သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဘဂ်င္း ေဆာင္းရာသီအိုလံပစ္ ကန္သံတမန္ေတြ ေစလႊတ္မည္မဟုတ္


ေဘဂ်င္း ေဆာင္းရာသီအုိလံပစ္ လိုဂုိ။

(Zawgyi / Unicode)

တ႐ုတ္မွာက်င္းပမယ့္ ၂၀၂၂ ေဘဂ်င္း ေဆာင္းရာသီအိုလံပစ္ ပြဲေတာ္ေတြကို အေမရိကန္က သံတမန္ေရးအရ သပိတ္ေမွာက္ေၾကာင္း အေမရိကန္အစိုးရက ေၾကညာလိုက္ပါတယ္။

တ႐ုတ္မွာ လက္ရွိျဖစ္ေနတဲ့ Xinjiang ေဒသတြင္း လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူသားမ်ိဳးႏြယ္အေပၚ ဆန္႔က်င္ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ၊ ေနာက္ တျခား လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြေၾကာင့္ ေဆာင္းရာသီ အားကစားပြဲေတြကို အေမရိကန္ အစိုးရဘက္က သံတမန္ေရး ဒါမွမဟုတ္လည္း တျခား တရားဝင္ ကိုယ္စားျပဳမႈ ေစလႊတ္မွာ မဟုတ္ေၾကာင္း အေမရိကန္ သမၼတအိမ္ျဖဴေတာ္ ေျပာခြင့္ရ Jen Psaki က တနလၤာေန႔မွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

အေမရိကန္ အားကစားအဖြဲ႔ကို အျပည့္အဝ အားေပး ပံ့ပိုးမယ့္အေၾကာင္း၊ အေမရိကန္ ျပည္တြင္းကေနပဲ အေမရိကန္ အားကစားသမားေတြကို အျပည့္အဝ အားေပးမွာျဖစ္ေၾကာင္း အေမရိကန္ သမၼတအိမ္ျဖဴေတာ္ ေျပာခြင့္ရ Psaki က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

သံတမန္ေရး သပိတ္ေမွာက္တယ္ ဆုိတာကေတာ့ ေဘဂ်င္း အိုလံပစ္ပြဲေတာ္မွာ အေမရိကန္အစိုးရ တာဝန္ရွိသူေတြ မတက္ေရာက္တာသာျဖစ္ၿပီး အေမရိကန္ အားကစားသမားေတြကေတာ့ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရွိပါတယ္။

အေမရိကန္ဘက္က သပိတ္ေမွာက္တာမ်ိဳး လုပ္လာရင္ေတာ့ တ႐ုတ္ဘက္ကလည္း တန္ျပန္ေဆာင္ရြက္မယ္လို႔ အိမ္ျဖဴေတာ္ ေၾကညာခ်က္ မထြက္ခင္ တနလၤာေန႔မွာပဲ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian က ေျပာပါတယ္။

ေဘဂ်င္း ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ေတြကိုေတာ့ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ကေန ၂၀ ရက္ေန႔ထိ က်င္းပမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ဘေဂျင်း ဆောင်းရာသီအိုလံပစ် ကန်သံတမန်တွေ စေလွှတ်မည်မဟုတ်

တရုတ်မှာကျင်းပမယ့် ၂၀၂၂ ဘေဂျင်း ဆောင်းရာသီအိုလံပစ် ပွဲတော်တွေကို အမေရိကန်က သံတမန်ရေးအရ သပိတ်မှောက်ကြောင်း အမေရိကန်အစိုးရက ကြေညာလိုက်ပါတယ်။

တရုတ်မှာ လက်ရှိဖြစ်နေတဲ့ Xinjiang ဒေသတွင်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ နောက် တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဆောင်းရာသီ အားကစားပွဲတွေကို အမေရိကန် အစိုးရဘက်က သံတမန်ရေး ဒါမှမဟုတ်လည်း တခြား တရားဝင် ကိုယ်စားပြုမှု စေလွှတ်မှာ မဟုတ်ကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အားကစားအဖွဲ့ကို အပြည့်အဝ အားပေး ပံ့ပိုးမယ့်အကြောင်း၊ အမေရိကန် ပြည်တွင်းကနေပဲ အမေရိကန် အားကစားသမားတွေကို အပြည့်အဝ အားပေးမှာဖြစ်ကြောင်း အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရ Psaki က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

သံတမန်ရေး သပိတ်မှောက်တယ် ဆိုတာကတော့ ဘေဂျင်း အိုလံပစ်ပွဲတော်မှာ အမေရိကန်အစိုးရ တာဝန်ရှိသူတွေ မတက်ရောက်တာသာဖြစ်ပြီး အမေရိကန် အားကစားသမားတွေကတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိပါတယ်။

အမေရိကန်ဘက်က သပိတ်မှောက်တာမျိုး လုပ်လာရင်တော့ တရုတ်ဘက်ကလည်း တန်ပြန်ဆောင်ရွက်မယ်လို့ အိမ်ဖြူတော် ကြေညာချက် မထွက်ခင် တနင်္လာနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ပြောပါတယ်။

ဘေဂျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်တွေကိုတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG