သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းအေရွ႕ပိုင္း အပစ္ရပ္ေရး ႐ုရွား-ျပင္သစ္ သေဘာတူညီမႈ ရရွိ


၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလဆန္းပုိင္းက ေမာ္စကုိၿမိဳ႕မွာ ေတြ႔ဆုံခဲ့တဲ့ ျပင္သစ္သမၼတ Emmanuel Macron (ဝဲ) နဲ႔ ႐ုရွားသမၼတ Vladimir Putin. (ေဖေဖာ္ဝါရီ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းအေရွ႕ပိုင္းမွာ အပစ္အခတ္ရပ္စဲေရး လုပ္ေဆာင္ဖို႔ ျပင္သစ္သမၼတ Emmanuel Macron နဲ႔ ႐ုရွားသမၼတ Vladimir Putin တို႔ တနဂၤေႏြေန႔မွာ သေဘာတူညီမႈ ရခဲ့တယ္လို႔ ျပင္သစ္သမၼတနန္းေတာ္က ေျပာပါတယ္။

ေခါင္းေဆာင္ ၂ ဦးဟာ ၁၀၅ မိနစ္ၾကာ တယ္လီဖုန္း ဆက္သြယ္ေျပာၾကားခဲ့တာျဖစ္ၿပီး လက္ရွိျဖစ္ပြားေနတဲ့ ျပႆနာအတြက္ သံတမန္ေရး နည္းလမ္းနဲ႔ပဲ အေျဖရွာဖို႔ လိုအပ္ေၾကာင္း ျပင္သစ္သမၼတနန္းေတာ္က သတင္းထုတ္ျပန္တာပါ။ ဒါ့အျပင္ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီး Jean-Yves Le Drian နဲ႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov တို႔ဟာလည္း မၾကာခင္ရက္ပိုင္းအတြင္း ေတြ႔ဆံုေဆြးေႏြးဖို႔ ရွိေၾကာင္းလည္း ေျပာပါတယ္။ ေနာက္ပိုင္းမွာေတာ့ ႐ုရွားသတင္းဌာနေတြကလည္း တနလၤာေန႔မွာ ဝန္ႀကီး ၂ ဦး ေဆြးေႏြးဖို႔ရွိေၾကာင္း ေဖာ္ျပၾကပါတယ္။

ယူကရိန္းအေရွ႕ပိုင္းက ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြနဲ႔ ယူကရိန္းတပ္ေတြၾကား အပစ္အခတ္ရပ္စဲေရးကို သက္ဆိုင္တဲ့ အဖြဲ႔အစည္းအားလံုးက လုပ္ေဆာင္လာဖို႔ ယူကရိန္း၊ ႐ုရွားနဲ႔ OSCE တို႔ပါဝင္တဲ့ သံုးပြင့္ဆိုင္အဖြဲ႔ ျဖစ္လာေရးကို အျပင္းအထန္ လုပ္ေဆာင္မွာျဖစ္ေၾကာင္း သမၼတ ၂ ဦးစလံုးက ေျပာၾကားခဲ့ၿပီး လာမယ့္ ရက္ပိုင္းေတြအတြင္း သံတမန္ေရးနည္းလမ္းကို နက္နက္႐ႈိင္း႐ႈိင္းျပဳလုပ္ဖို႔ ရွိေၾကာင္း ျပင္သစ္သမၼတ႐ုံးက ေျပာပါတယ္။

ဒါ့အျပင္ ႐ုရွား၊ ယူကရိန္း၊ ျပင္သစ္နဲ႔ ဂ်ာမနီတို႔ၾကား ရထားတဲ့ ယူကရိန္းအေရွ႕ပိုင္းေဒသ အပစ္အခတ္ရပ္စဲေရး ေတာင္းဆိုတဲ့ ၂၀၁၄ Minsk သေဘာတူညီခ်က္ကို ျပန္လည္အေကာင္ထည္ေဖာ္သင့္ေၾကာင္း ေခါင္းေဆာင္ ၂ ဦးက သေဘာတူခဲ့ေၾကာင္းလည္း ေျပာပါတယ္။ ဥေရာပေဒသတြင္း လံုၿခံဳေရးနဲ႔ ၿငိမ္းခ်မ္းေရး ရလာေစဖို႔ ရည္ရြယ္တဲ့ အဆင့္ျမင့္ေဆြးေႏြးပြဲေတြ ျဖစ္လာေအာင္ လုပ္ေဆာင္ဖို႔လည္း သေဘာတူခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ယူကရိန္းအေရးနဲ႔ ပတ္သက္ၿပီး သမၼတ Macron ဟာ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz၊ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ပါ ေဆြးေႏြးတိုင္ပင္ေနတယ္လို႔လည္း ေျပာပါတယ္။

အခု တနဂၤေႏြေန႔ ဆက္သြယ္ေျပာၾကားရာမွာ သမၼတ Putin က သူဟာ ဘယ္လာ႐ုစ္က ႐ုရွားတပ္ေတြကို စစ္ေရးေလ့က်င့္မႈ ၿပီးတာနဲ႔ ျပန္႐ုပ္သိမ္းဖို႔ရွိေၾကာင္း သမၼတ Macron ကို ေျပာၾကားခဲ့တယ္လို႔လည္း ျပင္သစ္သမၼတနန္းေတာ္က ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေး ရုရှား-ပြင်သစ် သဘောတူညီမှု ရရှိ

ယူကရိန်းအရှေ့ပိုင်းမှာ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ဖို့ ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ရုရှားသမ္မတ Vladimir Putin တို့ တနင်္ဂနွေနေ့မှာ သဘောတူညီမှု ရခဲ့တယ်လို့ ပြင်သစ်သမ္မတနန်းတော်က ပြောပါတယ်။

ခေါင်းဆောင် ၂ ဦးဟာ ၁၀၅ မိနစ်ကြာ တယ်လီဖုန်း ဆက်သွယ်ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာအတွက် သံတမန်ရေး နည်းလမ်းနဲ့ပဲ အဖြေရှာဖို့ လိုအပ်ကြောင်း ပြင်သစ်သမ္မတနန်းတော်က သတင်းထုတ်ပြန်တာပါ။ ဒါ့အပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves Le Drian နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့ဟာလည်း မကြာခင်ရက်ပိုင်းအတွင်း တွေ့ဆုံဆွေးနွေးဖို့ ရှိကြောင်းလည်း ပြောပါတယ်။ နောက်ပိုင်းမှာတော့ ရုရှားသတင်းဌာနတွေကလည်း တနင်္လာနေ့မှာ ဝန်ကြီး ၂ ဦး ဆွေးနွေးဖို့ရှိကြောင်း ဖော်ပြကြပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းတပ်တွေကြား အပစ်အခတ်ရပ်စဲရေးကို သက်ဆိုင်တဲ့ အဖွဲ့အစည်းအားလုံးက လုပ်ဆောင်လာဖို့ ယူကရိန်း၊ ရုရှားနဲ့ OSCE တို့ပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့ ဖြစ်လာရေးကို အပြင်းအထန် လုပ်ဆောင်မှာဖြစ်ကြောင်း သမ္မတ ၂ ဦးစလုံးက ပြောကြားခဲ့ပြီး လာမယ့် ရက်ပိုင်းတွေအတွင်း သံတမန်ရေးနည်းလမ်းကို နက်နက်ရှိုင်းရှိုင်းပြုလုပ်ဖို့ ရှိကြောင်း ပြင်သစ်သမ္မတရုံးက ပြောပါတယ်။

ဒါ့အပြင် ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီတို့ကြား ရထားတဲ့ ယူကရိန်းအရှေ့ပိုင်းဒေသ အပစ်အခတ်ရပ်စဲရေး တောင်းဆိုတဲ့ ၂၀၁၄ Minsk သဘောတူညီချက်ကို ပြန်လည်အကောင်ထည်ဖော်သင့်ကြောင်း ခေါင်းဆောင် ၂ ဦးက သဘောတူခဲ့ကြောင်းလည်း ပြောပါတယ်။ ဥရောပဒေသတွင်း လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး ရလာစေဖို့ ရည်ရွယ်တဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေ ဖြစ်လာအောင် လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး သမ္မတ Macron ဟာ ဂျာမနီဝန်ကြီးချုပ် Olaf Scholz၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ပါ ဆွေးနွေးတိုင်ပင်နေတယ်လို့လည်း ပြောပါတယ်။

အခု တနင်္ဂနွေနေ့ ဆက်သွယ်ပြောကြားရာမှာ သမ္မတ Putin က သူဟာ ဘယ်လာရုစ်က ရုရှားတပ်တွေကို စစ်ရေးလေ့ကျင့်မှု ပြီးတာနဲ့ ပြန်ရုပ်သိမ်းဖို့ရှိကြောင်း သမ္မတ Macron ကို ပြောကြားခဲ့တယ်လို့လည်း ပြင်သစ်သမ္မတနန်းတော်က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG