သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား စစ္ေရးၿခိမ္းေျခာက္မႈ ယူကရိန္းႏုိင္ငံမွာ ဆန္႔က်င္ဆႏၵျပ


႐ုရွား စစ္ေရးၿခိမ္းေျခာက္မႈကုိ ဆန္႔က်င္ ဆႏၵျပေနၾကတဲ့ ယူကရိန္းႏုိင္ငံသားမ်ား။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားရဲ႕ က်ဴးေက်ာ္ဝင္ေရာက္မႈ အႏၲရာယ္အတြက္ စိုးရိမ္ေနၾကခ်ိန္မွာ စည္းလံုးညီၫြတ္ေၾကာင္း ျပသတဲ့အေနနဲ႔ ယူကရိန္းႏိုင္ငံသား ေထာင္ေပါင္းမ်ားစြာဟာ Kyiv ၿမိဳ႕ေတာ္က လမ္းမေတြေပၚမွာ စေနေန႔က ယူကရိန္းအလံေတြ လႊင့္ထူၿပီး ႏိုင္ငံေတာ္သီခ်င္းေတြ သီဆို ဆႏၵျပခဲ့ၾကပါတယ္။

ယူကရိန္းလြတ္လပ္ေရးအတြက္ ေၾကာက္ေနလို႔မျဖစ္ဘဲ အားလံုး စည္းစည္းလံုးလံုးနဲ႔ တိုက္ပြဲဝင္ရမွာျဖစ္ေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelensky ရဲ႕ စေနေန႔ မနက္ခင္းက ေျပာၾကားခ်က္အတိုင္း လုပ္ရမွာျဖစ္ေၾကာင္း ေအးခဲေနတဲ့ ရာသီဥတုၾကား ဆႏၵျပေနသူေတြက ေျပာပါတယ္။

ဆႏၵျပသူတခ်ိဳ႕က စစ္ပြဲဟာ အေျဖမဟုတ္ေၾကာင္း ဆိုင္းဘုတ္ေတြ၊ ျပန္လည္ခုခံၾကဖို႔ စာတန္းေတြကို ကိုင္ေဆာင္ထားၾကတာပါ။

ယူကရိန္းမွာ လြန္ခဲ့တဲ့ ၈ ႏွစ္က ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးသမားေတြေၾကာင့္ လူေပါင္း ၁၄,၀၀၀ ေသဆံုးခဲ့ရၿပီး Crimea ေဒသ ႐ုရွားတို႔လက္ထဲ ေရာက္ခဲ့ရသလို အခုလည္း တႏိုင္ငံလံုး က်ေရာက္မယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာပါ။

႐ုရွားဟာ ယူကရိန္းနယ္စပ္မွာ တပ္အင္အား ၁ သိန္းေက်ာ္ ခ်ထားသလို အိမ္နီးခ်င္း ဘယ္လာ႐ုစ္နဲ႔ ပင္လယ္နက္ေဒသေတြမွာပါ သူ႔ရဲ႕ စစ္ေရးျပင္ဆင္မႈေတြ လုပ္ေနတာ ျဖစ္ပါတယ္။

ယူကရိန္းကို ႐ုရွားက အခ်ိန္မေရြး ဝင္ေရာက္က်ဴးေက်ာ္ႏိုင္တယ္လို႔ အေမရိကန္အစိုးရက သတိေပးထားသလို အေနာက္ႏိုင္ငံေတြကလည္း ယူကရိန္းကေန သူတို႔ႏိုင္ငံသားေတြ ျပန္ထြက္ခြါဖို႔ တိုက္တြန္းေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ရုရှား စစ်ရေးခြိမ်းခြောက်မှု ယူကရိန်းနိုင်ငံမှာ ဆန့်ကျင်ဆန္ဒပြ

ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှု အန္တရာယ်အတွက် စိုးရိမ်နေကြချိန်မှာ စည်းလုံးညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ ယူကရိန်းနိုင်ငံသား ထောင်ပေါင်းများစွာဟာ Kyiv မြို့တော်က လမ်းမတွေပေါ်မှာ စနေနေ့က ယူကရိန်းအလံတွေ လွှင့်ထူပြီး နိုင်ငံတော်သီချင်းတွေ သီဆို ဆန္ဒပြခဲ့ကြပါတယ်။

ယူကရိန်းလွတ်လပ်ရေးအတွက် ကြောက်နေလို့မဖြစ်ဘဲ အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ရမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelensky ရဲ့ စနေနေ့ မနက်ခင်းက ပြောကြားချက်အတိုင်း လုပ်ရမှာဖြစ်ကြောင်း အေးခဲနေတဲ့ ရာသီဥတုကြား ဆန္ဒပြနေသူတွေက ပြောပါတယ်။

ဆန္ဒပြသူတချို့က စစ်ပွဲဟာ အဖြေမဟုတ်ကြောင်း ဆိုင်းဘုတ်တွေ၊ ပြန်လည်ခုခံကြဖို့ စာတန်းတွေကို ကိုင်ဆောင်ထားကြတာပါ။

ယူကရိန်းမှာ လွန်ခဲ့တဲ့ ၈ နှစ်က ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေကြောင့် လူပေါင်း ၁၄,၀၀၀ သေဆုံးခဲ့ရပြီး Crimea ဒေသ ရုရှားတို့လက်ထဲ ရောက်ခဲ့ရသလို အခုလည်း တနိုင်ငံလုံး ကျရောက်မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။

ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်အင်အား ၁ သိန်းကျော် ချထားသလို အိမ်နီးချင်း ဘယ်လာရုစ်နဲ့ ပင်လယ်နက်ဒေသတွေမှာပါ သူ့ရဲ့ စစ်ရေးပြင်ဆင်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက အချိန်မရွေး ဝင်ရောက်ကျူးကျော်နိုင်တယ်လို့ အမေရိကန်အစိုးရက သတိပေးထားသလို အနောက်နိုင်ငံတွေကလည်း ယူကရိန်းကနေ သူတို့နိုင်ငံသားတွေ ပြန်ထွက်ခွါဖို့ တိုက်တွန်းနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG