သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္အိုလံပစ္ေက်းရြာမွာ ပထမဆံုး ကိုဗစ္ပိုးေတြ႔


အုိလံပစ္ၿပိဳင္ပြဲ က်င္းပမယ့္ ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕က အုိလံပစ္သေကၤတအနီး ျဖတ္သန္းသြားလာသူတဦး။ (ဇူလုိင္ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

ဂ်ပန္အိုလံပစ္အားကစားရြာမွာ ျပည္ပကလာသူတဦး ကိုဗစ္ ဓာတ္ခဲြအတည္ျပဳ ေတြ႔ရွိလိုက္ပါတယ္။ ဒါေၾကာင့္ လာမယ့္သီတင္းပတ္ထဲ က်င္းပဖို႔ရွိေနတဲ့ အိုလံပစ္ၿပိဳင္ပဲြမွာ ေရာဂါကူးစက္မႈေတြ ျဖစ္လာမွာ ပိုၿပီး စိုးရိမ္စရာေတြ ရွိေနပါတယ္။

ၿပိဳင္ပဲြဝင္ တေသာင္းေက်ာ္ကို အဲဒီအားကစားရြာမွာ ထားရွိမွာျဖစ္ပါတယ္။ အခုအခ်ိန္အထိဆိုရင္ ျပည္တြင္းျပည္ပက အားကစားသမား ၄၀ မွာ ကိုဗစ္ေရာဂါပိုး ေတြ႔ရွိထားၿပီး ျဖစ္ပါတယ္။ အခုတႀကိမ္ကေတာ့ အားကစားရြာမွာ ေရာက္ရွိေနတဲ့ လူတဦးမွာ ပထမဆံုးအႀကိမ္ ကိုဗစ္ပိုးေတြ႔တာျဖစ္တယ္လို႔ ဂ်ပန္အိုလံပစ္္ေကာ္မတီ ေခါင္းေဆာင္က ဒီေန႔ အတည္ျပဳေပးလိုက္ပါတယ္။

“အားကစားရြာထဲက တဦးမွာ ပထမဆံုးအေနနဲ႔ ကိုဗစ္ပိုး စစ္ေဆးေတြ႔ရွိထားေၾကာင္း အစီရင္ခံထားပါတယ္။ မေန႔ကပဲ PCR ပံုမွန္စစ္တဲ့နည္းနဲ႔ ေတြ႔ခဲ့တာပါ။ အခု သူ႔ကို ဟိုတယ္မွာ သီးသန္႔ခြဲထားပါတယ္” လို႔ ၂၀၂၀ တိုက်ိဳအိုလံပစ္ အမႈေဆာင္အရာရွိခ်ဳပ္ Toshiro Muto က ေျပာသြားတာပါ။

အခုပိုးေတြ႔ထားသူက ႏိုင္ငံျခားကလာတဲ့ ပြဲစီစဥ္သူတဦးျဖစ္တယ္လို႔ အရာရွိခ်ဳပ္ Muto က ေျပာခဲ့ေပမယ့္ ဘယ္ႏိုင္ငံက ဘယ္သူဆိုတဲ့ အတိအက်ကိုေတာ့ ပုဂၢဳိလ္ေရးျဖစ္လို႔ ထုတ္မေျပာခ်င္ဘူးလို႔ ဆိုပါတယ္။

ကိုဗစ္ကာလ က်င္းပရတဲ့ အိုလံပစ္ပြဲႀကီးမွာ ပရိသတ္ေတြ လာၾကည့္ခြင့္မေပးတာအျပင္ Mask တပ္တာ အပါအဝင္ ကိုဗစ္ဆိုင္ရာ အႀကိမ္ႀကိမ္စစ္ေဆးခ်က္နဲ႔ သီးသန္႔ခြဲေနမႈေတြကို တင္းက်ပ္စြာ ခ်မွတ္လုပ္ေဆာင္ထားတာကေန အခုလို ပိုးစေတြ႔လာတာပါ။

ဇူလိုင္ ၂၃ ကေန ၾသဂုတ္ ၈ ရက္အထိ လုပ္မယ့္ ဒီပြဲမွာ ပါဝင္သူေတြအေနနဲ႔ ေနာက္အက်ဆံုး ကပ္ေရာက္ၿပီး အေစာဆံုးျပန္ထြက္ဖို႔ စည္းကမ္းေတြပါ ခ်ထားပါတယ္။ ဂ်ပန္ျပည္သူ အမ်ားစုကေတာ့ ပိုးအလြန္႔အလြန္ကူးေစတဲ့ ပြဲေတာ္ႀကီး ျဖစ္လာၿပီး ဝန္ပိေနၿပီးသား က်န္းမာေရးစနစ္အေပၚ ပိုဆိုးသြားေစမွာ အထူးစိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ဂျပန်အိုလံပစ်ကျေးရွာမှာ ပထမဆုံး ကိုဗစ်ပိုးတွေ့

ဂျပန်အိုလံပစ်အားကစားရွာမှာ ပြည်ပကလာသူတဦး ကိုဗစ် ဓာတ်ခွဲအတည်ပြု တွေ့ရှိလိုက်ပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်ထဲ ကျင်းပဖို့ရှိနေတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ရောဂါကူးစက်မှုတွေ ဖြစ်လာမှာ ပိုပြီး စိုးရိမ်စရာတွေ ရှိနေပါတယ်။

ပြိုင်ပွဲဝင် တသောင်းကျော်ကို အဲဒီအားကစားရွာမှာ ထားရှိမှာဖြစ်ပါတယ်။ အခုအချိန်အထိဆိုရင် ပြည်တွင်းပြည်ပက အားကစားသမား ၄၀ မှာ ကိုဗစ်ရောဂါပိုး တွေ့ရှိထားပြီး ဖြစ်ပါတယ်။ အခုတကြိမ်ကတော့ အားကစားရွာမှာ ရောက်ရှိနေတဲ့ လူတဦးမှာ ပထမဆုံးအကြိမ် ကိုဗစ်ပိုးတွေ့တာဖြစ်တယ်လို့ ဂျပန်အိုလံပစ်ကော်မတီ ခေါင်းဆောင်က ဒီနေ့ အတည်ပြုပေးလိုက်ပါတယ်။

“အားကစားရွာထဲက တဦးမှာ ပထမဆုံးအနေနဲ့ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိထားကြောင်း အစီရင်ခံထားပါတယ်။ မနေ့ကပဲ PCR ပုံမှန်စစ်တဲ့နည်းနဲ့ တွေ့ခဲ့တာပါ။ အခု သူ့ကို ဟိုတယ်မှာ သီးသန့်ခွဲထားပါတယ်” လို့ ၂၀၂၀ တိုကျိုအိုလံပစ် အမှုဆောင်အရာရှိချုပ် Toshiro Muto က ပြောသွားတာပါ။

အခုပိုးတွေ့ထားသူက နိုင်ငံခြားကလာတဲ့ ပွဲစီစဉ်သူတဦးဖြစ်တယ်လို့ အရာရှိချုပ် Muto က ပြောခဲ့ပေမယ့် ဘယ်နိုင်ငံက ဘယ်သူဆိုတဲ့ အတိအကျကိုတော့ ပုဂ္ဂိုလ်ရေးဖြစ်လို့ ထုတ်မပြောချင်ဘူးလို့ ဆိုပါတယ်။

ကိုဗစ်ကာလ ကျင်းပရတဲ့ အိုလံပစ်ပွဲကြီးမှာ ပရိသတ်တွေ လာကြည့်ခွင့်မပေးတာအပြင် Mask တပ်တာ အပါအဝင် ကိုဗစ်ဆိုင်ရာ အကြိမ်ကြိမ်စစ်ဆေးချက်နဲ့ သီးသန့်ခွဲနေမှုတွေကို တင်းကျပ်စွာ ချမှတ်လုပ်ဆောင်ထားတာကနေ အခုလို ပိုးစတွေ့လာတာပါ။

ဇူလိုင် ၂၃ ကနေ သြဂုတ် ၈ ရက်အထိ လုပ်မယ့် ဒီပွဲမှာ ပါဝင်သူတွေအနေနဲ့ နောက်အကျဆုံး ကပ်ရောက်ပြီး အစောဆုံးပြန်ထွက်ဖို့ စည်းကမ်းတွေပါ ချထားပါတယ်။ ဂျပန်ပြည်သူ အများစုကတော့ ပိုးအလွန့်အလွန်ကူးစေတဲ့ ပွဲတော်ကြီး ဖြစ်လာပြီး ဝန်ပိနေပြီးသား ကျန်းမာရေးစနစ်အပေါ် ပိုဆိုးသွားစေမှာ အထူးစိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG