ေနခ်ိန္မွာပဲ ယူကရိန္းေျမာက္ဘက္ ဘယ္လ္လာ႐ုစ္ထဲမွာ ႐ုရွားသမၼတ Vladimir Putin က စစ္ေရးေလ့က်င့္မႈကို အခ်ိန္တိုးျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ခုသီတင္းပတ္ေတြအတြင္း ႐ုရွားက တပ္အင္အား ခ်က္ခ်င္းတိုးခ်ခဲ့သလို ယူကရိန္း ကာကြယ္ေရးဝန္ႀကီးဌာနနဲ႔ ပင္မဘဏ္ႀကီးေတြအေပၚ ဆိုက္ဘာတိုက္ခိုက္မႈေတြ လုပ္ခဲ့တာျဖစ္ၿပီး အခု ယူကရိန္းအေရွ႕ပိုင္းမွာ ျဖစ္ပြားတဲ့ တိုက္ပြဲေတြကေန ယူကရိန္းစစ္သား ၂ ဦး ေသဆံုးခဲ့ရတာကို ၾကည့္ရင္ ႐ုရွားဟာ စစ္ပြဲႀကီး စတင္ဖို႔အတြက္ သူစီစဥ္ထားတဲ့အတိုင္း လုပ္ေတာ့မယ္ဆိုတာ ျပေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က တနဂၤေႏြေန႔ CNN အစီအစဥ္မွာ ေျပာခဲ့တာပါ။ အားလံုးဟာ ယူကရိန္းကို ဝင္တိုက္ဖို႔ လုပ္ေနၿပီဆိုတာ ျပသေနတယ္လို႔ ေျပာပါတယ္။

ယူကရိန္းအေရွ႕ပိုင္းက ခြဲထြက္ေရးသမားေတြကေတာ့ ယူကရိန္းတပ္ေတြဟာ သူတို႔ကို တိုက္ဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ယူကရိန္းအစိုးရကေတာ့ ဒါကို ျငင္းဆိုပါတယ္။

ယူကရိန္းကို ႐ုရွားဝင္တိုက္ရင္ လွ်င္ျမန္ျပင္းထန္တဲ့ စီးပြားေရးဒဏ္ခတ္မႈေတြ ခ်မွတ္မယ္လို႔ ကတိေပးထားတဲ့အတိုင္း အေမရိကန္နဲ႔ အေနာက္မဟာမိတ္ေတြ ဘာေၾကာင့္ မလုပ္ၾကေသးတာလဲလို႔လည္း ဂ်ာမနီႏိုင္ငံ ျမဴးနစ္က လံုၿခံဳေရးညီလာခံမွာ ယူကရိန္းသမၼတ Volodymyr Zelenskiy က ေမးခြန္းထုတ္ခဲ့တာပါ။

ဝန္ႀကီး Blinken ကေတာ့ အခုလို ဒဏ္ခတ္မႈ ခ်မွတ္လိုက္တာနဲ႔ ယူကရိန္းကို ဝင္မတိုက္ေအာင္ ကာကြယ္ဖို႔ ႀကိဳးစားမႈေတြ ပ်က္သြားႏိုင္ေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ႐ုရွားဘက္က တင့္ကားေတြ တက္လာၿပီး မစ္ဇုိင္းဒံုးေတြ ပစ္ၿပီဆိုတာနဲ႔ ႐ုရွားသမၼတ ဆံုးျဖတ္ထားတာေတြ မလုပ္ႏိုင္ေအာင္ အေနာက္ႏိုင္ငံ ေခါင္းေဆာင္ေတြဘက္က နည္းအားလံုးနဲ႔ တုံ႔ျပန္ဖို႔ရွိေၾကာင္းနဲ႔ အခုအခ်ိန္မွာ သမၼတ Putin က လွည့္ျဖားေနတာသာျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ယူကရိန်းနယ်စပ် စစ်ရေးလေ့ကျင့်မှု ရုရှားဆက်လုပ်

ယူကရိန်းအရှေ့ဘက်မှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်ကြား ပစ်ခတ်မှုတွေ ၂ ရက်ဆက် ဖြစ်ပွားခဲ့တဲ့နောက် ရုရှားက ယူကရိန်းရဲ့ မြောက်ဘက်နယ်စပ်တလျှောက် ဘယ်လ်လာရုစ်နိုင်ငံထဲမှာ သူ့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တနင်္ဂနွေနေ့အထိ ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။

ယူကရိန်းနယ်စပ်တလျှောက် တပ်အင်အား ၁ သိန်းခွဲလောက် ချထားပြီး ယူကရိန်းတောင်ဘက် ပင်လယ်နက်ထဲမှာ ရေကြောင်းစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေချိန်မှာပဲ ယူကရိန်းမြောက်ဘက် ဘယ်လ်လာရုစ်ထဲမှာ ရုရှားသမ္မတ Vladimir Putin က စစ်ရေးလေ့ကျင့်မှုကို အချိန်တိုးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ခုသီတင်းပတ်တွေအတွင်း ရုရှားက တပ်အင်အား ချက်ချင်းတိုးချခဲ့သလို ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပင်မဘဏ်ကြီးတွေအပေါ် ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တာဖြစ်ပြီး အခု ယူကရိန်းအရှေ့ပိုင်းမှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကနေ ယူကရိန်းစစ်သား ၂ ဦး သေဆုံးခဲ့ရတာကို ကြည့်ရင် ရုရှားဟာ စစ်ပွဲကြီး စတင်ဖို့အတွက် သူစီစဉ်ထားတဲ့အတိုင်း လုပ်တော့မယ်ဆိုတာ ပြနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့ CNN အစီအစဉ်မှာ ပြောခဲ့တာပါ။ အားလုံးဟာ ယူကရိန်းကို ဝင်တိုက်ဖို့ လုပ်နေပြီဆိုတာ ပြသနေတယ်လို့ ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေကတော့ ယူကရိန်းတပ်တွေဟာ သူတို့ကို တိုက်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ယူကရိန်းအစိုးရကတော့ ဒါကို ငြင်းဆိုပါတယ်။

ယူကရိန်းကို ရုရှားဝင်တိုက်ရင် လျှင်မြန်ပြင်းထန်တဲ့ စီးပွားရေးဒဏ်ခတ်မှုတွေ ချမှတ်မယ်လို့ ကတိပေးထားတဲ့အတိုင်း အမေရိကန်နဲ့ အနောက်မဟာမိတ်တွေ ဘာကြောင့် မလုပ်ကြသေးတာလဲလို့လည်း ဂျာမနီနိုင်ငံ မြူးနစ်က လုံခြုံရေးညီလာခံမှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy က မေးခွန်းထုတ်ခဲ့တာပါ။

ဝန်ကြီး Blinken ကတော့ အခုလို ဒဏ်ခတ်မှု ချမှတ်လိုက်တာနဲ့ ယူကရိန်းကို ဝင်မတိုက်အောင် ကာကွယ်ဖို့ ကြိုးစားမှုတွေ ပျက်သွားနိုင်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ရုရှားဘက်က တင့်ကားတွေ တက်လာပြီး မစ်ဇိုင်းဒုံးတွေ ပစ်ပြီဆိုတာနဲ့ ရုရှားသမ္မတ ဆုံးဖြတ်ထားတာတွေ မလုပ်နိုင်အောင် အနောက်နိုင်ငံ ခေါင်းဆောင်တွေဘက်က နည်းအားလုံးနဲ့ တုံ့ပြန်ဖို့ရှိကြောင်းနဲ့ အခုအချိန်မှာ သမ္မတ Putin က လှည့်ဖြားနေတာသာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

XS
SM
MD
LG