သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အီရန္ႏ်ဴကလီးယားေရး ေဆြးေႏြးမႈ အရွိန္ျမႇင့္ဖို႔ ျပင္သစ္သမၼတ တိုက္တြန္း


ျပင္သစ္သမၼတ Emmanuel Macron. (ဇန္နဝါရီ ၂၀၊ ၂၀၂၂)

(Zawgyi / Unicode)

အီရန္ႏ်ဴကလီးယား အစီအစဥ္ေတြ ရပ္တန္႔လိုက္မယ္ဆိုရင္ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြ ႐ုပ္သိမ္းေပးဖို႔ ျဖစ္ႏုိင္ပါတယ္ ဆုိေပမယ့္ ေဆြးေႏြးပြဲေတြ အျမန္လုပ္ဖို႔လိုေၾကာင္း ျပင္သစ္သမၼတ Emmanuel Macron က အီရန္သမၼတ Ebrahim Raisi ကို ေျပာဆိုခဲ့တယ္လို႔ ျပင္သစ္သမၼတ႐ုံးက ဒီကေန႔ ေျပာပါတယ္။

E3 လို႔သိၾကတဲ့ ျပင္သစ္၊ ဂ်ာမနီ၊ ၿဗိတိန္နဲ႔ အေမရိကန္တို႔က ၂၀၁၅ အီရန္ႏ်ဴကလီးယား သေဘာတူစာခ်ဳပ္ကို ျပန္ၿပီးအသက္သြင္းဖို႔ ႀကိဳးပမ္းေနတာပါ။ ဒါေပမယ့္လည္း ဒီဇင္ဘာ ၂၇ ရက္ေန႔ကတည္းက စတင္ခ့ဲတဲ့ ေဆြးေႏြးပြဲေတြ ၈ ႀကိမ္ထိ ေရာက္လာတဲ့တုိင္ ရလဒ္ေတြ ထြက္မလာေသးဘူးလို႔ အေနာက္ႏိုင္ငံ သံတမန္ေတြက ေျပာပါတယ္။

လက္ဆုပ္လက္ကုိင္ျပႏုိင္တဲ့ တိုးတက္မႈေတြ အျမန္ဆုံးရေအာင္ လခ်ီရွိလာၿပီျဖစ္တဲ့ ဗီယင္နာက အီရန္ႏ်ဴကလီးယား ေဆြးေႏြးပြဲကို အရွိန္ျမႇင့္ဖို႔လိုေၾကာင္း သမၼတ Macron က အီရန္သမၼတကို စေနေန႔က တယ္လီဖုန္းနဲ႔ ေျပာဆိုခဲ့တယ္လို႔ ျပင္သစ္သမၼတ႐ုံးက ထုတ္ျပန္ပါတယ္။

အီရန္ဘက္ကလည္း ႏ်ဴကလီးယားအေရးနဲ႔ ပတ္သက္လို႔ သံတမန္ေရးနည္းလမ္းနဲ႔ အေျဖရွာတာ ျဖစ္ႏုိင္စရာရွိေၾကာင္း၊ သေဘာတူညီမႈတုိင္းမွာ သက္ဆုိင္သူအားလုံး ရွင္းရွင္းလင္းလင္းနဲ႔ လုံေလာက္တဲ့ ကတိကဝတ္ေတြ ထားရွိဖို႔လိုအပ္ေၾကာင္း အေလးေပး ေျပာၾကားခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အီရန္ႏုိင္ငံမွာ ဇန္နဝါရီလက ျပန္ၿပီး အက်ဥ္းခ်ထားတဲ့ ျပင္သစ္ႏိုင္ငံဖြား အီရန္ပညာရွင္ Fariba Adelkhah နဲ႔ သူလွ်ဳိလုပ္မႈစြဲခ်က္နဲ႔ အဂၤါေန႔ကပဲ ေထာင္ဒဏ္ ၈ ႏွစ္ ခ်မွတ္ထားတဲ့ ျပင္သစ္ကမၻာလွည့္ခရီးသြား Benjamin Briere ကို ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ သမၼတ Macron က တပါတည္း ေတာင္းဆိုခဲ့တယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

အီရန်နျူကလီးယားရေး ဆွေးနွေးမှု အရှိန်မြှင့်ဖို့ ပြင်သစ်သမ္မတ တိုက်တွန်း

အီရန်နျူကလီးယား အစီအစဉ်တွေ ရပ်တန့်လိုက်မယ်ဆိုရင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ဖြစ်နိုင်ပါတယ် ဆိုပေမယ့် ဆွေးနွေးပွဲတွေ အမြန်လုပ်ဖို့လိုကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က အီရန်သမ္မတ Ebrahim Raisi ကို ပြောဆိုခဲ့တယ်လို့ ပြင်သစ်သမ္မတရုံးက ဒီကနေ့ ပြောပါတယ်။

E3 လို့သိကြတဲ့ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ အမေရိကန်တို့က ၂၀၁၅ အီရန်နျူကလီးယား သဘောတူစာချုပ်ကို ပြန်ပြီးအသက်သွင်းဖို့ ကြိုးပမ်းနေတာပါ။ ဒါပေမယ့်လည်း ဒီဇင်ဘာ ၂၇ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဆွေးနွေးပွဲတွေ ၈ ကြိမ်ထိ ရောက်လာတဲ့တိုင် ရလဒ်တွေ ထွက်မလာသေးဘူးလို့ အနောက်နိုင်ငံ သံတမန်တွေက ပြောပါတယ်။

လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှုတွေ အမြန်ဆုံးရအောင် လချီရှိလာပြီဖြစ်တဲ့ ဗီယင်နာက အီရန်နျူကလီးယား ဆွေးနွေးပွဲကို အရှိန်မြှင့်ဖို့လိုကြောင်း သမ္မတ Macron က အီရန်သမ္မတကို စနေနေ့က တယ်လီဖုန်းနဲ့ ပြောဆိုခဲ့တယ်လို့ ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ပါတယ်။

အီရန်ဘက်ကလည်း နျူကလီးယားအရေးနဲ့ ပတ်သက်လို့ သံတမန်ရေးနည်းလမ်းနဲ့ အဖြေရှာတာ ဖြစ်နိုင်စရာရှိကြောင်း၊ သဘောတူညီမှုတိုင်းမှာ သက်ဆိုင်သူအားလုံး ရှင်းရှင်းလင်းလင်းနဲ့ လုံလောက်တဲ့ ကတိကဝတ်တွေ ထားရှိဖို့လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အီရန်နိုင်ငံမှာ ဇန်နဝါရီလက ပြန်ပြီး အကျဉ်းချထားတဲ့ ပြင်သစ်နိုင်ငံဖွား အီရန်ပညာရှင် Fariba Adelkhah နဲ့ သူလျှိုလုပ်မှုစွဲချက်နဲ့ အင်္ဂါနေ့ကပဲ ထောင်ဒဏ် ၈ နှစ် ချမှတ်ထားတဲ့ ပြင်သစ်ကမ္ဘာလှည့်ခရီးသွား Benjamin Briere ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သမ္မတ Macron က တပါတည်း တောင်းဆိုခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG