သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူးကလီးယား အရေး ဆွေးနွေးပွဲ ပြန်လည်စတင်


(Zawgyi / Unicode)

အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီး ၅ နိုင်ငံပါဝင်တဲ့ နျူးကလီးယား ဆွေးနွေးပွဲကို တနင်္လာ နေ့မှာပြန်လည်စတင်လိုက်ပါတယ်။ အီရန်ဘက်က နျူးကလီးယား အစီအစဉ်တွေကို ထိန်းချုပ်ရပ်တန့်ပေးမယ်ဆိုရင် အမေရိကန်နဲ့ မဟာမိတ်တွေက ပိတ်ဆို့အရေးယူထား တာတွေကို ဖယ်ရှားပေးဖို့ သဘောတူထားတဲ့ ၂၀၁၅ ခုနှစ်သေဘာတူညီချက်ကို ပြန်လည်ရရှိဖို့ အဓိက ဆွေးနွေးနေတာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ဆွေးနွေးပွဲတွေ အဆင်မပြေဖြစ်ပြီးနောက် အမေရိကန် သမ္မတ Donald Trump က ၂၀၁၅ ခုနှစ် သဘောတူညီချက် ထဲကနေ ထွက်ခဲ့ပြီး အီရန်အပေါ် ရေနံရောင်းဝယ်မှု အပါအဝင် စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်ချမှတ်ခဲ့ပါတယ်။

အီရန်ဘက်ကလည်း နျူးကလီးယား လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး ယူရေနီယံ သန့်စင်မှု ၆၀ ရာခိုင်နှုန်း လောက်အထိ ရောက်ရှိသွားပြီး လက်နက်ထုတ်လုပ်နိုင်ဖို့ ပိုမိုနီးစပ်လာတဲ့ အနေအထားကို ရောက်ရှိသွားပါတယ်။

အခုအခါမှာတော့ ရှေးရိုးစွဲ အီရန်အစိုးရရဲ့ သမ္မတ Ebrahim Raisi ကတော့ နျူးကလီးယား အစီအစဉ်တွေ မရပ်ဆိုင်းမီ စီးပွားရေး ပိတ်ဆို့ထားတာတွေကို အကုန်ဖယ် ရှားပေးဖို့ တောင်းဆိုထားသလို အီရန်နိုင်ငံခြားရေးဝန်ကြီးလည်း နောက်လာမယ့် ဆွေးနွေးပွဲဟာ စီးပွားရေး ပိတ်ဆိုထားမှု ဖယ်ရှားပေးဖို့ကို အဓိကထား ဆွေးနွေးဖို့ လိုလားတယ်လို့ ပြောဆိုထားပါတယ်။

အီရန်က အမေရိကန်နဲ့ မဟာမိတ်တွေ စီးပွားရေး ပိတ်ဆို့ထားတာကို ဖယ်ရှားပေးဖို့ဘဲ တောင်းဆိုနေတဲ့ အတွက် အချိန်ကြန့်ကြာတယ်လို့ သံတမန်တွေကသတိပေး ထားပါတယ်။ အမေရိကန် သမ္မတ Joe Biden အစိုးရကတော့ ၂၀၁၅ သဘောတူညီချက်ကို ပြန်လည်ဝင်ရောက်ဖို့ လိုလားနေပါတယ်။ အစ္စရေးကတော့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို လက်မခံဘဲ လိုအပ်ရင် သူတို့အစီအစဉ် နဲ့သူတို့ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


(Unicode)








XS
SM
MD
LG