သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်အိုလံပစ်ပွဲလာတဲ့ ဆားဗီးယား အားကစားသမားမှာ ကိုဗစ်ပိုးတွေ့


တိုကျိုမြို့က အိုလံပစ်သင်္ကေတ။ (ဇွန် ၇၊ ၂၀၂၁)
တိုကျိုမြို့က အိုလံပစ်သင်္ကေတ။ (ဇွန် ၇၊ ၂၀၂၁)

(Zawgyi / Unicode)

ဇူလိုင်လ ၂၃ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် ၂၀၂၀ အိုလံပစ် အားကစားပွဲစဉ်တွေအတွက် ရောက်ရှိလာတဲ့ ဆားဘီးယားနိုင်ငံသား လှေလှော်အားကစားသမားတဦးမှာ ကိုဗစ်ကူးစက်နေတာကို စနေနေ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စနေနေ့ညပိုင်း Haneda လေဆိပ်ကို ရောက်ရှိလာတဲ့ ဆားဘီးယား အားကစားသမား ၅ ဦးကို ကိုဗစ်စစ်ဆေးတာမှာ အခုလို အားကစားသမားတဦး ရောဂါကူးစက်နေတာကို တွေ့တာပါ။

အခု ရောဂါကူးစက်ထားတဲ့ ဒီ အားကစားသမားကို ဆေးရုံကို ပို့ဆောင်ထားပြီး ကျန် ၄ ဦးကိုတော့ လေဆိပ်နားက သီးခြားခွဲ သတ်မှတ်စောင့်ကြည့်စင်တာမှာ ထားတယ်လို့ ကျိုဒိုသတင်းက ဖော်ပြပါတယ်။

အစောပိုင်းကတော့ ဒီ ဆားဘီးယား အားကစားသမားတွေဟာ ကြိုတင်လေ့ကျင့်ရေးအတွက် Toyama ပြည်နယ်၊ Nanto မြို့ကို ဆက်ပြီး ခရီးဆက်ဖို့ စီစဉ်ထားတာပါ။

ပြီးခဲ့တဲ့နှစ်ကတည်းက ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းထားခဲ့တဲ့ ၂၀၂၀ တိုကျို အိုလံပစ် အားကစားပွဲစဉ်တွေကို ဇူလိုင်လ ၂၃ ရက်နေ့မှာ စတင်ဖို့ စီစဉ်ထားပြီး ဂျပန်ပြည်သူတွေကတော့ ရောဂါကူးစက်မှုတွေ ထပ်ပြီး တိုးလာမှာကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲ ရောက်လာတဲ့ ယူဂန်ဒါနိုင်ငံက အားကစားသမား တဦးမှာလည်း ကိုဗစ်ကူးစက်တာ တွေ့ခဲ့တဲ့အတွက် ပြည်ပကလာရောက်တဲ့ အားကစားသမားတွေထဲ ကိုဗစ်ကူးစက်သူ အတည်ပြုသူ အခုထိ ၂ ဦး ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

------------------

(Unicode)








XS
SM
MD
LG