သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဘဂ်င္းအိုလံပစ္ ကို သပိတ္ေမွာက္ဖို႔ သမၼတ Biden စဥ္းစား


ေဘဂ်င္းအိုလံပစ္ ကို သပိတ္ေမွာက္ဖို႔ သမၼတ Biden စဥ္းစား

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံမွာ ေရွ႕ႏွစ္ ေဖေဖာ္ဝါရီလထဲ က်င္းပမယ့္ အိုလံပစ္ အားကစားပဲြကို အေမရိကန္က သံတမန္ေရးအရ သပိတ္ေမွာက္ဖို႔ စဥ္းစားေနေၾကာင္း သမၼတ Joe Biden ကေျပာလိုက္ပါတယ္။
(Act. President Joe Biden)
“ေဘဂ်င္းၿမိဳ႕ေတာ္က အိုလံပစ္အားကစားပဲြကို သံတမန္ေရးနည္းနဲ႔ သပိတ္ေမွာက္မယ့္ အစီအစဥ္ကို ေထာက္ခံသလားဆိုတဲ့ သတင္းေထာက္ရဲ႕ အေမးကို၊ စဥ္းစားေနဆဲ ျဖစ္ပါတယ္။” လို႔ အေမရိကန္၊ ကေနဒါ၊ မကၠစီကို ၃ ႏိုင္ငံ ထိပ္သီးအစည္းအေ၀းပဲြ တစိတ္တပိုင္းအျဖစ္ ကေနဒါ ၀န္ႀကီးခ်ဳပ္ Justin Trudeau နဲ႔ အိမ္ျဖဴေတာ္မွာ ၾကာသပေတးေန႔က ေတြ႕ဆုံခ်ိန္မွာ သမၼတဘိုင္ဒင္ ေျပာဆိုလိုက္တာပါ။

တနလၤာေန႔တုန္းက တ႐ုတ္သမၼတ Xi Jinping နဲ႔ အြန္လိုင္း ထိပ္သီးေတြ႕ဆုံရာမွာေတာ့ ေဒသတြင္း တည္ၿငိမ္ေရး၊ ပဋိပကၡေတြကို ေရွာင္ရွားေရး ၂ ႏိုင္ငံ ေခါင္းေဆာင္ေတြ လိုလားၾကတဲ့အေၾကာင္း ေျပာဆိုထားတာ ျဖစ္ပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအေပၚ ထိထိေရာက္ေရာက္ တုံ႔ျပန္ဖို႔ သမၼတဘိုင္ဒင္ကို ဖိအားေတြနဲ႔လည္း ရင္ဆိုင္ေနရပါတယ္။

အေမရိကန္ အစိုးရဟာ တ႐ုတ္ႏိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမယ့္ အိုလံပစ္အားကစားပဲြကို သံတမန္ေရးအရ သပိတ္ေမွာက္မယ့္ အစီအစဥ္ကို မၾကာခင္မွာ ေၾကညာဖို႔ ရွိေနေၾကာင္း Washington Post က အဂၤါေန႔မွာပဲ ေဖာ္ျပခဲ့တာပါ။

သံတမန္ေရးနည္းနဲ႔ သပိတ္ေမွာက္မယ့္ အစီအစဥ္အရ အားကစားသမားေတြ ၿပိဳင္ပဲြ၀င္ခြင့္ရမွာ ျဖစ္ေပမဲ့ အစိုးရတာ၀န္ရွိသူေတြကေတာ့ တက္ေရာက္မွာ မဟုတ္ပါဘူး။ ဒီကိစၥနဲ႔ ပတ္သက္လို႔ တ႐ုတ္သမၼတနဲ႔ အြန္လိုင္း ထိပ္သီးေတြ႕ဆုံရာမွာ မေဆြးေႏြးခဲ့ဘူးလို႔လည္း အိမ္ျဖဴေတာ္က ေျပာဆိုထားပါတယ္။

.........................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

တရုတ်နိုင်ငံမှာ ရှေ့နှစ် ဖေဖော်ဝါရီလထဲ ကျင်းပမယ့် အိုလံပစ် အားကစားပွဲကို အမေရိကန်က သံတမန်ရေးအရ သပိတ်မှောက်ဖို့ စဉ်းစားနေကြောင်း သမ္မတ Joe Biden ကပြောလိုက်ပါတယ်။
(Act. President Joe Biden)
“ဘေဂျင်းမြို့တော်က အိုလံပစ်အားကစားပွဲကို သံတမန်ရေးနည်းနဲ့ သပိတ်မှောက်မယ့် အစီအစဉ်ကို ထောက်ခံသလားဆိုတဲ့ သတင်းထောက်ရဲ့ အမေးကို၊ စဉ်းစားနေဆဲ ဖြစ်ပါတယ်။” လို့ အမေရိကန်၊ ကနေဒါ၊ မက္ကစီကို ၃ နိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ တစိတ်တပိုင်းအဖြစ် ကနေဒါ ဝန်ကြီးချုပ် Justin Trudeau နဲ့ အိမ်ဖြူတော်မှာ ကြာသပတေးနေ့က တွေ့ဆုံချိန်မှာ သမ္မတဘိုင်ဒင် ပြောဆိုလိုက်တာပါ။

တနင်္လာနေ့တုန်းက တရုတ်သမ္မတ Xi Jinping နဲ့ အွန်လိုင်း ထိပ်သီးတွေ့ဆုံရာမှာတော့ ဒေသတွင်း တည်ငြိမ်ရေး၊ ပဋိပက္ခတွေကို ရှောင်ရှားရေး ၂ နိုင်ငံ ခေါင်းဆောင်တွေ လိုလားကြတဲ့အကြောင်း ပြောဆိုထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ထိထိရောက်ရောက် တုံ့ပြန်ဖို့ သမ္မတဘိုင်ဒင်ကို ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

အမေရိကန် အစိုးရဟာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အိုလံပစ်အားကစားပွဲကို သံတမန်ရေးအရ သပိတ်မှောက်မယ့် အစီအစဉ်ကို မကြာခင်မှာ ကြေညာဖို့ ရှိနေကြောင်း Washington Post က အင်္ဂါနေ့မှာပဲ ဖော်ပြခဲ့တာပါ။

သံတမန်ရေးနည်းနဲ့ သပိတ်မှောက်မယ့် အစီအစဉ်အရ အားကစားသမားတွေ ပြိုင်ပွဲဝင်ခွင့်ရမှာ ဖြစ်ပေမဲ့ အစိုးရတာဝန်ရှိသူတွေကတော့ တက်ရောက်မှာ မဟုတ်ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ တရုတ်သမ္မတနဲ့ အွန်လိုင်း ထိပ်သီးတွေ့ဆုံရာမှာ မဆွေးနွေးခဲ့ဘူးလို့လည်း အိမ်ဖြူတော်က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG