သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ ႏ်ဴကလီယားေဆြးေႏြးပြဲ ျပန္စမယ္လို႔ အီရန္ထုတ္ျပန္


{{Zawgyi/Unicode}}

အီရန္ ႏ်ဴကလီးယားအေရးနဲ႔ပတ္သက္လို႔ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြနဲ႔ အီရန္အၾကား ေဆြးေႏြးပြဲေတြ လာမယ့္ရက္ပိုင္းေတြအတြင္း ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရက္ဆဲလ္ၿမိဳ႕ေတာ္မွာ ျပန္စမယ္လို႔ အီရန္ဘက္က ဒီကေန႔ တနလၤာေန႔မွာပဲ ေျပာဆိုသြားပါတယ္။

ဥေရာပသမဂၢ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာ ထိပ္တန္းအရာရွိ Enrique Mora နဲ႔ အီရန္ ဒုတိယ ႏိုင္ငံျခားေရးဝန္ႀကီး Ali Bagheri တို႔ၾကား ၿပီးခဲ့တဲ့သီတင္းပတ္က အျပဳသေဘာေဆာင္ ေဆြးေႏြးတာေတြ လုပ္ႏိုင္ခဲ့ၿပီး သူတို႔ ဆက္ၿပီးလည္း ေဆြးေႏြးမႈေတြ ဆက္လုပ္သြားမယ့္အေၾကာင္း အီရန္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Saeed Khatibzadeh က ေျပာသြားတာပါ။

အီရန္အေပၚ ပိတ္ဆို႔ဒဏ္ခတ္ အေရးယူမႈအားလုံး ျပန္႐ုပ္သိမ္းေပးဖို႔လည္း ေတာင္းဆိုသြားခဲ့ၿပီး ၂၀၁၅ အီရန္ န်ဴကလီးယား သေဘာတူညီခ်က္ကေန အေမရိကန္ ႏုတ္ထြက္သြားခဲ့တဲ့ကိစၥကိုပါ ျပန္ ရည္ၫႊန္းသြားခဲ့ၿပီး အေမရိကန္အေနနဲ႔ အဲ့ဒီလို ကမာၻႀကီးကို ပ်က္ရယ္ျပဳ ကစားတာမ်ိဳး ထပ္မျဖစ္ေအာင္ အာမခံေစခ်င္တယ္လို႔ အီရန္ ဒုဝန္ႀကီးက ေျပာသြားပါတယ္။ အေမရိကန္ဘက္က ေဆြးေႏြးပြဲမွာ ျပန္ပါဖို႔အတြက္လည္း အီရန္ဘက္က ဘာႀကိဳတင္သတ္မွတ္ခ်က္မွ မထားပါဘူးလို႔ သူကေျပာပါတယ္။

အေမရိကန္နဲ႔ အစၥေရးႏိုင္ငံေတြကေတာ့ အီရန္အေနနဲ႔ န်ဴကလီးယားအေရး ေစ့စပ္ညႇိႏႈိင္းမႈေတြကို စိတ္ ေစတနာေကာင္းထားၿပီး ျပန္လည္ စတင္ဖို႔၊ အခ်ိန္မီ မစဘူးဆိုရင္ တျခားနည္းလမ္းသုံး ကိုင္တြယ္တာေတြ လုပ္သြားမယ့္အေၾကာင္း ၿပီးခဲ့တဲ့ သီတင္းပတ္ကပဲ ေျပာသြားပါတယ္။ ဒီႏွစ္အစပိုင္းမွာ ျပန္အသက္သြင္းဖို႔ ႀကိဳးစားတဲ့ သူတို႔ေဆြးေႏြးပြဲ က်န႔္ၾကာေနခဲ့ၿပီးေနာက္ အီရန္က ၂၀၁၅ သေဘာတူညီခ်က္ တခ်ိဳ႕အခ်က္ေတြကို ခ်ိဳးေဖာက္ခဲ့ပါတယ္။ သူတို႔က nuclear လက္နက္ ထုတ္လုပ္ႏိုင္ဆင့္နီးပါးရွိေအာင္ ယူေရနီယံသတၱဳ ပမာဏနည္းနည္းကို သန႔္စင္ႏိုင္ခဲ့ၿပီး သန႔္စင္ၿပီးယူေရနီယံေတြကို ပိုတိုးစုေဆာင္းေနတာပါ။

တိုက္႐ိုက္ လင့္ခ္


==========

{{Unicode}}

အီရန်နူကလီးယားဆွေးနွေးပွဲ ပြန်စမယ်လို့ အီရန်ထုတ်ပြန်

အီရန် နျူကလီးယားအရေးနဲ့ပတ်သက်လို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်အကြား ဆွေးနွေးပွဲတွေ လာမယ့်ရက်ပိုင်းတွေအတွင်း ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့တော်မှာ ပြန်စမယ်လို့ အီရန်ဘက်က ဒီကနေ့ တနင်္လာနေ့မှာပဲ ပြောဆိုသွားပါတယ်။

ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ထိပ်တန်းအရာရှိ Enrique Mora နဲ့ အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Ali Bagheri တို့ကြား ပြီးခဲ့တဲ့သီတင်းပတ်က အပြုသဘောဆောင် ဆွေးနွေးတာတွေ လုပ်နိုင်ခဲ့ပြီး သူတို့ ဆက်ပြီးလည်း ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ့်အကြောင်း အီရန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Saeed Khatibzadeh က ပြောသွားတာပါ။

အီရန်အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုအားလုံး ပြန်ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုသွားခဲ့ပြီး ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်သွားခဲ့တဲ့ကိစ္စကိုပါ ပြန် ရည်ညွှန်းသွားခဲ့ပြီး အမေရိကန်အနေနဲ့ အဲ့ဒီလို ကမ္ဘာကြီးကို ပျက်ရယ်ပြု ကစားတာမျိုး ထပ်မဖြစ်အောင် အာမခံစေချင်တယ်လို့ အီရန် ဒုဝန်ကြီးက ပြောသွားပါတယ်။ အမေရိကန်ဘက်က ဆွေးနွေးပွဲမှာ ပြန်ပါဖို့အတွက်လည်း အီရန်ဘက်က ဘာကြိုတင်သတ်မှတ်ချက်မှ မထားပါဘူးလို့ သူကပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးနိုင်ငံတွေကတော့ အီရန်အနေနဲ့ နျူကလီးယားအရေး စေ့စပ်ညှိနှိုင်းမှုတွေကို စိတ် စေတနာကောင်းထားပြီး ပြန်လည် စတင်ဖို့၊ အချိန်မီ မစဘူးဆိုရင် တခြားနည်းလမ်းသုံး ကိုင်တွယ်တာတွေ လုပ်သွားမယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ပြောသွားပါတယ်။ ဒီနှစ်အစပိုင်းမှာ ပြန်အသက်သွင်းဖို့ ကြိုးစားတဲ့ သူတို့ဆွေးနွေးပွဲ ကျန့်ကြာနေခဲ့ပြီးနောက် အီရန်က ၂၀၁၅ သဘောတူညီချက် တချို့အချက်တွေကို ချိုးဖောက်ခဲ့ပါတယ်။ သူတို့က nuclear လက်နက် ထုတ်လုပ်နိုင်ဆင့်နီးပါးရှိအောင် ယူရေနီယံသတ္တု ပမာဏနည်းနည်းကို သန့်စင်နိုင်ခဲ့ပြီး သန့်စင်ပြီးယူရေနီယံတွေကို ပိုတိုးစုဆောင်းနေတာပါ။

#IranNuclear #VOABurmese

XS
SM
MD
LG