သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

လစ္သူေယးနီးယားကို တပ္ဖဲြ႔ေတြထပ္ပို႔ဖို႔ ဂ်ာမနီ အဆင္သင့္


ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz. (ဇန္နဝါရီ ၂၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းနယ္စပ္မွာ ႐ုရွားက တပ္အင္အား တိုးျမႇင့္ခ်ထားေနတာကို တုံ႔ျပန္တဲ့အေနနဲ႔ NATO မဟာမိတ္ႏိုင္ငံေတြရဲ႕ အေရွ႕ဘက္တေၾကာမွာ တပ္အင္အားတိုးျမႇင့္ဖို႔ ဂ်ာမနီတပ္ေတြကို လစ္သူေယးနီးယားႏိုင္ငံမွာ တိုးခ်ဖို႔ရွိေၾကာင္း ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz က တနဂၤေႏြေန႔မွာ အခုလို ေျပာပါတယ္။

ဂ်ာမနီအေနနဲ႔ လစ္သူေယးနီးယားမွာ ဂ်ာမနီဦးေဆာင္တဲ့ တိုက္ခိုက္ေရးတပ္နဲ႔ အင္အားျဖည့္တင္းဖို႔ အသင့္ရွိေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ေတြ႔ဆံုဖို႔ ဝါရွင္တန္ကို ေလယာဥ္နဲ႔ မလာခင္ကေလးမွာတင္ ဂ်ာမနီဝန္ႀကီးခ်ဳပ္က ARD သတင္းဌာနကို ေျပာပါတယ္။ ဒါ့အျပင္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ေဘာလတစ္ပင္လယ္ေကြ႔ေဒသ ၃ ႏိုင္ငံ ေခါင္းေဆာင္ေတြ ေဖေဖာ္ဝါရီ ၁၀ ရက္ ၾကာသပေတးေန႔ ဘာလင္ကို လာေရာက္တဲ့အခါ ေဆြးေႏြးမွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

NATO မဟာမိတ္တပ္အင္အားကို တိုးျမႇင့္ဖို႔ အေမရိကန္က ေနာက္ထပ္ တပ္သား ၃,၀၀၀ ပိုလန္နဲ႔ ႐ိုေမးနီးယားမွာ တိုးျမႇင့္ခ်ထားဖို႔ အေမရိကန္သမၼတက အမိန္႔ခ်ထားတာပါ။

၂၀၁၄ ယူကရိန္းက ခ႐ုိင္းမီးယားေဒသကို ႐ုရွား က်ဴးေက်ာ္သိမ္းပိုက္စဥ္က ပိုလန္၊ လစ္သူေယးနီးယား၊ လစ္ဗီးယားနဲ႔ အက္စတုိးနီးယားႏုိင္ငံေတြမွာ NATO က စုစုေပါင္း တိုက္ခိုက္ေရး တပ္အင္အား ၅,၀၀၀ ေလာက္ ခ်ထားေပးခဲ့တာ ျဖစ္ပါတယ္။ ဒီ NATO ရဲ႕ တိုက္ခိုက္ေရးတပ္ေတြကို အေမရိကန္၊ ဂ်ာမနီ၊ ကေနဒါနဲ႔ ၿဗိတိန္တို႔က ဦးေဆာင္ခဲ့တာ ျဖစ္ပါတယ္။

အေနာက္ႏုိင္ငံေတြနဲ႔ ႐ုရွားတို႔ၾကား တင္းမာမႈ အေျခေနေတြဟာ ႏွစ္ဖက္ ေဆြးေႏြးပြဲေတြ ပိုလုပ္လာတာနဲ႔အမွ် တိုးတက္မႈရွိလာတာ သူေတြ႔ခဲ့ရတယ္လို႔လည္း ဂ်ာမနီဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

လစ်သူယေးနီးယားကို တပ်ဖွဲ့တွေထပ်ပို့ဖို့ ဂျာမနီ အဆင်သင့်

ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်အင်အား တိုးမြှင့်ချထားနေတာကို တုံ့ပြန်တဲ့အနေနဲ့ NATO မဟာမိတ်နိုင်ငံတွေရဲ့ အရှေ့ဘက်တကြောမှာ တပ်အင်အားတိုးမြှင့်ဖို့ ဂျာမနီတပ်တွေကို လစ်သူယေးနီးယားနိုင်ငံမှာ တိုးချဖို့ရှိကြောင်း ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တနင်္ဂနွေနေ့မှာ အခုလို ပြောပါတယ်။

ဂျာမနီအနေနဲ့ လစ်သူယေးနီးယားမှာ ဂျာမနီဦးဆောင်တဲ့ တိုက်ခိုက်ရေးတပ်နဲ့ အင်အားဖြည့်တင်းဖို့ အသင့်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ ဝါရှင်တန်ကို လေယာဉ်နဲ့ မလာခင်ကလေးမှာတင် ဂျာမနီဝန်ကြီးချုပ်က ARD သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘောလတစ်ပင်လယ်ကွေ့ဒေသ ၃ နိုင်ငံ ခေါင်းဆောင်တွေ ဖေဖော်ဝါရီ ၁၀ ရက် ကြာသပတေးနေ့ ဘာလင်ကို လာရောက်တဲ့အခါ ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

NATO မဟာမိတ်တပ်အင်အားကို တိုးမြှင့်ဖို့ အမေရိကန်က နောက်ထပ် တပ်သား ၃,၀၀၀ ပိုလန်နဲ့ ရိုမေးနီးယားမှာ တိုးမြှင့်ချထားဖို့ အမေရိကန်သမ္မတက အမိန့်ချထားတာပါ။

၂၀၁၄ ယူကရိန်းက ခရိုင်းမီးယားဒေသကို ရုရှား ကျူးကျော်သိမ်းပိုက်စဉ်က ပိုလန်၊ လစ်သူယေးနီးယား၊ လစ်ဗီးယားနဲ့ အက်စတိုးနီးယားနိုင်ငံတွေမှာ NATO က စုစုပေါင်း တိုက်ခိုက်ရေး တပ်အင်အား ၅,၀၀၀ လောက် ချထားပေးခဲ့တာ ဖြစ်ပါတယ်။ ဒီ NATO ရဲ့ တိုက်ခိုက်ရေးတပ်တွေကို အမေရိကန်၊ ဂျာမနီ၊ ကနေဒါနဲ့ ဗြိတိန်တို့က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ ရုရှားတို့ကြား တင်းမာမှု အခြေနေတွေဟာ နှစ်ဖက် ဆွေးနွေးပွဲတွေ ပိုလုပ်လာတာနဲ့အမျှ တိုးတက်မှုရှိလာတာ သူတွေ့ခဲ့ရတယ်လို့လည်း ဂျာမနီဝန်ကြီးချုပ်က ပြောပါတယ်။

XS
SM
MD
LG