သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ႏ်ဴကလီယားအေရး ေဆြးေႏြးပြဲျပန္စတင္


Iran Nuclear Power Plant

[[Zawgyi/Unicode]]

အေမရိကန္နဲ႔ အီရန္ၾကား ႏ်ဴကလီယား ေဆြးေႏြးပြဲကို ဗီယင္နာမွာ တနလၤာေန႔က ျပန္လည္ စတင္လိုက္ပါတယ္။ ပိတ္ဆို႔အေရးယူတာကို ေလွ်ာ့ခ်ဖို႔ အီရန္ရဲ႕ႏ်ူကလီယား အစီအစဥ္ကို ကန႔္သတ္ခဲ့တဲ့ ၂၀၁၅ ႏိုင္ငံတကာ သေဘာတူညီခ်က္ကို ျပန္လည္ အသက္သြင္းႏိုင္ဖို႔အတြက္ ခုလို အစည္းအေဝး လုပ္ေနၾကတာပါ။ ႏွစ္သစ္ကူးမွာ ရပ္နားထားခဲ့ၿပီး ခု ျပန္လည္စတင္တာ ျဖစ္ပါတယ္။

ကိစၥရပ္ေတြအေပၚမွာ နက္နက္ရႈိင္ရႈိင္း ေဆြးေႏြးတဲ့အဆင့္ကို ေရာက္ေနပါၿပီလို႔ အီရန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။ ႏွစ္ဘက္လုံးကေတာ့ တိုးတက္မႈ ရွိတယ္လို႔ ေျပာၾကပါတယ္။ ဒါေပမဲ့ အေမရိကန္ဘက္က အျမင့္ဆုံး ေတာင္းဆိုမႈဆိုတာအေပၚ အီရန္က အျပစ္တင္ ေျပာဆိုၿပီး အီရန္က ပိုမို အျပဳသေဘာ ခ်ဥ္းကပ္လာေၾကာင္း ေျပာဆိုဖို႔ ေစာေသးတယ္လို႔ အေမရိကန္ ေျပာပါတယ္။

ႏွစ္ဘက္လုံးကေတာ့ သေဘာတူညီခ်က္ ျပန္ရရွိဖို႔ လိုလိုလားလားရွိတာကို ျပသၾကပါတယ္။ ယခင္ သေဘာတူညီခ်က္မွာ ပါဝင္လက္မွတ္‌ေရးထိုးခဲ့ၾကတဲ့ တျခားႏိုင္ငံေတြက အေမရိကန္နဲ႔ အီရန္ၾကားမွာ ၾကားဝင္ေစ့စပ္တဲ့နည္းလမ္းနဲ႔ သြယ္ဝိုက္ ေဆြးေႏြးပြဲကို က်င္းပေနတာ ျဖစ္ပါတယ္။ ေဆြးေႏြးပြဲေတြကို ဧၿပီလက စခဲ့တာပါ။

အီရန္ႏ်ဴကလီယားအေရး ေဆြးေႏြးပြဲျပန္စတင္
please wait

No media source currently available

0:00 0:00:56 0:00
တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]

အီရန်နျူကလီယားအရေး ဆွေးနွေးပွဲပြန်စတင်

အမေရိကန်နဲ့ အီရန်ကြား နျူကလီယား ဆွေးနွေးပွဲကို ဗီယင်နာမှာ တနင်္လာနေ့က ပြန်လည် စတင်လိုက်ပါတယ်။ ပိတ်ဆို့အရေးယူတာကို လျှော့ချဖို့ အီရန်ရဲ့နျူကလီယား အစီအစဉ်ကို ကန့်သတ်ခဲ့တဲ့ ၂၀၁၅ နိုင်ငံတကာ သဘောတူညီချက်ကို ပြန်လည် အသက်သွင်းနိုင်ဖို့အတွက် ခုလို အစည်းအဝေး လုပ်နေကြတာပါ။ နှစ်သစ်ကူးမှာ ရပ်နားထားခဲ့ပြီး ခု ပြန်လည်စတင်တာ ဖြစ်ပါတယ်။

ကိစ္စရပ်တွေအပေါ်မှာ နက်နက်ရှိုင်ရှိုင်း ဆွေးနွေးတဲ့အဆင့်ကို ရောက်နေပါပြီလို့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ နှစ်ဘက်လုံးကတော့ တိုးတက်မှု ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်က အမြင့်ဆုံး တောင်းဆိုမှုဆိုတာအပေါ် အီရန်က အပြစ်တင် ပြောဆိုပြီး အီရန်က ပိုမို အပြုသဘော ချဉ်းကပ်လာကြောင်း ပြောဆိုဖို့ စောသေးတယ်လို့ အမေရိကန် ပြောပါတယ်။

နှစ်ဘက်လုံးကတော့ သဘောတူညီချက် ပြန်ရရှိဖို့ လိုလိုလားလားရှိတာကို ပြသကြပါတယ်။ ယခင် သဘောတူညီချက်မှာ ပါဝင်လက်မှတ်‌ရေးထိုးခဲ့ကြတဲ့ တခြားနိုင်ငံတွေက အမေရိကန်နဲ့ အီရန်ကြားမှာ ကြားဝင်စေ့စပ်တဲ့နည်းလမ်းနဲ့ သွယ်ဝိုက် ဆွေးနွေးပွဲကို ကျင်းပနေတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေကို ဧပြီလက စခဲ့တာပါ။

#IranNuclear #IranUS #VOABurmese

XS
SM
MD
LG