သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယားအရေး ၅ ကြိမ်မြောက်ဆွေးနွေးပွဲ စတင်


အီရန်နျူကလီးယားစာချုပ်အရေး ဗီယင်နာမှာဆွေးနွေးကြစဉ် မေ ၁၊ ၂၀၂၁။
အီရန်နျူကလီးယားစာချုပ်အရေး ဗီယင်နာမှာဆွေးနွေးကြစဉ် မေ ၁၊ ၂၀၂၁။

(Zawgyi/Unicode)
ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ၂၀၁၅ ခုနှစ်က သဘောတူခဲ့ကြတဲ့ အီရန်နျူကလီးယားဆိုင်ရာ စာချုပ်မှာ အမေရိကန် ပြန်လည် ပါဝင်လာရေး ၅ ကြိမ်မြောက် ဆွေးနွေးမှုတွေ Austria နိုင်ငံ Vienna မြို့မှာ အင်္ဂါနေ့က စတင်လိုက်ပါတယ်။

အီရန်နိုင်ငံရဲ့ နျူကလီးယား လုပ်ငန်းတွေကို နောက်ထပ် ၁ လ စောင့်ကြည့်အကဲခတ်ဖို့ ကုလသမဂ္ဂ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) နဲ့ သဘောတူညီမှု ရခဲ့ပြီး နောက်တရက်မှာပဲ ဆွေးနွေးမှုတွေ ပြန်စလိုက်တာပါ။

ဆွေးနွေးမှုတွေမှာ အမေရိကန်က တိုက်ရိုက်ပါဝင်မှု မရှိပေမဲ့ ပြီးခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်း၊ အမေရိကန်ရဲ့ အီရန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Rob Malley ဟာ Vienna မြို့မှာ ရှိနေပြီး ဆွေးနွေးပွဲမှာ ပါဝင်ကြတဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှား၊ တရုတ်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ဆက်ဆံပြောဆိုနေတာ ဖြစ်ပါတယ်။

ရုရှားကိုယ်စားလှယ် Mikhail Ulyanov ကတော့ ဆုံးဖြတ်ချက်တရပ် ရဖို့နီးစပ်နေပြီး၊ Vienna မြို့က ဆွေးနွေးမှုတွေဟာ ဒီတကြိမ် နောက်ဆုံး ဖြစ်နိုင်တယ်လို့လည်း လုပ်ငန်းအကောင်အထည်ဖော်ရေး ပူးတွဲကော်မရှင်ရဲ့ အင်္ဂါနေ့က အစည်းအဝေးပွဲ အပြီးမှာ ပြောဆိုခဲ့တာပါ။ အီရန်ကိုယ်စားလှယ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကလည်း ပြီးခဲ့တဲ့ ဆွေးနွေးမှု ၄ ကြိမ်အတွင်း တိုးတက်မှုတွေ ရှိခဲ့ပြီး၊ ဒီတကြိမ်ဟာ နောက်ဆုံးဖြစ်မယ်လို့ မျှော်လင့်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားကို ပြောဆိုခဲ့ပါတယ်။

အမေရိကန် အထူးကိုယ်စားလှယ် Malley ကတော့ ပြီးခဲ့တဲ့ ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေနဲ့ အဓိပ္ပါယ်ရှိခဲ့ကြောင်း ပြောခဲ့ပေမဲ့ လုပ်စရာတွေ အများအပြား ကျန်နေသေးကြောင်းလည်း တနင်္လာနေ့တုန်းကပဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


..........

(Unicode)





XS
SM
MD
LG