သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏ်ဴကလီးယား အခ်က္အလက္ေတြ မေပးေတာ့ဘူးလို႔ အီရန္သတိေပး


အီရန္လႊတ္ေတာ္ဥကၠ႒ Mohammad Baqer Qalibaf (လယ္)။ (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကုလသမဂၢ ႏ်ဴကလီးယား ေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔နဲ႔ အီရန္အၾကား ရရွိထားတဲ့ အီရန္ရဲ႕ ႏ်ဴကလီးယား အစီအစဥ္ေတြကုိ ေစာင့္ၾကည့္ေရး သေဘာတူညီခ်က္ သက္တမ္းကုန္ဆုံးသြားၿပီ ျဖစ္တဲ့အတြက္ သူတုိ႔ရဲ႕ ႏ်ဴကလီးယားစက္႐ုံအတြင္းက ဓာတ္ပုံေတြကုိ ပုိ႔ေပးေတာ့မွာ မဟုတ္ဘူးလုိ႔ အီရန္လႊတ္ေတာ္ဥကၠ႒က တနဂၤေႏြေန႔မွာ ေျပာၾကားလုိက္ေၾကာင္း အီရန္ သတင္းမီဒီယာေတြမွာ ေဖာ္ျပထားပါတယ္။

“သေဘာတူညီခ်က္ဟာ သက္တမ္းကုန္ဆုံးၿပီ ျဖစ္တဲ့အတြက္ ႏ်ဴကလီးယားစက္႐ုံေတြနဲ႔ဆုိင္တဲ့ သတင္းအခ်က္အလက္ေတြကုိ IAEA ႏုိင္ငံတကာ ႏ်ဴကလီးယား ေအဂ်င္စီကုိ ေပးသြားမွာ မဟုတ္သလုိ ႏ်ဴကလီးယားစက္႐ုံေတြနဲ႔ ဆုိင္တဲ့ အခ်က္အလက္ေတြနဲ႔ ဓာတ္ပုံေတြဟာလည္း အီရန္ရဲ႕ ပုိင္ဆုိင္မႈအျဖစ္ ထားရွိသြားမွာ ျဖစ္ပါတယ္” လုိ႔ အီရန္လႊတ္ေတာ္ဥကၠ႒ Mohammad Baqer Qalibaf က ေျပာပါတယ္။

အီရန္လႊတ္ေတာ္ဥကၠ႒ရဲ႕ အခုလုိ ေျပာဆုိခ်က္ေၾကာင့္ ကမၻာ့အင္အားႀကီး ၅ ႏုိင္ငံနဲ႔ အီရန္အၾကား ၂၀၁၅ က ရရွိခဲ့တဲ့ ႏ်ဴကလီးယား သေဘာတူညီခ်က္ ျပန္အသက္သြင္းေရး ေဆြးေႏြးမႈေတြအတြက္ အခက္အခဲ ရွိသြားေစႏုိင္ပါတယ္။

လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းက အီရန္ ႏ်ဴကလီးယား သေဘာတူညီခ်က္ကေန အေမရိကန္သမၼတ Donald Trump က ႏုတ္ထြက္ခဲ့ၿပီး အီရန္အေပၚ ဒဏ္ခတ္ပိတ္ဆုိ႔မႈေတြ ျပန္လည္ခ်မွတ္ခဲ့ပါတယ္။ အေမရိကန္က အဲဒီလုိ ႏုတ္ထြက္လုိက္ၿပီးတဲ့ေနာက္ အီရန္ဘက္ကလည္း ႏ်ဴကလီးယား သေဘာတူညီခ်က္ အမ်ားအျပားကုိ ခ်ဳိးေဖာက္ခဲ့ပါတယ္။

အီရန္ရဲ႕ ႏ်ဴကလီးယား လုပ္ငန္းစဥ္ေတြကုိ ၃ လၾကာ ေစာင့္ၾကည့္ဖုိ႔ IAEA နဲ႔ အီရန္အၾကား ေဖေဖာ္ဝါရီလမွာ သေဘာတူညီခ်က္ ရထားခဲ့တာပါ။ သေဘာတူညီခ်က္ကုိ သက္တမ္းတုိးမယ္၊ မတုိးဘူးဆုိတဲ့ ကိစၥကုိ ႏုိင္ငံဥေသွ်ာင္က ဆုံးျဖတ္သြားမယ္လုိ႔ အီရန္ဘက္က ေျပာပါတယ္။

အီရန္ႏ်ဴကလီးယား သေဘာတူညီခ်က္ ျပန္အသက္ဝင္ႏုိင္ေရး ေဆြးေႏြးမႈေတြ ျပန္လုပ္လုိတဲ့အေၾကာင္း သမၼတ Biden က အေစာပုိင္းမွာ ေျပာထားၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ ႏ်ဴကလီးယားအစီအစဥ္ ေစာင့္ၾကည့္ေရး သေဘာတူညီခ်က္ကုိ အီရန္ဘက္က သက္တမ္းမတုိးရင္ ေဆြးေႏြးမႈေတြအတြက္ ထိခုိက္ေစႏုိင္တယ္လုိ႔ အေမရိကန္ ႏုိင္ငံျခားေရးဝန္ႀကီး Antony Blinken က ေသာၾကာေန႔မွာ သတိေပး ေျပာၾကားလုိက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

နျူကလီးယား အချက်အလက်တွေ မပေးတော့ဘူးလို့ အီရန်သတိပေး

ကုလသမဂ္ဂ နျူကလီးယား လေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့ အီရန်အကြား ရရှိထားတဲ့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်တွေကို စောင့်ကြည့်ရေး သဘောတူညီချက် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် သူတို့ရဲ့ နျူကလီးယားစက်ရုံအတွင်းက ဓာတ်ပုံတွေကို ပို့ပေးတော့မှာ မဟုတ်ဘူးလို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ကြောင်း အီရန် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

“သဘောတူညီချက်ဟာ သက်တမ်းကုန်ဆုံးပြီ ဖြစ်တဲ့အတွက် နျူကလီးယားစက်ရုံတွေနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေကို IAEA နိုင်ငံတကာ နျူကလီးယား အေဂျင်စီကို ပေးသွားမှာ မဟုတ်သလို နျူကလီးယားစက်ရုံတွေနဲ့ ဆိုင်တဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံတွေဟာလည်း အီရန်ရဲ့ ပိုင်ဆိုင်မှုအဖြစ် ထားရှိသွားမှာ ဖြစ်ပါတယ်” လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ Mohammad Baqer Qalibaf က ပြောပါတယ်။

အီရန်လွှတ်တော်ဥက္ကဋ္ဌရဲ့ အခုလို ပြောဆိုချက်ကြောင့် ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံနဲ့ အီရန်အကြား ၂၀၁၅ က ရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက် ပြန်အသက်သွင်းရေး ဆွေးနွေးမှုတွေအတွက် အခက်အခဲ ရှိသွားစေနိုင်ပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်သမ္မတ Donald Trump က နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်ခဲ့ပါတယ်။ အမေရိကန်က အဲဒီလို နုတ်ထွက်လိုက်ပြီးတဲ့နောက် အီရန်ဘက်ကလည်း နျူကလီးယား သဘောတူညီချက် အများအပြားကို ချိုးဖောက်ခဲ့ပါတယ်။

အီရန်ရဲ့ နျူကလီးယား လုပ်ငန်းစဉ်တွေကို ၃ လကြာ စောင့်ကြည့်ဖို့ IAEA နဲ့ အီရန်အကြား ဖေဖော်ဝါရီလမှာ သဘောတူညီချက် ရထားခဲ့တာပါ။ သဘောတူညီချက်ကို သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတဲ့ ကိစ္စကို နိုင်ငံဥသျှောင်က ဆုံးဖြတ်သွားမယ်လို့ အီရန်ဘက်က ပြောပါတယ်။

အီရန်နျူကလီးယား သဘောတူညီချက် ပြန်အသက်ဝင်နိုင်ရေး ဆွေးနွေးမှုတွေ ပြန်လုပ်လိုတဲ့အကြောင်း သမ္မတ Biden က အစောပိုင်းမှာ ပြောထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် နျူကလီးယားအစီအစဉ် စောင့်ကြည့်ရေး သဘောတူညီချက်ကို အီရန်ဘက်က သက်တမ်းမတိုးရင် ဆွေးနွေးမှုတွေအတွက် ထိခိုက်စေနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က သောကြာနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG