သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအက်ပ္အတည္း ကမာၻ႔ေခါင္းေဆာင္ေတြ အျပန္အလွန္ညႇိဳႏႈိင္းေန


ယူကရိန္းျပည္သူအားလံုး “ေၾကက္စိတ္မမႊန္နဲ႔၊ အသင့္ျပင္” ဆိုတဲ့လံႈ႕ေဆာ္ေရးသင္တန္းတခုမွာ ေဒသခံတဦးက ေမာ္လ္လိုေတာ့ဗ္ ေကာ့ေတးကိုသံုးဖို႔ ျပင္ေနစဥ္။ (ေဖေဖၚဝါရီ ၆၊ ၂၀၂၂)

[[Zawgyi/Unicode}}

ယူကရိန္းအက်ပ္အတည္းနဲ႔ပတ္သက္ၿပီး ဒီကေန႔ တနလၤာေန႔မွာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz တို႔ ဝါရွင္တန္ဒီစီမွာ ေတြ႔ဆုံဖို႔ရွိသလို ျပင္သစ္သမၼတ Macron နဲ႔ ႐ုရွားသမၼတပူတင္တို႔လည္း ေမာ္စကိုမွာ ေတြ႔ဆုံေဆြးေႏြးၾကဖို႔ ရွိပါတယ္။

Scholz ဟာ ဒီ အပတ္ထဲမွာ ႐ုရွားနဲ႔ ယူကရိန္းကို သြားေရာက္ေဆြးေႏြးဖို႔လည္း ရွိပါတယ္။
အေမရိကန္က ပိုလန္နဲ႔ ႐ိုေမးနီးယားကို တပ္ေတြထပ္တိုးပို႔ထားပါတယ္။ လစ္သူေရးနီးယား မွာရွိတဲ့ ဂ်ာမန္ဦးေဆာင္တဲ့ တပ္ေတြရဲ႕အင္အားကို တိုးျမႇင့္ဖို႔ ဖြင့္ထားေၾကာင္း Scholz က တနဂၤေႏြေန႔က ေျပာခဲ့ပါတယ္။

အေမရိကန္က ယူကရိန္းကို လက္နက္ပစၥည္းေတြနဲ႔ သံခ်ပ္ကာကားပစ္ ဒုံးက်ည္ေတြကို ပို႔ေပးခဲ့ေပမယ့္ ဂ်ာမနီကေတာ့ အဲဒီလို တိုက္ခိုက္ေရးလက္နက္ေတြကို ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြကို မပို႔ဘူးဆိုတဲ့မူဝါဒရွိတာေၾကာင့္ ပို႔မေပးခဲ့တာ ျဖစ္ပါတယ္လို႔ဆိုပါတယ္။

ဂ်ာမနီဟာ ႐ုရွားရဲ႕သဘာဝဓာတ္ေငြ႔ကို ဂ်ာမနီအထိသယ္ယူမယ့္ပိုက္လိုင္း တည္ေဆာက္ေရး စီမံကိန္းတရပ္ရွိေနၿပီး စစ္ျဖစ္လာခဲ့ရင္ ဒီ စီမံခ်က္ကို ရပ္ဆိုင္းလိုက္ရမွာပါ။

႐ုရွားက ယူကရိန္းကို အခ်ိန္မေ႐ြးဝင္တိုက္ႏိုင္တယ္လို႔ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရး အႀကံေပးအရာရွိ Jake Sullivan က တနဂၤေႏြေန႔တုန္းက NBC သတင္းဌာနကို ေျပာၾကားခဲ့ၿပီးတဲ့ေနာက္ ေခါင္းေဆာင္ေတြၾကား ခုလို ေဆြးေႏြးပြဲေတြ ျဖစ္ေပၚလာတာပါ။

႐ုရွားတပ္ေတြရဲ႕ ၇၀ % က တိုက္ခိုက္ဖို႔ အေနအထားမွာ ရွိေနၿပီလို႔လည္း သူက ဆိုပါတယ္။ ႐ုရွားရဲ႕ လုံၿခဳံေရးဆိုင္ရာစိုးရိမ္မႈေတြကိုလည္း ေဆြးေႏြးဖို႔ အေမရိကန္မွာဆႏၵရွိပါတယ္လို႔ ေျပာခဲ့ေပမဲ့ အဖြဲဝင္ျဖစ္ထိုက္တဲ့တိုင္းျပည္ေတြကို ေနတိုးကို ဝင္ခြင့္ေပးပိုင္ခြင့္လို အေျခခံမူေတြကိုေတာ့ ေဆြးေႏြးလိမ့္မယ္မဟုတ္ဘူးလို႔ သူက ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=======

[[Unicode}}

ယူကရိန်းအကျပ်အတည်း ကမ္ဘာ႔ခေါင်းဆောင်တွေ အပြန်အလှန်ညှိုနှိုင်းနေ

ယူကရိန်းအကျပ်အတည်းနဲ့ပတ်သက်ပြီး ဒီကနေ့ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဖို့ရှိသလို ပြင်သစ်သမ္မတ Macron နဲ့ ရုရှားသမ္မတပူတင်တို့လည်း မော်စကိုမှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။

Scholz ဟာ ဒီ အပတ်ထဲမှာ ရုရှားနဲ့ ယူကရိန်းကို သွားရောက်ဆွေးနွေးဖို့လည်း ရှိပါတယ်။
အမေရိကန်က ပိုလန်နဲ့ ရိုမေးနီးယားကို တပ်တွေထပ်တိုးပို့ထားပါတယ်။ လစ်သူရေးနီးယား မှာရှိတဲ့ ဂျာမန်ဦးဆောင်တဲ့ တပ်တွေရဲ့အင်အားကို တိုးမြှင့်ဖို့ ဖွင့်ထားကြောင်း Scholz က တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အမေရိကန်က ယူကရိန်းကို လက်နက်ပစ္စည်းတွေနဲ့ သံချပ်ကာကားပစ် ဒုံးကျည်တွေကို ပို့ပေးခဲ့ပေမယ့် ဂျာမနီကတော့ အဲဒီလို တိုက်ခိုက်ရေးလက်နက်တွေကို ပဋိပက္ခဖြစ်နေတဲ့ နေရာတွေကို မပို့ဘူးဆိုတဲ့မူဝါဒရှိတာကြောင့် ပို့မပေးခဲ့တာ ဖြစ်ပါတယ်လို့ဆိုပါတယ်။

ဂျာမနီဟာ ရုရှားရဲ့သဘာဝဓာတ်ငွေ့ကို ဂျာမနီအထိသယ်ယူမယ့်ပိုက်လိုင်း တည်ဆောက်ရေး စီမံကိန်းတရပ်ရှိနေပြီး စစ်ဖြစ်လာခဲ့ရင် ဒီ စီမံချက်ကို ရပ်ဆိုင်းလိုက်ရမှာပါ။

ရုရှားက ယူကရိန်းကို အချိန်မရွေးဝင်တိုက်နိုင်တယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ Jake Sullivan က တနင်္ဂနွေနေ့တုန်းက NBC သတင်းဌာနကို ပြောကြားခဲ့ပြီးတဲ့နောက် ခေါင်းဆောင်တွေကြား ခုလို ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာတာပါ။

ရုရှားတပ်တွေရဲ့ ၇၀ % က တိုက်ခိုက်ဖို့ အနေအထားမှာ ရှိနေပြီလို့လည်း သူက ဆိုပါတယ်။ ရုရှားရဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်မှုတွေကိုလည်း ဆွေးနွေးဖို့ အမေရိကန်မှာဆန္ဒရှိပါတယ်လို့ ပြောခဲ့ပေမဲ့ အဖွဲဝင်ဖြစ်ထိုက်တဲ့တိုင်းပြည်တွေကို နေတိုးကို ဝင်ခွင့်ပေးပိုင်ခွင့်လို အခြေခံမူတွေကိုတော့ ဆွေးနွေးလိမ့်မယ်မဟုတ်ဘူးလို့ သူက ဆိုပါတယ်။
=======

XS
SM
MD
LG