သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲ ျပန္ၿပီးယာယီဆိုင္းငံ့


ၾသစႀတီးလ်ားႏိုင္ငံ၊ ဗီယင္နာၿမိဳ႕က အီရန္ႏ်ဴကလီးယားအေရး ေဆြးေႏြးခဲ့တဲ့ အေဆာက္အဦး။ (ႏိုဝင္ဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

အီရန္ ႏ်ဴကလီးယားအေရး ေဆြးေႏြးပြဲကို ဒီတပတ္ ျပန္စခဲ့ေပမယ့္ အခုေတာ့ ေခတၱျပန္ရပ္ဆိုင္းလိုက္ရပါတယ္။ အီရန္ဘက္က တိုးတက္မႈ မရွိလာတာေၾကာင့္လို႔ အခုလို ျဖစ္သြားတာလို႔ အေမရိကန္နဲ႔ ဥေရာပအရာရွိႀကီးေတြက ျပစ္တင္ပါတယ္။ အီရန္ ႏ်ဴကလီးယား သေဘာတူညီခ်က္ျပန္ရဖို႔ ေဆြးေႏြးေနရာမွာ ဇြန္လတုန္းက ရပ္ဆိုင္းသြားၿပီး အခုအပတ္ တနလၤာေန႔ ျပန္စခဲ့တာပါ။ ဒါေပမယ့္ အခုေတာ့ ဒီေဆြးေႏြးပြဲေတြကို ေရွ႕အပတ္အထိ ဆိုင္းငံ့ထားလိုက္ရျပန္ပါၿပီ။

ၿပီးခဲ့တဲ့ရက္ေတြအတြင္း ေဆြးေႏြးပြဲမွာ အရင္က သေဘာတူညီခ်က္ျပန္ရဖို႔ အီရန္အေနနဲ႔ လိုအပ္တဲ့ လုပ္ေဆာင္မႈေတြ အေလးအနက္ရွိပုံ မရတာေၾကာင့္ ရပ္ဆိုင္းခဲ့ရတာလို႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က ေျပာပါတယ္။

ဒါ့အျပင္ အရင္ဆုံးျဖတ္ခ်က္ ျပန္ရဖို႔ လမ္းဆုံးသြားရင္ေတာ့ တျခားနည္းကို ေရြးရလိမ့္မယ္လို႔ ဝန္ႀကီး Blinken က ေျပာပါတယ္။ ဘယ္လိုနည္းလမ္း ဆိုတာကိုေတာ့ ထည့္မေျပာခဲ့ပါဘူး။

ၾကားဝင္ေစ့စပ္ေပးေနတဲ့ ဥေရာပအင္အားႀကီး ၿဗိတိန္၊ ျပင္သစ္နဲ႔ ဂ်ာမနီက အဆင့္ျမင့္ အရာရွိႀကီးေတြကလည္း အီရန္အေနနဲ႔ အရင္ သံတမန္ေရး တိုးတက္မႈ ရခဲ့တာေတြကေန ေနာက္ျပန္လွည့္သြားၿပီလို႔ မေန႔က ထုတ္ျပန္ခ်က္ထဲ မေက်မနပ္ ေျပာခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္မွာ ခ်ဳပ္ခဲ့တဲ့ အီရန္ ႏ်ဴကလီးယား ​ေလွ်ာ့ခ်ေရး ႏိုင္ငံတကာ သေဘာတူစာခ်ဳပ္ကေန အရင္ အေမရိကန္သမၼတ Donald Trump လက္ထက္ ႏုတ္ထြက္ခဲ့အၿပီး အခုသမၼတ Joe Biden လက္ထက္ ျပန္အသက္သြင္းႏိုင္ဖို႔ ဥေရာပတဆင့္ခံ ႀကိဳးပမ္းေဆြးေႏြးလာခဲ့တာ အခုက ၇ ႀကိမ္ေျမာက္ပါ။

အရင္ ၆ ႀကိမ္အထိ ေဆြးေႏြးပြဲေတြကိုေတာ့ ဒီႏွစ္ ဧၿပီကေန ဇြန္လအထိ က်င္းပခဲ့ေပမယ့္ အီရန္ရဲ႕ ၿပီးခဲ့တဲ့လ ေရြးေကာက္ပြဲေၾကာင့္ ရပ္ဆိုင္းခဲ့ရပါတယ္။ အခုမွ ၾသစႀတီးယားႏိုင္ငံ ဗီယင္နာၿမိဳ႕ေတာ္မွာ ျပန္စႏိုင္ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ ပြန်ပြီးယာယီဆိုင်းငံ့

အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲကို ဒီတပတ် ပြန်စခဲ့ပေမယ့် အခုတော့ ခေတ္တပြန်ရပ်ဆိုင်းလိုက်ရပါတယ်။ အီရန်ဘက်က တိုးတက်မှု မရှိလာတာကြောင့်လို့ အခုလို ဖြစ်သွားတာလို့ အမေရိကန်နဲ့ ဥရောပအရာရှိကြီးတွေက ပြစ်တင်ပါတယ်။ အီရန် နျူကလီးယား သဘောတူညီချက်ပြန်ရဖို့ ဆွေးနွေးနေရာမှာ ဇွန်လတုန်းက ရပ်ဆိုင်းသွားပြီး အခုအပတ် တနင်္လာနေ့ ပြန်စခဲ့တာပါ။ ဒါပေမယ့် အခုတော့ ဒီဆွေးနွေးပွဲတွေကို ရှေ့အပတ်အထိ ဆိုင်းငံ့ထားလိုက်ရပြန်ပါပြီ။

ပြီးခဲ့တဲ့ရက်တွေအတွင်း ဆွေးနွေးပွဲမှာ အရင်က သဘောတူညီချက်ပြန်ရဖို့ အီရန်အနေနဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ အလေးအနက်ရှိပုံ မရတာကြောင့် ရပ်ဆိုင်းခဲ့ရတာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။

ဒါ့အပြင် အရင်ဆုံးဖြတ်ချက် ပြန်ရဖို့ လမ်းဆုံးသွားရင်တော့ တခြားနည်းကို ရွေးရလိမ့်မယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။ ဘယ်လိုနည်းလမ်း ဆိုတာကိုတော့ ထည့်မပြောခဲ့ပါဘူး။

ကြားဝင်စေ့စပ်ပေးနေတဲ့ ဥရောပအင်အားကြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီက အဆင့်မြင့် အရာရှိကြီးတွေကလည်း အီရန်အနေနဲ့ အရင် သံတမန်ရေး တိုးတက်မှု ရခဲ့တာတွေကနေ နောက်ပြန်လှည့်သွားပြီလို့ မနေ့က ထုတ်ပြန်ချက်ထဲ မကျေမနပ် ပြောခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ ချုပ်ခဲ့တဲ့ အီရန် နျူကလီးယား လျှော့ချရေး နိုင်ငံတကာ သဘောတူစာချုပ်ကနေ အရင် အမေရိကန်သမ္မတ Donald Trump လက်ထက် နုတ်ထွက်ခဲ့အပြီး အခုသမ္မတ Joe Biden လက်ထက် ပြန်အသက်သွင်းနိုင်ဖို့ ဥရောပတဆင့်ခံ ကြိုးပမ်းဆွေးနွေးလာခဲ့တာ အခုက ၇ ကြိမ်မြောက်ပါ။

အရင် ၆ ကြိမ်အထိ ဆွေးနွေးပွဲတွေကိုတော့ ဒီနှစ် ဧပြီကနေ ဇွန်လအထိ ကျင်းပခဲ့ပေမယ့် အီရန်ရဲ့ ပြီးခဲ့တဲ့လ ရွေးကောက်ပွဲကြောင့် ရပ်ဆိုင်းခဲ့ရပါတယ်။ အခုမှ သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တော်မှာ ပြန်စနိုင်ခဲ့တာပါ။

XS
SM
MD
LG