သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယားအရေးဆွေးနွေးပွဲ ပြန်စတင်


သြစတြီးလျားနိုင်ငံ၊ ဗီယင်နာမြို့က အီရန်နျူကလီးယားအရေး ဆွေးနွေးနေတဲ့ အဆောက်အဦး (နိုဝင်ဘာ ၂၉ ၊ ၂၀၂၁)
သြစတြီးလျားနိုင်ငံ၊ ဗီယင်နာမြို့က အီရန်နျူကလီးယားအရေး ဆွေးနွေးနေတဲ့ အဆောက်အဦး (နိုဝင်ဘာ ၂၉ ၊ ၂၀၂၁)

{{Zawgyi/Unicode}}

၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ အီရန်နျူကလီးယားသဘောတူညီချက်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ၅ လကြာလောက် ရပ်တန့်နေခဲ့ရာက အီရန်မှာ သမ္မတသစ် တက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သြစတီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ ဒီကနေ့ ပြန်စပါတယ်။

အီရန်အနေနဲ့ အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီချက်ရဖို့အတွက် စိတ်ပိုင်းဖြတ်ပြီး ဒီစည်းဝေးပွဲကို ရောက်လာခြင်းဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက သတင်းထောက်တွေကို ဒီကနေ့ပဲ ပြောကြားလိုက်ပါတယ်။

ဧပြီလမှာ စတင်ခဲ့တဲ့ ဆွေးနွေးပွဲ ၆ ခုတုန်းကလိုပဲ အမေရိကန်ပြည်ထောင်စုက ဒီ ဆွေးနွေးပွဲတွေမှာ တိုက်ရိုက် ပါဝင်ဆွေးနွေးခြင်း မရှိပါဘူး။ JCPA - ဘက်စုံပါဝင်တဲ့ ပူးတွဲလုပ်ငန်းစဉ်လို့ အမည်ပေးထားတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက် မရရှိခင် ပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေတုန်းကလည်း အမေရိကန်ပြည်ထောင်စုဟာ တိုက်ရိုက် ပါဝင်ဆွေးနွေးခဲ့ခြင်း မရှိပါဘူး။

အီရန် နျူကလီးယားသဘောတူညီချက်မှာ ပါဝင်ကြတဲ့ ကျန် ၅ နိုင်ငံဖြစ်တဲ့ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနဲ့ ဂျာမနီတို့နဲ့သာ အီရန်က တိုက်ရိုက် ဆွေးနွေးမှာဖြစ်ပြီး ရလဒ်တွေနဲ့ပတ်သက်လို့ ဥရောပနိုင်ငံတွေက အမေရိကန်နဲ့ ပြန်လည် ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံအကြား လက်ရှိ ဆွေးနွေးနေကြတဲ့ အဓိကအကြောင်းအရာတွေကတော့ - အရင် ၂၀၁၅ ခုနှစ်မှာ ရရှိထားတဲ့ သဘောတူညီချက်အတိုင်း - အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျော့ရေးအတွက် အီရန်ဘက်က သူ့ရဲ့နျူကလီးယားအစီအစဉ်တွေကို ၁၀ နှစ်ကနေ ၁၅ အကြား ဆိုင်းငံပေးထားရမှာ ဖြစ်ပါတယ်။

အရင် အမေရိကန်သမ္မတ Donald Trump လက်ထက် ၂၀၁၈ ခုနှစ်မှာ အမေရိကန်က ဒီ အီရန် နျူကလီးယားသဘောတူညီချက်ကနေ နုတ်ထွက်ခဲ့ပြီးတဲ့နောက် အီရန်ကလည်း သဘောတူညီချက်ပါ သူ့ဘက်ကလိုက်နာရမယ့် စည်းကမ်းချက်တွေကို လိုက်နာခြင်း မရှိတော့ပါဘူး။

တိုက်ရိုက် လင့်ခ်

===========

{{Unicode}}








#IranNuclear #VOABurmese

XS
SM
MD
LG