(Zawgyi / Unicode)
႐ုရွားအေနနဲ႔ ယူကရိန္းနယ္စပ္ေတြ အနီးတဝိုက္ စစ္ေရးလုပ္ေဆာင္မႈေတြကို ေလွ်ာ့ခ်မယ့္ အေထာက္ထား မေတြ႔ရတဲ့အတြက္ အေျခေနဟာ အထူးစိုးရိမ္ရဆဲ ျဖစ္ေၾကာင္း G-7 ကမၻာ့အင္အားႀကီး ၇ ႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြက ေျပာၾကားလိုက္ပါတယ္။ ဂ်ာမနီႏိုင္ငံ ျမဴးနစ္က လံုၿခံဳေရးဆိုင္ရာညီလာခံမွာ G-7 ႏိုင္ငံျခားေရးဝန္ႀကီးေတြ စေနေန႔က သီးသန္႔ေတြ႔ဆံုၿပီး ယူကရိန္းအေရးကို ေဆြးေႏြးခဲ့ၾကအၿပီး အခုလို ေျပာဆိုလိုက္တာပါ။
႐ုရွားအေနနဲ႔ သံတမန္ေရးလမ္းေၾကာင္းကို ေရြးခ်ယ္ဖို႔၊ အေျခအေန တင္းမာေနတာကို ေလွ်ာ့ခ်ဖို႔၊ ယူကရိန္းနယ္စပ္နားမွာ ခ်ထားတဲ့ တပ္ေတြကို ျပန္႐ုပ္သိမ္းဖို႔နဲ႔ ႏိုင္ငံတကာ ကတိကဝတ္ေတြကို အျပည့္အဝလိုက္နာဖို႔ G-7 ႏိုင္ငံေတြက ေတာင္းဆိုေၾကာင္း အစည္းအေဝးအၿပီး ၿဗိတိန္ႏုိင္ငံျခားေရးဌာနက ပူးတြဲထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ပထမေျခလွမ္းအေနနဲ႔ ႐ုရွားက ယူကရိန္းနယ္စပ္တေက်ာက သူ႔စစ္အင္အားကို ေလွ်ာ့ခ်မယ္လို႔ ေၾကညာထားတာကို အေကာင္ထည္ေဖာ္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း၊ ဒါေပမယ့္ ဒီလိုေလွ်ာ့ခ်မယ့္ အေထာက္အထား ဘာမွ မေတြ႔ရဘူးလို႔ ေျပာပါတယ္။
ဂ်ာမနီႏိုင္ငံျခားေရးဝန္ႀကီး Annalena Baerbock ဦးေဆာင္တဲ့ အစည္းအေဝးကို အီးယူ ဥေရာပသမဂၢ ႏိုင္ငံျခားေရးရာ အႀကီးအကဲ Josep Borell နဲ႔အတူ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ အီတလီ၊ ကေနဒါနဲ႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးေတြ တက္ေရာက္ခဲ့ၾကတာ ျဖစ္ပါတယ္။ G-7 ႏိုင္ငံျခားေရးဝန္ႀကီးေတြ အေနနဲ႔ ယူကရိန္းအေရးနဲ႔ ပတ္သက္ၿပီး အနီးကပ္ ပူးေပါင္းေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းလည္း ဂ်ာမနီ ႏုိင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရက ေျပာပါတယ္။
--------------------------
(Unicode)
ယူကရိန်းအရေး ဂျာမနီနိုင်ငံ လုံခြုံရေးညီလာခံမှာ G-7 အဖွဲ့ဆွေးနွေး
ရုရှားအနေနဲ့ ယူကရိန်းနယ်စပ်တွေ အနီးတဝိုက် စစ်ရေးလုပ်ဆောင်မှုတွေကို လျှော့ချမယ့် အထောက်ထား မတွေ့ရတဲ့အတွက် အခြေနေဟာ အထူးစိုးရိမ်ရဆဲ ဖြစ်ကြောင်း G-7 ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။ ဂျာမနီနိုင်ငံ မြူးနစ်က လုံခြုံရေးဆိုင်ရာညီလာခံမှာ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ စနေနေ့က သီးသန့်တွေ့ဆုံပြီး ယူကရိန်းအရေးကို ဆွေးနွေးခဲ့ကြအပြီး အခုလို ပြောဆိုလိုက်တာပါ။
ရုရှားအနေနဲ့ သံတမန်ရေးလမ်းကြောင်းကို ရွေးချယ်ဖို့၊ အခြေအနေ တင်းမာနေတာကို လျှော့ချဖို့၊ ယူကရိန်းနယ်စပ်နားမှာ ချထားတဲ့ တပ်တွေကို ပြန်ရုပ်သိမ်းဖို့နဲ့ နိုင်ငံတကာ ကတိကဝတ်တွေကို အပြည့်အဝလိုက်နာဖို့ G-7 နိုင်ငံတွေက တောင်းဆိုကြောင်း အစည်းအဝေးအပြီး ဗြိတိန်နိုင်ငံခြားရေးဌာနက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပထမခြေလှမ်းအနေနဲ့ ရုရှားက ယူကရိန်းနယ်စပ်တကျောက သူ့စစ်အင်အားကို လျှော့ချမယ်လို့ ကြေညာထားတာကို အကောင်ထည်ဖော်မယ်လို့ မျှော်လင့်ထားကြောင်း၊ ဒါပေမယ့် ဒီလိုလျှော့ချမယ့် အထောက်အထား ဘာမှ မတွေ့ရဘူးလို့ ပြောပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock ဦးဆောင်တဲ့ အစည်းအဝေးကို အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ Josep Borell နဲ့အတူ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီ၊ ကနေဒါနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ G-7 နိုင်ငံခြားရေးဝန်ကြီးတွေ အနေနဲ့ ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။