သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယားလုပ်ငန်းခွင် စောင့်ကြည့်ကင်မရာ အသုံးပြုခွင့်ပေးမည်


အီရန် နျူကလီးယားစက်ရုံတခု။ (သြဂုတ် ၂၁၊ ၂၀၁၀)
အီရန် နျူကလီးယားစက်ရုံတခု။ (သြဂုတ် ၂၁၊ ၂၀၁၀)

(Zawgyi / Unicode)

အီရန်နိုင်ငံက နျူကလီးယားလုပ်ငန်းခွင် နေရာတွေမှာ နိုင်ငံတကာ စုံစမ်းစစ်ဆေးသူတွေရဲ့ လုံခြုံရေး စောင့်ကြည့်ကင်မရာ အသုံးပြု ရိုက်ကူးခွင့်ကို အီရန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။ ဒါဟာ ဒီသီတင်းပတ်ထဲ သံတမန်ရေး ထိပ်တိုက်ရင်ဆိုင်ရမယ့်အရေးကို ရှောင်လွှဲလိုက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ (IAEA) အကြီးအကဲ Rafael Grossi နဲ့ အီရန်ရဲ့ အနုမြူစွမ်းအင်အဖွဲ့ (AEOI) အကြီးအကဲ Mohammad Eslami တို့ တီဟီရန်မြို့မှာ တွေ့ဆုံမှုအပြီး ဒီခွင့်ပြုမိန့်ကို စက်တင်ဘာ ၁၂ ရက်နေ့က ကြေညာခဲ့တာပါ။

၂၀၁၅ အီရန် နျူကလီးယား သဘောတူစာချုပ်ကို ပြန်စနိုင်ဖို့ ကြိုးပမ်းနေကြချိန်မှာ အီရန်နဲ့ အနောက်နိုင်ငံတွေကြား ရှိနေတဲ့ တင်းမာမှုတွေ ပြေလျော့စေဖို့ ရည်ရွယ်ပြီး အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

လုံခြုံရေး စောင့်ကြည့်ကင်မရာနဲ့ ဒေတာ သိမ်းဆည်းထားနိုင်မယ့် Hard-Drive တွေကို IAEA နဲ့ AEOI နှစ်ဖွဲ့ရဲ့ ပူးတွဲကြီးကြပ်မှုအောက်မှာ အသုံးပြုသွားရမှာ ဖြစ်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ အီရန်က အခုလို ခွင့်ပြုချက် ပေးလိုက်တာအတွက် ကြိုဆိုကြောင်း IAEA အကြီးအကဲ Grossi က ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)






XS
SM
MD
LG