သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပင္သစ္သမၼတနဲ႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္တို႔ ႐ုရွားနဲ႔ ယူကရိန္းႏုိင္ငံေတြဆီ သြားဖို႔ရွိ


ဘာလင္ၿမိဳ႕မွာ ပူးတြဲ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့စဥ္က ေတြ႔ရတဲ့ ျပင္သစ္သမၼတ Emmanuel Macron (ဝဲ) နဲ႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olav Scholz. (ဇန္နဝါရီ ၂၅၊ ၂၀၂၂)

(Zawgyi / Unicode)

ဥေရာပတိုက္္က ထင္ရွားတဲ့ နုိင္ငံေခါင္းေဆာင္ႏွစ္ဦးဟာ ႐ုရွားနဲ႔ ယူကရိန္းႏုိင္ငံေတြဆီ လာမယ့္ရက္ပိုင္းအတြင္း သြားေရာက္ၿပီး အဲဒီႏို္င္ငံေတြက ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးဖို႔ စီစဥ္ထားပါတယ္။ ယူကရိန္းႏုိင္ငံကို ႐ုရွားက က်ဴးေက်ာ္တို္က္ခိုက္ႏုိ္င္ေျခေၾကာင့္ တင္းမာမႈ တိုးလာေနတာ ေလ်ာ့က်ေရး သံတမန္ေရးဆိုင္ရာ ႀကိဳးပမ္းမႈေတြကို သြားၿပီး ေဆြးေႏြးၾကမွာပါ။

ျပင္သစ္သမၼတ Emmanuel Macron ဟာ တနလၤာေန႔မွာ ေမာ္စကိုၿမိဳ႕ေတာ္၊ အဂၤါေန႔မွာ Kyiv ၿမိဳ႕ေတာ္ကို သြားဖို႔ရွိပါတယ္။ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olav Scholz က ေနာက္သီတင္းပတ္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ Kyiv ၿမိဳ႕ေတာ္၊ ၁၅ ရက္ေန႔မွာ ေမာ္စကိုၿမိဳ႕ေတာ္ေတြကို သြားမွာပါ။

ယူကရိန္းနယ္စပ္က ႐ုရွားတပ္ဖြဲ႔ဟာ ယူကရိန္းကို လံုးဝ က်ဴးေက်ာ္တိုက္ခိုက္ဖို႔ အဆင္သင့္ မျဖစ္ေသးေပမယ့္ ၾကည္းတပ္ အစိတ္အပိုင္းတခုကေတာ့ “႐ုရွားအစိုးရက အမိန္႔ေပးတာနဲ႔ ဝင္တိုက္ဖို႔ အဆင္သင့္ျပင္မႈ ေနာက္ဆံုးအဆင့္ ေရာက္ေနပံုရၿပီ” လို႔ New York Times သတင္းတပုဒ္မွာ ေရးထားပါတယ္။

ယူကရိန္းနယ္စပ္မွာ အရင္ကလႊတ္ထားတဲ့ တပ္ဖြဲ႔ဝင္ ေထာင္ေပါင္းမ်ားစြာအျပင္ ေနာက္ထပ္ ၁၀,၀၀၀ ထပ္လႊတ္ထားတယ္လုိ႔လည္း New Yorks Times သတင္းမွာ ေရးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

ပြင်သစ်သမ္မတနဲ့ ဂျာမနီဝန်ကြီးချုပ်တို့ ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေဆီ သွားဖို့ရှိ

ဥရောပတိုက်က ထင်ရှားတဲ့ နိုင်ငံခေါင်းဆောင်နှစ်ဦးဟာ ရုရှားနဲ့ ယူကရိန်းနိုင်ငံတွေဆီ လာမယ့်ရက်ပိုင်းအတွင်း သွားရောက်ပြီး အဲဒီနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်နိုင်ခြေကြောင့် တင်းမာမှု တိုးလာနေတာ လျော့ကျရေး သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို သွားပြီး ဆွေးနွေးကြမှာပါ။

ပြင်သစ်သမ္မတ Emmanuel Macron ဟာ တနင်္လာနေ့မှာ မော်စကိုမြို့တော်၊ အင်္ဂါနေ့မှာ Kyiv မြို့တော်ကို သွားဖို့ရှိပါတယ်။ ဂျာမန်ဝန်ကြီးချုပ် Olav Scholz က နောက်သီတင်းပတ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ Kyiv မြို့တော်၊ ၁၅ ရက်နေ့မှာ မော်စကိုမြို့တော်တွေကို သွားမှာပါ။

ယူကရိန်းနယ်စပ်က ရုရှားတပ်ဖွဲ့ဟာ ယူကရိန်းကို လုံးဝ ကျူးကျော်တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးပေမယ့် ကြည်းတပ် အစိတ်အပိုင်းတခုကတော့ “ရုရှားအစိုးရက အမိန့်ပေးတာနဲ့ ဝင်တိုက်ဖို့ အဆင်သင့်ပြင်မှု နောက်ဆုံးအဆင့် ရောက်နေပုံရပြီ” လို့ New York Times သတင်းတပုဒ်မှာ ရေးထားပါတယ်။

ယူကရိန်းနယ်စပ်မှာ အရင်ကလွှတ်ထားတဲ့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာအပြင် နောက်ထပ် ၁၀,၀၀၀ ထပ်လွှတ်ထားတယ်လို့လည်း New Yorks Times သတင်းမှာ ရေးထားပါတယ်။

XS
SM
MD
LG