[[Zawgyi/Unicode]]
တ႐ုတ္နဲ႔႐ုရွား သမၼတတို႔ဟာ ဒီေန႔ ေဘဂ်င္းအိုလံပစ္ဖြင့္ပဲြ မတိုင္ခင္မွာ လူခ်င္းေတြ႕ၿပီး အေမရိကန္အပါအဝင္ အေနာက္အုပ္စုကို ဆန႔္က်င္ေၾကာင္း စည္းလုံးညီၫြတ္မႈကို ျပသလိုက္ၾကပါတယ္။
ယူကရိန္းအေရး အေမရိကန္အပါအဝင္ အေနာက္ႏိုင္ငံေတြနဲ႔ ပိုတင္းမာလာခ်ိန္ ႐ုရွားသမၼတ Vladimar Putin က တ႐ုတ္သမၼတ Xi Jinping နဲ႔ ေဘဂ်င္းေဆာင္းရာသီအိုလံပစ္ဖြင့္ပြဲ မက်င္းပမီ ေတြ႔ဆုံခဲ့တာပါ။
၂ ႏွစ္အတြင္း တ႐ုတ္သမၼတနဲ႔ ႏိုင္ငံအႀကီးအကဲတေယာက္အေနနဲ႔ လူကိုယ္တိုင္ ပထမဆုံးေတြ႕ခဲ့တဲ့ သမၼတ Putin က မဟာဗ်ဴဟာက်တဲ့ မိတ္က္ဖ စိတ္ဓာတ္ခ်စ္ၾကည္ေရးကို အခုလို ခ်ီးက်ဴးလိုက္ပါတယ္။
“က်ေနာ္တို႔ ၂ ႏိုင္ငံဆက္ဆံေရးက ရင္းႏွီးမႈနဲ႔ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ဆက္ဆံေရးစိတ္ဓာတ္နဲ ႔အတူ ျဖစ္ထြန္းေနတာပါ။ တကယ့္ကို မႀကဳံစဖူး ထူးကဲပါလွတယ္။ အက်ိဳးတူတိုးတက္ေရး ႏွစ္ဘက္လုံး တည္ေဆာက္ေနၾကတာကို အေထာက္အကူျပဳတဲ့ ဂုဏ္သိကၡာရွိတဲ့ ဆက္ဆံေရးရဲ႕ နမူနာတခုပါပဲ။” လို႔ သမၼတ Putin ေျပာသြားတာပါ။
တ႐ုတ္လူ႔အခြင့္အေရးခ်ိဳးေဖာက္မူေၾကာင့္ အခု အိုလံပစ္ဖြင့္ပြဲကို အေမရိကန္နဲ႔ အေနာက္ႏိုင္ငံေတြဘက္က သပိတ္ေမွာက္ထားခ်ိန္မွာ တ႐ုတ္သမၼတ Xi ကလည္း တ႐ုတ္ႏွစ္သစ္ကူးခ်ိန္ေရာက္လာတဲ့ ႐ုရွားသမၼတရဲ႕ ခရီးစဥ္ဟာ နမိတ္ေကာင္းမယ့္ ဆက္ဆံေရးပါလို႔ တ႐ုတ္ ႏိုင္ငံပိုင္သတင္းမွာ ေဖာ္ျပခဲ့ပါတယ္။
ယူကရိန္းကို ႐ုရွားက ထိုးစစ္ဆင္လာမွာကို အေနာက္ႏိုင္ငံမဟာမိတ္ေတြက စိုးရိမ္ၿပီး ဖိအားေပး တင္းမာလာေနခ်ိန္မွာ ယူကရိန္းအေရး ႐ုရွားကို ေထာက္ခံေပးေနတဲ့ တ႐ုတ္ကို အခုလို သမၼတ Putin ဒီေန႔ ေရာက္လာၿပီး အေနာက္ႏိုင္ငံေတြကို အင္အားျပခဲ့တာလို႔ သုံးသပ္သူေတြကလည္း ဆိုပါတယ္။
တ႐ုတ္ရဲ႕အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံသမၼတလည္း ဒီ အိုလံပစ္ပြဲတက္ဖို႔ မေန႔ကပဲ တ႐ုတ္ႏိုင္ငံကိုေရာက္လာခဲ့ၿပီး ၂ ႏိုင္ငံ အစဥ္အလာအရ နီးစပ္တဲ့ ဆက္ဆံေရးကို ျပခဲ့ပါတယ္ ခင္ဗ်ာ။
#OlympicChina #XiPutin #ဘီဂ်င္းအိုလံပစ္ #ပူတင္ #ရွီက်င့္ဖ်င္ #ယူကရိန္းအေရး #ဗြီအိုေအ
----------------------
[[Unicode]]
တရုတ်သမ္မတ Xi နဲ့ ရုရှားသမ္မတပူတင်တို့ အမေရိကန်ဆန့်ကျင်ကြောင်း ညီညွတ်မှုပြသ
တရုတ်နဲ့ရုရှား သမ္မတတို့ဟာ ဒီနေ့ ဘေဂျင်းအိုလံပစ်ဖွင့်ပွဲ မတိုင်ခင်မှာ လူချင်းတွေ့ပြီး အမေရိကန်အပါအဝင် အနောက်အုပ်စုကို ဆန့်ကျင်ကြောင်း စည်းလုံးညီညွတ်မှုကို ပြသလိုက်ကြပါတယ်။
ယူကရိန်းအရေး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ပိုတင်းမာလာချိန် ရုရှားသမ္မတ Vladimar Putin က တရုတ်သမ္မတ Xi Jinping နဲ့ ဘေဂျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲ မကျင်းပမီ တွေ့ဆုံခဲ့တာပါ။
၂ နှစ်အတွင်း တရုတ်သမ္မတနဲ့ နိုင်ငံအကြီးအကဲတယောက်အနေနဲ့ လူကိုယ်တိုင် ပထမဆုံးတွေ့ခဲ့တဲ့ သမ္မတ Putin က မဟာဗျူဟာကျတဲ့ မိတ်က်ဖ စိတ်ဓာတ်ချစ်ကြည်ရေးကို အခုလို ချီးကျူးလိုက်ပါတယ်။
“ကျနော်တို့ ၂ နိုင်ငံဆက်ဆံရေးက ရင်းနှီးမှုနဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစိတ်ဓာတ်နဲ့အတူ ဖြစ်ထွန်းနေတာပါ။ တကယ့်ကို မကြုံစဖူး ထူးကဲပါလှတယ်။ အကျိုးတူတိုးတက်ရေး နှစ်ဘက်လုံး တည်ဆောက်နေကြတာကို အထောက်အကူပြုတဲ့ ဂုဏ်သိက္ခာရှိတဲ့ ဆက်ဆံရေးရဲ့ နမူနာတခုပါပဲ။” လို့ သမ္မတ Putin ပြောသွားတာပါ။
တရုတ်လူ့အခွင့်အရေးချိုးဖောက်မူကြောင့် အခု အိုလံပစ်ဖွင့်ပွဲကို အမေရိကန်နဲ့ အနောက်နိုင်ငံတွေဘက်က သပိတ်မှောက်ထားချိန်မှာ တရုတ်သမ္မတ Xi ကလည်း တရုတ်နှစ်သစ်ကူးချိန်ရောက်လာတဲ့ ရုရှားသမ္မတရဲ့ ခရီးစဉ်ဟာ နမိတ်ကောင်းမယ့် ဆက်ဆံရေးပါလို့ တရုတ် နိုင်ငံပိုင်သတင်းမှာ ဖော်ပြခဲ့ပါတယ်။
ယူကရိန်းကို ရုရှားက ထိုးစစ်ဆင်လာမှာကို အနောက်နိုင်ငံမဟာမိတ်တွေက စိုးရိမ်ပြီး ဖိအားပေး တင်းမာလာနေချိန်မှာ ယူကရိန်းအရေး ရုရှားကို ထောက်ခံပေးနေတဲ့ တရုတ်ကို အခုလို သမ္မတ Putin ဒီနေ့ ရောက်လာပြီး အနောက်နိုင်ငံတွေကို အင်အားပြခဲ့တာလို့ သုံးသပ်သူတွေကလည်း ဆိုပါတယ်။
တရုတ်ရဲ့အိမ်နီးချင်း ပါကစ္စတန်နိုင်ငံသမ္မတလည်း ဒီ အိုလံပစ်ပွဲတက်ဖို့ မနေ့ကပဲ တရုတ်နိုင်ငံကိုရောက်လာခဲ့ပြီး ၂ နိုင်ငံ အစဉ်အလာအရ နီးစပ်တဲ့ ဆက်ဆံရေးကို ပြခဲ့ပါတယ် ခင်ဗျာ။
#OlympicChina #XiPutin #ဘီဂျင်းအိုလံပစ် #ပူတင် #ရှီကျင့်ဖျင် #ယူကရိန်းအရေး #ဗွီအိုအေ
#OlympicChina #XiPutin #ဘီဂျင်းအိုလံပစ် #ပူတင် #ရှီကျင့်ဖျင် #ယူကရိန်းအရေး #ဗွီအိုအေ
----------------------