အုိလံပစ္ပဲြေတာ္ကာလ ယူကရိန္းအေပၚ ႐ုရွားက်ဳးေက်ာ္ႏုိင္ေျခ အေမရိကန္သတိေပး
{{Zawgyi/Unicode}}
ယူကရိန္းနယ္စပ္မွာ ႐ုရွားက တပ္အင္အားေတြဆက္ၿပီး တိုးခ်ေနေၾကာင္းနဲ႔ အခုအိုလံပစ္ပြဲ မၿပီးခင္မွာပဲ ယူကရိန္းကို က်ဴးေက်ာ္တာမ်ိဳးေတြ လုပ္လာႏိုင္တယ္လို႔ သမၼတအိမ္ျဖဴ အမ်ိဳးသား အၾကံေပး Jake Sullivan က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ယူကရိန္းနယ္စပ္မွာ ေနာက္ထပ္ တပ္ေတြထပ္ေရာက္လာတာ အပါအဝင္ ႐ုရွားရဲ႕ စစ္ေရးတိုးႁမွင့္ေနတဲ့ လုပ္ရပ္ေတြကို ဆက္ေတြ႕ေနရပါတယ္။ က်ေနာ္တို႔ အရင္ကေျပာသလိုပါပဲ၊ ဝင္ေရာက္က်ဴးေက်ာ္မႈကေတာ့ အခ်ိန္မေရြးစတင္ႏိုင္တဲ့ အေနထားပါ။ Vladimir Putin အမိန္႔ေပးဖို႔ပဲက်န္ပါေတာ့တယ္- လို႔ေျပာသြားတာပါ။
႐ုရွားက ယူကရိန္းနယ္စပ္မွာ အဓိကစစ္ဆင္ေရးလုပ္ဖို႔ လံုေလာက္တဲ့ တပ္အင္အား ရွိေနၿပီျဖစ္ေၾကာင္း ဘယ္တိုက္ခိုက္မႈကမဆို ၿမိဳ႕ေတာ္ Kyiv အပါအဝင္ ယူကရိန္းပိုင္နက္ အေတာ္မ်ားမ်ားကို သိမ္းပိုက္တာမ်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္လို႔လည္း ေျပာပါတယ္။
႐ုရွားက အခ်ိန္မေရြး ေလေၾကာင္း တိုက္ခိုက္မႈနဲ႔ စတင္လာႏိုင္တဲ့အတြက္ ယူကရိန္းကေန ျပန္ထြက္ဖို႔ ခက္ခဲလာႏိုင္တာေၾကာင့္ ယူကရိန္းမွာ ရွိတဲ့ အေမရိကန္ႏိုင္ငံသားေတြ အေနနဲ႔ လာမယ့္ ၂၄ နာရီကေန ၄၈ နာရီအတြင္း ယူကရိန္းကေန ထြက္ခြါဖို႔လည္း Jake Sullivan က တိုက္တြန္းခဲ့ပါတယ္။
ေသာၾကာေန႔မွာပဲ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ကလည္း ယူကရိန္းအေရးေဆြးေႏြးဖို႔ ကမာၻ႔ေခါင္းေဆာင္ေတြနဲ႔ ဗီဒီယိုအြန္လိုင္း ေဆြးေႏြးမႈေတြ လုပ္ခဲ့တယ္လို႔လည္း သမၼတအိမ္ျဖဴက ေျပာပါတယ္။
ကေနဒါ၊ ျပင္သစ္၊ ဂ်ာမဏီ၊ အီတလီ၊ ပိုလန္၊ ႐ိုေမးနီးယား၊ ၿဗိတိန္၊ NATO၊ အီးယူ ဥေရာပသမဂၢနဲ႔ ဥေရာပေကာင္စီ ေခါင္းေဆာင္ေတြနဲ႔ သမၼတဘိုင္ဒန္ ေဆြးေႏြးေျပာဆိုမႈေတြ မလုပ္ခင္ကလည္း သမၼတဟာ ယူကရိန္းမွာ ႐ုရွားရဲ႕ တပ္အင္အား ဆက္ၿပီးတိုးခ်ဲ႕ေနတာ အတြက္ စိုးရိမ္ေၾကာင္းနဲ႔ သံတမန္ေရးအရေရာ တားဆီးေရးကိုပါ လုပ္ေဆာင္ဖို႔ ေဆြးေႏြးမွာ ျဖစ္ေၾကာင္း သမၼတအိမ္ျဖဴက ေျပာပါတယ္။
.....................................................
အိုလံပစ်ပွဲတော်ကာလ ယူကရိန်းအပေါ် ရုရှားကျုးကျော်နိုင်ခြေ အမေရိကန်သတိပေး
{{Zawgyi/Unicode}}
ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်အင်အားတွေဆက်ပြီး တိုးချနေကြောင်းနဲ့ အခုအိုလံပစ်ပွဲ မပြီးခင်မှာပဲ ယူကရိန်းကို ကျူးကျော်တာမျိုးတွေ လုပ်လာနိုင်တယ်လို့ သမ္မတအိမ်ဖြူ အမျိုးသား အကြံပေး Jake Sullivan က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းနယ်စပ်မှာ နောက်ထပ် တပ်တွေထပ်ရောက်လာတာ အပါအဝင် ရုရှားရဲ့ စစ်ရေးတိုးမြှင့်နေတဲ့ လုပ်ရပ်တွေကို ဆက်တွေ့နေရပါတယ်။ ကျနော်တို့ အရင်ကပြောသလိုပါပဲ၊ ဝင်ရောက်ကျူးကျော်မှုကတော့ အချိန်မရွေးစတင်နိုင်တဲ့ အနေထားပါ။ Vladimir Putin အမိန့်ပေးဖို့ပဲကျန်ပါတော့တယ်- လို့ပြောသွားတာပါ။
ရုရှားက ယူကရိန်းနယ်စပ်မှာ အဓိကစစ်ဆင်ရေးလုပ်ဖို့ လုံလောက်တဲ့ တပ်အင်အား ရှိနေပြီဖြစ်ကြောင်း ဘယ်တိုက်ခိုက်မှုကမဆို မြို့တော် Kyiv အပါအဝင် ယူကရိန်းပိုင်နက် အတော်များများကို သိမ်းပိုက်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်လို့လည်း ပြောပါတယ်။
ရုရှားက အချိန်မရွေး လေကြောင်း တိုက်ခိုက်မှုနဲ့ စတင်လာနိုင်တဲ့အတွက် ယူကရိန်းကနေ ပြန်ထွက်ဖို့ ခက်ခဲလာနိုင်တာကြောင့် ယူကရိန်းမှာ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေ အနေနဲ့ လာမယ့် ၂၄ နာရီကနေ ၄၈ နာရီအတွင်း ယူကရိန်းကနေ ထွက်ခွါဖို့လည်း Jake Sullivan က တိုက်တွန်းခဲ့ပါတယ်။
သောကြာနေ့မှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း ယူကရိန်းအရေးဆွေးနွေးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဗီဒီယိုအွန်လိုင်း ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့လည်း သမ္မတအိမ်ဖြူက ပြောပါတယ်။
ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ပိုလန်၊ ရိုမေးနီးယား၊ ဗြိတိန်၊ NATO၊ အီးယူ ဥရောပသမဂ္ဂနဲ့ ဥရောပကောင်စီ ခေါင်းဆောင်တွေနဲ့ သမ္မတဘိုင်ဒန် ဆွေးနွေးပြောဆိုမှုတွေ မလုပ်ခင်ကလည်း သမ္မတဟာ ယူကရိန်းမှာ ရုရှားရဲ့ တပ်အင်အား ဆက်ပြီးတိုးချဲ့နေတာ အတွက် စိုးရိမ်ကြောင်းနဲ့ သံတမန်ရေးအရရော တားဆီးရေးကိုပါ လုပ်ဆောင်ဖို့ ဆွေးနွေးမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူက ပြောပါတယ်။