သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုက်ိဳအိုလံပစ္ ကန္သမၼတကေတာ္ Jill Biden တတ္ေရာက္ဖြယ္ရွိ


အေမရိကန္သမၼတကေတာ္ Jill Biden. (ဧၿပီ ၁၉၊ ၂၀၂၁)

(Zawgyi / Unicode)

တိုက်ိဳမွာက်င္းပတဲ့ အိုလံပစ္ပြဲေတာ္မွာ အေမရိကန္သမၼတကေတာ္ Jill Biden တက္ေရာက္ဖို႔အတြက္ ဂ်ပန္နဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား အစီအစဥ္ေတြ ခ်မွတ္ေနၿပီး သမၼတ Joe Biden ေတာ့ လိုက္ပါမယ့္ပုံ မရွိဘူးလို႔ Yomiuri Shimbun ေန႔စဥ္သတင္းစာက တနဂၤေႏြေန႔မွာ ေရးပါတယ္။

ဇူလိုင္လ ၂၃ ရက္ က်င္းပမယ့္ အိုလံပစ္ဖြင့္ပြဲ အခမ္းအနားမွာ သမၼတကေတာ္ Jill Biden တက္ေရာက္ေရးနဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ Yoshihide Suga နဲ႔ ေတြ႔ဆုံဖို႔ ကိစၥေတြဟာ ဂ်ပန္နဲ႔ အေမရိကန္အစိုးရေတြ စီစဥ္ေနတဲ့ ျဖစ္ႏိုင္ေျခကိစၥေတြအျဖစ္ သတင္းစာမွာ ေဖာ္ျပပါတယ္။ ဒါေပမယ့္ ဘယ္သတင္းရပ္ကြက္ကိုမွ တိတိက်က် ကိုးကားေရးသားထားတာေတာ့ မရွိပါဘူး။

ဂ်ပန္ဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ အဓိကမဟာမိတ္အျဖစ္ ေျပာဆိုၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေတြအၾကား မျဖစ္မေန ဆက္က်င္းပဖို႔ ဝန္ႀကီးခ်ဳပ္ Suga ရဲ႕ ဆုံးျဖတ္ခ်က္ကို ေထာက္ခံတဲ့အေၾကာင္း အေမရိကန္သမၼတ Joe Biden က ေျပာဆိုထားပါတယ္။

COVID-19 ေရာဂါ ကူးစက္မႈေတြရွိလာမွာ စိုးရိမ္တဲ့အတြက္ ဂ်ပန္မွာ ကမာၻ႔အႀကီးဆုံး အိုလံပစ္အားကစားပြဲေတာ္ က်င္းပေရးကိစၥ တႏွစ္ေရႊ႕ဆိုင္းထားခဲ့တာပါ။ အခုလည္း အိုလံပစ္ပြဲ က်င္းပမယ္ဆိုရင္ ေရာဂါကူးစက္မႈေတြ ရွိႏိုင္တယ္ဆိုၿပီး ဂ်ပန္ျပည္သူေတြနဲ႔ က်န္းမာေရးပညာရွင္ေတြ ဆက္လက္ စိုးရိမ္ေနဆဲ ျဖစ္ပါတယ္။

၂၀၂၄ အိုလံပစ္ပြဲေတာ္ကိုေတာ့ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕မွာ လက္ခံက်င္းပမွာျဖစ္ၿပီး အခု ဂ်ပန္အိုလံပစ္ပြဲေတာ္ ဖြင့္ပြဲအခမ္းအနားကို ျပင္သစ္သမၼတ Emmanuel Macron တက္ေရာက္ဖို႔ စီစဥ္ေနတယ္လို႔ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တိုကျိုအိုလံပစ် ကန်သမ္မတကတော် Jill Biden တတ်ရောက်ဖွယ်ရှိ

တိုကျိုမှာကျင်းပတဲ့ အိုလံပစ်ပွဲတော်မှာ အမေရိကန်သမ္မတကတော် Jill Biden တက်ရောက်ဖို့အတွက် ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စုအကြား အစီအစဉ်တွေ ချမှတ်နေပြီး သမ္မတ Joe Biden တော့ လိုက်ပါမယ့်ပုံ မရှိဘူးလို့ Yomiuri Shimbun နေ့စဉ်သတင်းစာက တနင်္ဂနွေနေ့မှာ ရေးပါတယ်။

ဇူလိုင်လ ၂၃ ရက် ကျင်းပမယ့် အိုလံပစ်ဖွင့်ပွဲ အခမ်းအနားမှာ သမ္မတကတော် Jill Biden တက်ရောက်ရေးနဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga နဲ့ တွေ့ဆုံဖို့ ကိစ္စတွေဟာ ဂျပန်နဲ့ အမေရိကန်အစိုးရတွေ စီစဉ်နေတဲ့ ဖြစ်နိုင်ခြေကိစ္စတွေအဖြစ် သတင်းစာမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဘယ်သတင်းရပ်ကွက်ကိုမှ တိတိကျကျ ကိုးကားရေးသားထားတာတော့ မရှိပါဘူး။

ဂျပန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမဟာမိတ်အဖြစ် ပြောဆိုပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတွေအကြား မဖြစ်မနေ ဆက်ကျင်းပဖို့ ဝန်ကြီးချုပ် Suga ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံတဲ့အကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောဆိုထားပါတယ်။

COVID-19 ရောဂါ ကူးစက်မှုတွေရှိလာမှာ စိုးရိမ်တဲ့အတွက် ဂျပန်မှာ ကမ္ဘာ့အကြီးဆုံး အိုလံပစ်အားကစားပွဲတော် ကျင်းပရေးကိစ္စ တနှစ်ရွှေ့ဆိုင်းထားခဲ့တာပါ။ အခုလည်း အိုလံပစ်ပွဲ ကျင်းပမယ်ဆိုရင် ရောဂါကူးစက်မှုတွေ ရှိနိုင်တယ်ဆိုပြီး ဂျပန်ပြည်သူတွေနဲ့ ကျန်းမာရေးပညာရှင်တွေ ဆက်လက် စိုးရိမ်နေဆဲ ဖြစ်ပါတယ်။

၂၀၂၄ အိုလံပစ်ပွဲတော်ကိုတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ လက်ခံကျင်းပမှာဖြစ်ပြီး အခု ဂျပန်အိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပြင်သစ်သမ္မတ Emmanuel Macron တက်ရောက်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG