သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ေဆာင္းရာသီအိုလံပစ္ကို ကန္သံတမန္ေရး သပိတ္ေမွာက္မႈ တ႐ုတ္ တုံ႔ျပန္ေျပာ


တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian. (ႏုိဝင္ဘာ ၂၃၊ ၂၀၂၁)

(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ ေရွ႕ႏွစ္ဆန္းက်င္းပမယ့္ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ကို အေမရိကန္ျပည္ေထာင္စုက သံတမန္ေရးအရ သပိတ္ေမွာက္တယ္လို႔ ေၾကညာခဲ့တာက တ႐ုတ္နဲ႔ အေမရိကန္ ၂ ႏိုင္ငံၾကား အေလးထား ေဆြးေႏြးေနတဲ့ကိစၥေတြ၊ ပူးေပါင္းေဆာင္ရြက္မႈေတြကို ထိခိုက္ေစမယ္လို႔ တ႐ုတ္ႏိုင္ငံက တံု႔ျပန္လိုက္ပါတယ္။ ႏိုင္ငံေရးကို အားကစားကိစၥနဲ႔ မေရာလုိက္ဖို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian က ေျပာၾကားခဲ့ပါတယ္။

“အိုလံပစ္ပဋိညာဥ္ထဲမွာ ပါတဲ့ အားကစားမွာ ႏိုင္ငံေရး မပါရဘူးဆိုတဲ့ မူကုိ အေမရိကန္ရဲ႕ လုပ္ရပ္က အႀကီးအက်ယ္ ခ်ဳိးေဖာက္လိုက္တာ ျဖစ္သလို စည္းလံုးညီၫြတ္ရမယ္ဆိုတဲ့ အိုလံပစ္ေဆာင္ပုဒ္ကို ခ်ဳိးေဖာက္လိုက္တာ ျဖစ္ပါတယ္။” လုိ႔ တ႐ုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရက ေျပာၾကားခဲ့တာပါ။

အေမရိကန္ရဲ႕ လုပ္ရပ္အေပၚ တ႐ုတ္ႏိုင္ငံက မေက်နပ္စြာ ကန္႔ကြက္တယ္လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ဘက္က တန္ျပန္ေဆာင္ရြက္မႈေတြ လုပ္သြားမယ္လို႔လည္း ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ ရွင္က်န္းေဒသမွာ လူမ်ဳိးတုံးသတ္ျဖတ္မႈေတြ၊ လူသားထုအေပၚ က်ဴးလြန္တဲ့ ျပစ္မႈေတြကို ဆက္ၿပီး က်ဴးလြန္ေနတဲ့အတြက္ ၂၀၂၂ ေဘဂ်င္း ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ကို Biden အစိုးရက သပိတ္ေမွာက္တယ္လို႔ အိမ္ျဖဴေတာ္ေျပာခြင့္ရ Jen Psaki က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

သံတမန္ေရးအရ သပိတ္ေမွာက္တဲ့အတြက္ အိုလံပစ္ပြဲေတာ္ အခမ္းအနားေတြကို အေမရိကန္အစိုးရ တာဝန္ရွိသူ တဦးတေယာက္မွ တက္ေရာက္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အေမရိကန္ အားကစားသမားေတြ အေနနဲ႔ေတာ့ အားကစားၿပိဳင္ပဲြေတြမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ခြင့္ ရွိပါတယ္။ အေမရိကန္ အားကစားသမားေတြရဲ႕ ေနာက္မွာ ၁၀၀ ရာခုိင္ႏႈန္း အျပည့္အဝ ေထာက္ခံအားေပးေနမွာ ျဖစ္တယ္လို႔ အိမ္ျဖဴေတာ္ ေျပာခြင့္ရက ေျပာၾကားခဲ့ပါတယ္။

ရွင္က်န္းေဒသက လူနည္းစု မြတ္စလင္ ဝီဂါေတြအေပၚ တ႐ုတ္အစိုးရက ဖိႏွိပ္မႈနဲ႔ ေဟာင္ေကာင္က ဒီမိုကေရစီေရး လႈပ္ရွားသူေတြအေပၚ ႏွိမ္နင္းမႈေတြေၾကာင့္ တ႐ုတ္ႏုိင္ငံအေပၚ သံတမန္ေရးအရ သပိတ္ေမွာက္မယ္လို႔ သမၼတ Joe Biden က ၿပီးခဲ့တဲ့လတည္းက ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဆောင်းရာသီအိုလံပစ်ကို ကန်သံတမန်ရေး သပိတ်မှောက်မှု တရုတ် တုံ့ပြန်ပြော

တရုတ်နိုင်ငံမှာ ရှေ့နှစ်ဆန်းကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို အမေရိကန်ပြည်ထောင်စုက သံတမန်ရေးအရ သပိတ်မှောက်တယ်လို့ ကြေညာခဲ့တာက တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံကြား အလေးထား ဆွေးနွေးနေတဲ့ကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိခိုက်စေမယ်လို့ တရုတ်နိုင်ငံက တုံ့ပြန်လိုက်ပါတယ်။ နိုင်ငံရေးကို အားကစားကိစ္စနဲ့ မရောလိုက်ဖို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ပြောကြားခဲ့ပါတယ်။

“အိုလံပစ်ပဋိညာဉ်ထဲမှာ ပါတဲ့ အားကစားမှာ နိုင်ငံရေး မပါရဘူးဆိုတဲ့ မူကို အမေရိကန်ရဲ့ လုပ်ရပ်က အကြီးအကျယ် ချိုးဖောက်လိုက်တာ ဖြစ်သလို စည်းလုံးညီညွတ်ရမယ်ဆိုတဲ့ အိုလံပစ်ဆောင်ပုဒ်ကို ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောကြားခဲ့တာပါ။

အမေရိကန်ရဲ့ လုပ်ရပ်အပေါ် တရုတ်နိုင်ငံက မကျေနပ်စွာ ကန့်ကွက်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ တရုတ်ဘက်က တန်ပြန်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို ဆက်ပြီး ကျူးလွန်နေတဲ့အတွက် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို Biden အစိုးရက သပိတ်မှောက်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သံတမန်ရေးအရ သပိတ်မှောက်တဲ့အတွက် အိုလံပစ်ပွဲတော် အခမ်းအနားတွေကို အမေရိကန်အစိုးရ တာဝန်ရှိသူ တဦးတယောက်မှ တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန် အားကစားသမားတွေ အနေနဲ့တော့ အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရှိပါတယ်။ အမေရိကန် အားကစားသမားတွေရဲ့ နောက်မှာ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ထောက်ခံအားပေးနေမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရက ပြောကြားခဲ့ပါတယ်။

ရှင်ကျန်းဒေသက လူနည်းစု မွတ်စလင် ဝီဂါတွေအပေါ် တရုတ်အစိုးရက ဖိနှိပ်မှုနဲ့ ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေအပေါ် နှိမ်နင်းမှုတွေကြောင့် တရုတ်နိုင်ငံအပေါ် သံတမန်ရေးအရ သပိတ်မှောက်မယ်လို့ သမ္မတ Joe Biden က ပြီးခဲ့တဲ့လတည်းက ပြောကြားခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG