သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယား ေဆြးေႏြးပဲြျပန္စဖို႔ အီရန္ သေဘာတူ


This combined photo released by the Iranian Foreign Ministry, shows Iranian diplomats attending a virtual talk on nuclear deal with representatives of world powers, in Tehran, Iran, Friday, April 2, 2021. The chair of the group including the European Unio

ႏ်ဴကလီးယား ေဆြးေႏြးပဲြျပန္စဖို႔ အီရန္ သေဘာတူ

{{Zawgyi/Unicode}}

အီရန္ႏိုင္ငံရဲ႕ ႏ်ဴကလီးယားအစီအစဥ္နဲ႔ ပတ္သက္လို႔ ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြနဲ႔ ေဆြးေႏြးမႈေတြကို ႏို၀င္ဘာလကုန္ ေနာက္ဆုံးထား ျပန္လည္စတင္မွာျဖစ္ေၾကာင္း အီရန္ႏိုင္ငံက ေျပာဆိုလိုက္ပါတယ္။

ႏို၀င္ဘာလကုန္မွာ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပန္စဖို႔ သေဘာတူထားၿပီး၊ ရက္အတိအက်ကို ေရွ႕သီတင္းပတ္မွာ ေၾကညာမွာျဖစ္ေၾကာင္း အီရန္ႏိုင္ငံရဲ႕ ႏ်ဴကလီးယားအေရး ေစ့စပ္ညႇိႏႈိင္းေရးမွဴး၊ ဒုတိယႏိုင္ငံျခားေရး ၀န္ႀကီး Ali Bagheri က Twitter လူမႈကြန္ရက္မွာ ဗုဒၶဟူးေန႔က ေျပာလိုက္တာပါ။

အေမရိကန္ ႏိုင္ငံျခားေရးဌာနကေတာ့ အီရန္ႏိုင္ငံရဲ႕ ႏ်ဴကလီးယား အစီအစဥ္နဲ႔ ပတ္သက္လို႔ ၂၀၁၅ ခုႏွစ္ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ျပန္လည္ညႇိႏႈိင္းမႈေတြလုပ္ဖို႔ အီရန္ဖက္က ေျပာဆိုေနတဲ့ သတင္းေတြ ၾကားသိရေပမဲ့ အေသးစိတ္မသိေၾကာင္း ေျပာပါတယ္။

ၾသစႀတီးယားႏိုင္ငံ ဗီယန္နာၿမိဳ႕မွာ ေဆြးေႏြးမႈေတြ ျပန္လုပ္ဖို႔ အေမရိကန္က ျပင္ဆင္ထားၿပီး၊ ဇြန္လထဲ ေနာက္ဆုံးေဆြးေႏြးခ်ိန္မွာ ေျပလည္မႈ မရေသးတဲ့ အေသးအဖဲြ ကိစၥတခ်ဳိ႕ကို ညႇိႏႈိင္းၿပီး သေဘာတူညီခ်က္ကို အျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ ယုံၾကည္ထားေၾကာင္းလည္း ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရသူက ေျပာဆိုခဲ့တာပါ။

အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ ႐ုရွား၊ တ႐ုတ္နဲ႔ ဥေရာပသမဂၢ (EU) တို႔ ပါ၀င္ခဲ့ၾကတဲ့ အီရန္ႏ်ဴကလီးယားအေရး ၂၀၁၅ ခုႏွစ္ သေဘာတူညီခ်က္ကေန အရင္သမၼတ Donald Trump လက္ထက္ ၂၀၁၈ ခုႏွစ္မွာ ႏုတ္ထြက္ခဲ့ၿပီး၊ အီရန္အေပၚ ဒဏ္ခတ္မႈေတြ ျပန္လည္ ခ်မွတ္ခဲ့တာ ျဖစ္ပါတယ္။

အီရန္ႏိုင္ငံမွာ သေဘာထား တင္းမာတဲ့ Ebrahim Raisi သမၼတအျဖစ္ ေရြးေကာက္ပဲြမွာ အႏိုင္ရၿပီးေနာက္ပိုင္း ေဆြးေႏြးမႈေတြ ျပန္စဖို႔ EU နဲ႔ ကမာၻ႔အင္အားႀကီး ႏိုင္ငံေတြ တိုက္တြန္းေနၾကတာပါ။ အေမရိကန္သမၼတ Joe Biden ကလည္း သေဘာတူညီခ်က္ပါ အခ်က္ေတြအတိုင္း အီရန္က လိုက္နာမယ္ဆိုရင္ ေဆြးေႏြးမႈေတြ ျပန္စလိုေၾကာင္း ေျပာဆိုထားပါတယ္။

...............................

တိုက္႐ိုက္ လင့္ခ္

နျူကလီးယား ဆွေးနွေးပွဲပြန်စဖို့ အီရန် သဘောတူ

{{Unicode}}

အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေကို နိုဝင်ဘာလကုန် နောက်ဆုံးထား ပြန်လည်စတင်မှာဖြစ်ကြောင်း အီရန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလကုန်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြန်စဖို့ သဘောတူထားပြီး၊ ရက်အတိအကျကို ရှေ့သီတင်းပတ်မှာ ကြေညာမှာဖြစ်ကြောင်း အီရန်နိုင်ငံရဲ့ နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းရေးမှူး၊ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Ali Bagheri က Twitter လူမှုကွန်ရက်မှာ ဗုဒ္ဓဟူးနေ့က ပြောလိုက်တာပါ။

အမေရိကန် နိုင်ငံခြားရေးဌာနကတော့ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းမှုတွေလုပ်ဖို့ အီရန်ဖက်က ပြောဆိုနေတဲ့ သတင်းတွေ ကြားသိရပေမဲ့ အသေးစိတ်မသိကြောင်း ပြောပါတယ်။

သြစတြီးယားနိုင်ငံ ဗီယန်နာမြို့မှာ ဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ အမေရိကန်က ပြင်ဆင်ထားပြီး၊ ဇွန်လထဲ နောက်ဆုံးဆွေးနွေးချိန်မှာ ပြေလည်မှု မရသေးတဲ့ အသေးအဖွဲ ကိစ္စတချို့ကို ညှိနှိုင်းပြီး သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားကြောင်းလည်း နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နဲ့ ဥရောပသမဂ္ဂ (EU) တို့ ပါဝင်ခဲ့ကြတဲ့ အီရန်နျူကလီးယားအရေး ၂၀၁၅ ခုနှစ် သဘောတူညီချက်ကနေ အရင်သမ္မတ Donald Trump လက်ထက် ၂၀၁၈ ခုနှစ်မှာ နုတ်ထွက်ခဲ့ပြီး၊ အီရန်အပေါ် ဒဏ်ခတ်မှုတွေ ပြန်လည် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ သဘောထား တင်းမာတဲ့ Ebrahim Raisi သမ္မတအဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း ဆွေးနွေးမှုတွေ ပြန်စဖို့ EU နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ တိုက်တွန်းနေကြတာပါ။ အမေရိကန်သမ္မတ Joe Biden ကလည်း သဘောတူညီချက်ပါ အချက်တွေအတိုင်း အီရန်က လိုက်နာမယ်ဆိုရင် ဆွေးနွေးမှုတွေ ပြန်စလိုကြောင်း ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG