သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှုကြောင့် တိုကျိုမြို့တော် အရေးပေါ်အခြေအနေကြေညာ


အိုလံပစ်ပွဲကျင်းပမည့် တိုကျိူမြို့ National Stadium အရှေ့မှ မျတ်နှာ၊ နှာခေါင်းစည်း အကာအကွယ်တွေနဲ့ ဖြတ်လျှောက်သွားသူများ (ဓာတ်ပုံ - Reuters)
အိုလံပစ်ပွဲကျင်းပမည့် တိုကျိူမြို့ National Stadium အရှေ့မှ မျတ်နှာ၊ နှာခေါင်းစည်း အကာအကွယ်တွေနဲ့ ဖြတ်လျှောက်သွားသူများ (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

၂၀၂၀ အိုလံပစ် အားကစားပြိုင်ပွဲတွေကျင်းပဖို့ သီတင်းနှစ်ပတ်လောက်အလိုမှာပဲ ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့ကစပြီး တိုကျိုမြို့ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ ကိုဗစ်မျိုးဗီဇကွဲ ကူးစက်မှုတွေ တွေ့လာတာကြောင့် အခုလို အရေးပေါ် အခြေအနေကြေညာရတာဖြစ်တယ်လို့ ဝန်ကြီးချုပ် Yoshihide Suga ကပြောပါတယ်။

"ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲကူးစက်မှု ရိုက်ခတ်လာတာကို ထည့်တွက်ဖို့ လိုပါတယ်။ နိုင်ငံတွင်း ရောဂါကူးစက်မှုတွေနဲ့ ထပ်ပြီးမကြုံရအောင် ရောဂါ ကာကွယ်တိုက်ဖျက်ရေး ပိုပြီးအားကောင်းအောင် လုပ်ထားဖို့လိုပါတယ်။ ဒီအခြေအနေတွေကြောင့် တိုကျိုကို အရေးပေါ်အခြေအနေကြေညာသလို Okinawa မြို့အရေးပေါ် အခြေအနေကြေညာထားတာကိုလည်း သြဂုတ်လ ၂၂ ရက်နေ့ အထိ ထပ်တိုးလိုက်တယ်" လို့ ဝန်ကြီးချုပ် Suga ကပြောပါတယ်။

တိုကျိုမှာ ဒီကနေ့ ကြာသပတေးတရက်ထဲ ကိုဗစ်ကူးစက်သူ လူနာသစ် ၈၉၆ ယောက်ရှိတာကြောင့် အခုလို အရေးပေါ်အခြေအနေကြေညာလိုက်တာပါ။ ဂျပန်မှာ အခုထိ ရောဂါကူးစက်ထားသူ ၈၁၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၄,၉၀၀ ကျော်ရှိပါတယ်။ ကာကွယ်ဆေးထိုးအစီအစဉ်တွေ နှောင့်နှေးနေသလို အခုထိ နိုင်ငံလူဦးရေ ၄ ပုံ ၁ ပုံလောက်က အနည်းဆုံး ကာကွယ်ဆေးတကြိမ်ပဲ ထိုးရသေးတာပါ။

Chiba နဲ့ Kanagawa ပြည်နယ်တွေအပါအဝင် တိုကျိုအနီးတဝိုက် အိုလံပစ်ပွဲစဉ်တွေကျင်းပမယ့် နေရာတော်တော်များများ သြဂုတ်လ ၂၂ ရက်နေ့အထိ အရေးပေါ် အခြေအနေ တစိတ်တပိုင်းကြေညာထားပါတယ်။အိုလံပစ်ပွဲစဉ်တွေကို လူတွေလာရောက်ကြည့်ရှု့ခွင့်မပြုဖို့ ပွဲစီစဉ်သူတွေ ဆုံးဖြတ်နေတယ်လို့လည်း Asahi နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။

.......................................................................................

ကိုဗဈကူးစကျမှုကွောင့ျ တိုကြိုမွို့တောျ အရေးပေါျအခွအေနကွေညော

(Unicode)





XS
SM
MD
LG