သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဥေရာပၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းဖို႔ သမၼတ Putin ကို ဂ်ာမနီသမၼတ ေတာင္းဆို


ဂ်ာမန္သမၼတ Frank-Walter Steinmeier. (ဒီဇင္ဘာ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ယူကရိန္းနယ္စပ္မွာ တင္းမာမႈေတြ တိုးလာေနခ်ိန္မွာပဲ ယူကရိန္းကို ခ်ဳပ္ကိုင္ထားမႈေတြ ေျဖေလွ်ာ့ေပးဖို႔ ႐ုရွားသမၼတ Vladimir Putin ကို ဂ်ာမန္သမၼတ Frank-Walter Steinmeier က တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

“ယူကရိန္းရဲ႕ လည္မ်ဳိက ႀကိဳးကြင္းကို ေျဖေလွ်ာ့ေပးဖို႔ သမၼတ Putin ကို က်ေနာ္ လႈိက္လွဲစြာ ေမတၱာရပ္ခံပါတယ္။ ဥေရာပေဒသမွာ ၿငိမ္းခ်မ္းေရးတည္ၿမဲမယ့္ လမ္းေၾကာင္းရွာေနတဲ့ က်ေနာ္တို႔နဲ႔ လက္တြဲပါ။” လို႔ ေျပာသြားတာပါ။

ဂ်ာမန္သမၼတ Steinmeier ကို ဒုတိယအႀကိမ္ ၅ ႏွစ္ သက္တမ္းအတြက္ လႊတ္ေတာ္ အထူးအစည္းအေဝးကေန တနဂၤေႏြေန႔က ျပန္လည္ေရြးေကာက္ တင္ေျမႇာက္အၿပီး ဂ်ာမန္လႊတ္ေတာ္ဥကၠ႒နဲ႔အတူ ပူးတြဲျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ Steinmeier က ခုလို ေျပာၾကားလိုက္တာပါ။

ယူကရိန္းနယ္စပ္မွာ ႐ုရွားက တပ္သား ၁ သိန္းေက်ာ္ ခ်ထားတဲ့အတြက္ ေဒသတြင္း တင္းမာမႈေတြ တိုးေနခ်ိန္မွာ အခုလို ေျပာၾကားလိုက္တာပါ။ ဥေရာပအေရွ႕ပိုင္းမွာ စစ္ေရးပဋိပကၡျဖစ္မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး ဒီအတြက္ ႐ုရွားက တာဝန္ယူရမွာျဖစ္ေၾကာင္း သမၼတ Steinmeier က ေျပာပါတယ္။

႐ုရွားက တပ္အင္အားျဖည့္တင္းေနတယ္ဆိုတာ ထင္ရွားသလို ဒါဟာ ယူကရိန္းအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေနေၾကာင္း၊ ဒါေပမယ့္ အခ်ဳပ္အျခာ အာဏာပိုင္ ႏိုင္ငံတခုျဖစ္တဲ့ ယူကရိန္းက ျပည္သူေတြအေနနဲ႔ ၿခိမ္းေျခာက္မႈနဲ႔ ေၾကာက္ရြ႕ံမႈကင္းကင္းနဲ႔ ေနရမယ့္ ရပိုင္ခြင့္ရွိသလို ဒါကို ဖ်က္ဆီးပိုင္ခြင့္ မရွိတဲ့အတြက္ ၿခိမ္းေျခာက္လာသူ ဘယ္သူ႔ကိုမဆို အားလံုးက ဝိုင္းၿပီး ျပတ္ျပတ္သားသား တုံ႔ျပန္မွာျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္ကေတာ့ ႐ုရွားရဲ႕ စစ္ေရးတိုးျမႇင့္မႈေတြက အခ်ိန္မေရြး ယူကရိန္းကို ဝင္သိမ္းမယ့္ အေနထား ေရာက္ေနၿပီလို႔ ေျပာထားတာပါ။ ႐ုရွားနဲ႔ အေနာက္ႏိုင္ငံေတြၾကား စစ္ေအးေခတ္ေနာက္ပိုင္း အခုအခ်ိန္ဟာ အႀကီးမားဆံုး ေဒသတြင္း လံုၿခံဳေရးျပႆနာ ျဖစ္လာေနတာပါ။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ဥရောပငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့ သမ္မတ Putin ကို ဂျာမနီသမ္မတ တောင်းဆို

ယူကရိန်းနယ်စပ်မှာ တင်းမာမှုတွေ တိုးလာနေချိန်မှာပဲ ယူကရိန်းကို ချုပ်ကိုင်ထားမှုတွေ ဖြေလျှော့ပေးဖို့ ရုရှားသမ္မတ Vladimir Putin ကို ဂျာမန်သမ္မတ Frank-Walter Steinmeier က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

“ယူကရိန်းရဲ့ လည်မျိုက ကြိုးကွင်းကို ဖြေလျှော့ပေးဖို့ သမ္မတ Putin ကို ကျနော် လှိုက်လှဲစွာ မေတ္တာရပ်ခံပါတယ်။ ဥရောပဒေသမှာ ငြိမ်းချမ်းရေးတည်မြဲမယ့် လမ်းကြောင်းရှာနေတဲ့ ကျနော်တို့နဲ့ လက်တွဲပါ။” လို့ ပြောသွားတာပါ။

ဂျာမန်သမ္မတ Steinmeier ကို ဒုတိယအကြိမ် ၅ နှစ် သက်တမ်းအတွက် လွှတ်တော် အထူးအစည်းအဝေးကနေ တနင်္ဂနွေနေ့က ပြန်လည်ရွေးကောက် တင်မြှောက်အပြီး ဂျာမန်လွှတ်တော်ဥက္ကဋ္ဌနဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ Steinmeier က ခုလို ပြောကြားလိုက်တာပါ။

ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်သား ၁ သိန်းကျော် ချထားတဲ့အတွက် ဒေသတွင်း တင်းမာမှုတွေ တိုးနေချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ ဥရောပအရှေ့ပိုင်းမှာ စစ်ရေးပဋိပက္ခဖြစ်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ဒီအတွက် ရုရှားက တာဝန်ယူရမှာဖြစ်ကြောင်း သမ္မတ Steinmeier က ပြောပါတယ်။

ရုရှားက တပ်အင်အားဖြည့်တင်းနေတယ်ဆိုတာ ထင်ရှားသလို ဒါဟာ ယူကရိန်းအတွက် ခြိမ်းခြောက်မှုဖြစ်နေကြောင်း၊ ဒါပေမယ့် အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုဖြစ်တဲ့ ယူကရိန်းက ပြည်သူတွေအနေနဲ့ ခြိမ်းခြောက်မှုနဲ့ ကြောက်ရွံ့မှုကင်းကင်းနဲ့ နေရမယ့် ရပိုင်ခွင့်ရှိသလို ဒါကို ဖျက်ဆီးပိုင်ခွင့် မရှိတဲ့အတွက် ခြိမ်းခြောက်လာသူ ဘယ်သူ့ကိုမဆို အားလုံးက ဝိုင်းပြီး ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်ကတော့ ရုရှားရဲ့ စစ်ရေးတိုးမြှင့်မှုတွေက အချိန်မရွေး ယူကရိန်းကို ဝင်သိမ်းမယ့် အနေထား ရောက်နေပြီလို့ ပြောထားတာပါ။ ရုရှားနဲ့ အနောက်နိုင်ငံတွေကြား စစ်အေးခေတ်နောက်ပိုင်း အခုအချိန်ဟာ အကြီးမားဆုံး ဒေသတွင်း လုံခြုံရေးပြဿနာ ဖြစ်လာနေတာပါ။

XS
SM
MD
LG