သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သေဘာတူညီခ်က္ မပယ္ဖ်က္ဘူးဆိုတဲ့ ကန္အာမခံခ်က္ အီရန္လိုလား


အီရန္သမၼတ Ebrahim Raisi. (ၾသဂုတ္ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

သေဘာတူညီခ်က္ကို ျပန္အသက္သြင္းဖို႔ ေဆြးေႏြးေနတာ ေအာင္ျမင္ခ်င္ရင္ ၂၀၁၅ တုန္းက ခ်ဳပ္ဆိုထားခဲ့တဲ့ သေဘာတူညီခ်က္ကို ပယ္ဖ်က္လိမ့္မယ္မဟုတ္ဘူး ဆိုတဲ့ အာမခံခ်က္ေတြကို အေမရိကန္က ေပးသင့္တယ္လို႔ အီရန္ႏုိင္ငံက တနလၤာေန႔က ေျပာလိုက္ပါတယ္။

အီရန္မွာ သေဘာထားတင္းမာတဲ့ သမၼတ Ebrahim Raisi ဇြန္လက တက္လာၿပီးတဲ့ေနာက္ ေဝ့လည္ေၾကာင္ပတ္ ျဖစ္သြားခဲ့တဲ့ ေဆြးေႏြးပြဲေတြကို ႏုိဝင္ဘာ ၂၉ ရက္ေန႔ ဗီယင္နာမွာ အေမရိကန္နဲ႔ အီရန္တို႔ ျပန္လည္ေဆြးေႏြးၾကဖို႔ ရွိပါတယ္။ လြန္ခဲ့တဲ့သုံးႏွစ္က မစၥတာထရမ့္ သမၼတ ျဖစ္လာၿပီးတဲ့ေနာက္ သေဘာတူညီခ်က္ကို ျပန္႐ုပ္သိမ္းခဲ့ၿပီး အီရန္အေပၚ အေရးယူ ပိတ္ဆို႔ခဲ့ပါတယ္။

အေမရိကန္ဟာ အီရန္အေပၚ ခ်မွတ္ထားတဲ့ အေရးယူပိတ္ဆို႔မႈ အားလုံးကို ႐ုပ္သိမ္းၿပီး အဲဒီလို ႐ုပ္သိမ္းရာမွာလည္း ဟုတ္မဟုတ္ စစ္ေဆးလို႔ရတဲ့ ျဖစ္စဥ္ေတြရွိရမွာ ျဖစ္သလို ‌သေဘာတူညီခ်က္ ေျမာင္းထဲေရာက္သြားခဲ့ရတဲ့ ကိုယ့္အမွားကို ကိုယ္အသိအမွတ္ျပဳရမယ္လို႔ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ Saeed Khatibzadeh က ေျပာပါတယ္။

အီရန္ရဲ႕ ႏ်ဴကလီးယား ေဆြးေႏြးပြဲ ေခါင္းေဆာင္ Ali Bagheri-Kani ဟာ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးခဲ့တဲ့ ဥေရာပသုံးႏုိင္ငံကို ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးအျဖစ္ ဒီအပတ္အတြင္းမွာ ခရီးထြက္လိမ့္မယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

သဘောတူညီချက် မပယ်ဖျက်ဘူးဆိုတဲ့ ကန်အာမခံချက် အီရန်လိုလား

သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ ဆွေးနွေးနေတာ အောင်မြင်ချင်ရင် ၂၀၁၅ တုန်းက ချုပ်ဆိုထားခဲ့တဲ့ သဘောတူညီချက်ကို ပယ်ဖျက်လိမ့်မယ်မဟုတ်ဘူး ဆိုတဲ့ အာမခံချက်တွေကို အမေရိကန်က ပေးသင့်တယ်လို့ အီရန်နိုင်ငံက တနင်္လာနေ့က ပြောလိုက်ပါတယ်။

အီရန်မှာ သဘောထားတင်းမာတဲ့ သမ္မတ Ebrahim Raisi ဇွန်လက တက်လာပြီးတဲ့နောက် ဝေ့လည်ကြောင်ပတ် ဖြစ်သွားခဲ့တဲ့ ဆွေးနွေးပွဲတွေကို နိုဝင်ဘာ ၂၉ ရက်နေ့ ဗီယင်နာမှာ အမေရိကန်နဲ့ အီရန်တို့ ပြန်လည်ဆွေးနွေးကြဖို့ ရှိပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က မစ္စတာထရမ့် သမ္မတ ဖြစ်လာပြီးတဲ့နောက် သဘောတူညီချက်ကို ပြန်ရုပ်သိမ်းခဲ့ပြီး အီရန်အပေါ် အရေးယူ ပိတ်ဆို့ခဲ့ပါတယ်။

အမေရိကန်ဟာ အီရန်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းပြီး အဲဒီလို ရုပ်သိမ်းရာမှာလည်း ဟုတ်မဟုတ် စစ်ဆေးလို့ရတဲ့ ဖြစ်စဉ်တွေရှိရမှာ ဖြစ်သလို ‌သဘောတူညီချက် မြောင်းထဲရောက်သွားခဲ့ရတဲ့ ကိုယ့်အမှားကို ကိုယ်အသိအမှတ်ပြုရမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadeh က ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား ဆွေးနွေးပွဲ ခေါင်းဆောင် Ali Bagheri-Kani ဟာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တဲ့ ဥရောပသုံးနိုင်ငံကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒီအပတ်အတွင်းမှာ ခရီးထွက်လိမ့်မယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG