သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အီရန္ႏ်ဴကလီးယား သေဘာတူညီမႈ ျပန္လည္ရရွိေရး အလားအလာ ေမွးမွိန္


Blinken

အီရန္ႏ်ဴကလီးယား သေဘာတူညီမႈ ျပန္လည္ရရွိေရး အလားအလာ ေမွးမွိန္

{{Zawgyi/Unicode}}

အီရန္ႏုိင္ငံရဲ့ ႏ်ဴကလီးယား ထိန္းခ်ဳပ္ေရးၾကိဳးပမ္းမွုေတြမွာ သံတမန္နည္းအရ ျဖစ္ႏုိင္ေျခနည္းလာတဲ့ အတြက္၊ သံတမန္နည္းမဟုတ္တဲ့အျခားနည္းလမ္းေတြကုိ စဥ္းစားလာေနရတယ္လုိ့ အေမရိကန္ တာ၀န္ရွိသူေတြကေျပာဆုိလုိုက္ပါတယ္။

"အခ်ိန္ေတြသာကုန္လာခဲ့ေပမယ့္၊ အီရန္ႏုိင္ငံအေနနဲ့ ေကာင္းမြန္မွန္ကန္တဲ့ရည္ရြယ္ခ်က္ေတြနဲ့ ပူးေပါင္းေဆာင္ရြက္မွုမရွိတဲ့အတြက္ နည္းလမ္းေတြကုန္ဆုံးလာေနၿပီ "လုိ့ ကေန႔ ဗုဒၶဟူးေန့မွာ အေမရိကန္ ႏုိင္ငံျခား ေရး၀န္ႀကီး Antony Blinkien က အစၥေရး နဲ့ UAE ႏုိင္ငံျခားေရး၀န္ႀကီး ေတြနဲ့အတူျပု လုပ္ခဲ့တဲ့ သတင္းစားရွင္းလင္းပဲြမွာ ေျပာၾကားခဲ့ပါတယ္။

သံတမန္ေရးနည္းလမ္းဟာ အေကာင္းဆုံးနဲ့အထိေရာက္ဆုံးနည္းလမ္းျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ဘက္လုံးက သံတမန္နည္လမ္းနဲ့ ဆက္သြယ္လုပ္ေဆာင္ဖုိ့ေတာ့လုိပါတယ္။ ဒါေပမယ့္ အီရန္ဖက္က အဲဒီလုိ လုပ္ေဆာင္လုိတဲ့ဆႏၵရွိတယ္ဆုိတာမ်ိဳး မေတြ့ရပါဘူးလုိ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးကေျပာဆုိခဲ့ ပါတယ္။ အီရန္အေနနဲ့ လက္ရွိလုပ္ေဆာင္ေနပုံေတြကုိမေျပာင္းလည္းဘူးဆုိရင္ေတာ့ အျခားနည္း လမ္းေတြကုိေျပာင္းလဲဖုိ့ျပင္ဆင္ေနတယ္လုိ့ ႏုိင္ငံျခားေရး၀န္ႀကီး Blinkien ကေျပာဆုိခဲ့ပါတယ္။

အီရန္အေနနဲ့ ၂၀၁၅ ခုႏွစ္က သေဘာတူခဲ့တဲ့ ႏ်ဴကလီးယား ထိန္းခ်ဳပ္ေရးသေဘာတူညီခ်က္အတုိင္း ျပန္လည္လုပ္ေဆာင္ဖုိ့ အေမရိကန္နဲ့ သူ့ရဲ့မဟာမိတ္ေတြကက်ိဳးပမ္းေနတာပါ။

အီရန္အေနနဲ့ ႏ်ဴကလီးယားဆုိင္ရာသေဘာတူညီခ်က္ေတြကုိ ျပန္လည္လုိက္နာႏုိင္မယ့္ေမွ်ာ္လင့္ခ်က္ရွိပါေသးလားလုိ့ သတင္းေထာက္ေတြကေမးျမန္းတာကုိေတာ့ အီရန္အေနနဲ့ အျခားေကာင္းမြန္တဲ့ နည္းလမ္းေတြကုိ ေရြးခ်ယ္ႏုိင္ေျခရွိပါတယ္လုိ့ အီရန္ ႏ်ဴကလီးယားဆုိင္ရာအေမရိကန္အထူး ကုိယ္စားလွယ္ Robert Malley ကေတာ့ ေျပာဆုိခဲ့ပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

အီရန်နျူကလီးယား သဘောတူညီမှု ပြန်လည်ရရှိရေး အလားအလာ မှေးမှိန်

{{Unicode}}

အီရန်နိုင်ငံရဲ့ နျူကလီးယား ထိန်းချုပ်ရေးကြိုးပမ်းမှုတွေမှာ သံတမန်နည်းအရ ဖြစ်နိုင်ခြေနည်းလာတဲ့ အတွက်၊ သံတမန်နည်းမဟုတ်တဲ့အခြားနည်းလမ်းတွေကို စဉ်းစားလာနေရတယ်လို့ အမေရိကန် တာဝန်ရှိသူတွေကပြောဆိုလိုက်ပါတယ်။

"အချိန်တွေသာကုန်လာခဲ့ပေမယ့်၊ အီရန်နိုင်ငံအနေနဲ့ ကောင်းမွန်မှန်ကန်တဲ့ရည်ရွယ်ချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အတွက် နည်းလမ်းတွေကုန်ဆုံးလာနေပြီ "လို့ ကနေ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး Antony Blinkien က အစ္စရေး နဲ့ UAE နိုင်ငံခြားရေးဝန်ကြီး တွေနဲ့အတူပြု လုပ်ခဲ့တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သံတမန်ရေးနည်းလမ်းဟာ အကောင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဘက်လုံးက သံတမန်နည်လမ်းနဲ့ ဆက်သွယ်လုပ်ဆောင်ဖို့တော့လိုပါတယ်။ ဒါပေမယ့် အီရန်ဖက်က အဲဒီလို လုပ်ဆောင်လိုတဲ့ဆန္ဒရှိတယ်ဆိုတာမျိုး မတွေ့ရပါဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့ ပါတယ်။ အီရန်အနေနဲ့ လက်ရှိလုပ်ဆောင်နေပုံတွေကိုမပြောင်းလည်းဘူးဆိုရင်တော့ အခြားနည်း လမ်းတွေကိုပြောင်းလဲဖို့ပြင်ဆင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Blinkien ကပြောဆိုခဲ့ပါတယ်။

အီရန်အနေနဲ့ ၂၀၁၅ ခုနှစ်က သဘောတူခဲ့တဲ့ နျူကလီးယား ထိန်းချုပ်ရေးသဘောတူညီချက်အတိုင်း ပြန်လည်လုပ်ဆောင်ဖို့ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေကကျိုးပမ်းနေတာပါ။

အီရန်အနေနဲ့ နျူကလီးယားဆိုင်ရာသဘောတူညီချက်တွေကို ပြန်လည်လိုက်နာနိုင်မယ့်မျှော်လင့်ချက်ရှိပါသေးလားလို့ သတင်းထောက်တွေကမေးမြန်းတာကိုတော့ အီရန်အနေနဲ့ အခြားကောင်းမွန်တဲ့ နည်းလမ်းတွေကို ရွေးချယ်နိုင်ခြေရှိပါတယ်လို့ အီရန် နျူကလီးယားဆိုင်ရာအမေရိကန်အထူး ကိုယ်စားလှယ် Robert Malley ကတော့ ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG