သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး လာမယ့်ရက်ပိုင်းအရေးပါ ပြင်သစ်သမ္မတ ယူဆ


ရုရှားသမ္မတ Vladimir Putin (ယာ) နဲ့ ပြင်သစ်သမ္မတ Emmanuel Macron (ဝဲ) တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဖေဖေါ်ဝါရီ ၇၊ ၂၀၂၂)
ရုရှားသမ္မတ Vladimir Putin (ယာ) နဲ့ ပြင်သစ်သမ္မတ Emmanuel Macron (ဝဲ) တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ။ (ဖေဖေါ်ဝါရီ ၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

ယူကရိန်းနယ်စပ်တင်းမာမှုအတွက် လာမယ့်ရက်တွေဟာ အရေးပါတဲ့ရက်တွေ ဖြစ်တယ်လို့ မော်စကိုမှာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံပြီးနောက် ပြင်သစ်သမ္မတ Emmanuel Macron က အင်္ဂါနေ့က ပြောပါတယ်။

သမ္မတ ၂ ယောက်ဟာ တနင်္လာနေ့က ညစာအတူစားရင်း ငါးနာရီကျော် စကားပြောခဲ့ကြပါတယ်။ ဒီခရီးစဉ်ဟာ လာမယ့် ၂ လအကြာ ရွေးကောက်ပွဲဝင်မယ့် မာခရွန်အတွက်လည်း သူ့ရဲ့ သံတမန်ရေး ဆောင်ရွက်ချက်တွေအတွက် အရေးကြီးတဲ့ ခရီးစဉ်တခု ဖြစ်ပါတယ်။ တင်းမာမှု ပိုမို မကျယ်ပြန့်လာစေဖို့ အတော်ကို မြန်မြန်ဆန်ဆန် လုပ်ကြရပါမယ်လို့ မာခရွန်ကဆိုပါတယ်။ ရုရှားရဲ့တောင်းဆိုချက်တွေဟာ ဥရောပနိုင်ငံတွေက ပြောနေတာနဲ့ သဘောအားဖြင့် အတူတူပဲလို့ မာခရွန်က ယူဆပါတယ်။ တပ်တွေချထားရာမှာ ကန့်သတ်ရေး၊ သမရိုးကျ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေ ပွင့်လင်းမြင်သာရေး၊ ဒုံးကျည်ရန် ကာကွယ်ရေးအပေါ် ပွင့်လင်းမြင်သာရေး၊ တာတိုနဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာကန့်သတ်ချက်နဲ့ စစ်ဆေးနိုင်မှုအစရှိတဲ့ တောင်းဆိုချက်တွေကို မာခရွန်က ရည်ညွှန်း ပြောဆိုတာပါ။

မာခရွန်က ယူကရိန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတဲ့အခါ သမ္မတပူတင်နဲ့ ထပ်မံတွေ့ဆုံဦးမှာ ဖြစ်ပါတယ်။ ခုလို ဆွေးနွေးတာတွေကို များများလုပ်ခြင်းအားဖြင့် ရလာဒ်ကို ရရှိလိမ့်မယ် ဆိုတာ ကျနော် သေချာပါတယ်လို့ ပြင်သစ်သမ္မတ မာခရွန်က ပြောပါတယ်။

ပြင်သစ်သမ္မတနဲ့ တွေ့ဆုံအပြီးမှာ တိုးတက်မှုတချို့ရခဲ့တယ်လို့ ရုရှားသမ္မတ ပူတင်ကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]






==========

XS
SM
MD
LG