(Zawgyi/Unicode)
ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာဟာ ဂ်ပန္ႏုိင္ငံ၊ တိုိက်ဳိၿမိဳ႕ေတာ္မွာက်င္းပေနတဲ့ ၂၀၂၀ အိုလံပစ္အားကစားၿပိဳင္ပြဲကေန ထြက္သြားရပါၿပီ။
ဒီကေန႔မွာ ဘယ္လ္ဂ်ီယံၾကက္ေတာင္မယ္ Lianne Tan နဲ႔ အုပ္စုဒုတိယပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားတာမွာ ၂၁-၆၊ ၂၁-၈ နဲ႔ ႏွစ္ပြဲျပတ္႐ံႈးနိမ့္သြားတဲ့အတြက္ ၿပိဳင္ပြဲကေန ထြက္သြားရတာပါ။
ဇူလိုင္လ ၂၅ ရက္၊ တနဂၤေႏြေန႔က အင္ဒိုနီးရွားၾကက္ေတာင္မယ္ Gregoria Mariska Tunjung နဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲမွာလည္း သက္ထားသူဇာက ၂၁-၁၁၊ ၂၁-၈ နဲ႔ ႏွစ္ပြဲျပတ္ ႐ံႈးနိမ့္ခဲ့တာပါ။
အခုက်င္းပေနတဲ့ တိုက်ဳိ အိုလံပစ္အားကစားပြဲေတာ္မွာ ျမန္မာႏုိင္ငံကိုယ္စားျပဳ အားကစားသမား ႏွစ္ေယာက္ပဲ ဝင္ၿပိဳင္တာျဖစ္ၿပီး သက္ထားသူဇာနဲ႔အတူ ဝင္ၿပိဳင္တဲ့ ေနာက္တေယာက္ကေတာ့ ေသနတ္ပစ္အားကစားသမား ရဲထြန္းေနာင္ျဖစ္ပါတယ္။
သူကေတာ့ ဇူလိုင္လ ၂၄ ရက္ စေနေန႔ကလုပ္တဲ့ ၁၀ မီတာ ေလေသနတ္ပစ္ အရည္အခ်င္းစစ္ၿပိဳင္ပြဲမွာ ၿပိဳင္ပြဲဝင္ ၃၆ ေယာက္ထဲ အဆင့္ ၁၄ ခ်ိတ္ၿပီး မေအာင္ျမင္ခဲ့ပါဘူး။
.................................................................................................
ကြက်တောင်အားကစားမယ်သက်ထားသူဇာ အိုလံပစ်ပြိုင်ပွဲက ရှုံးနိမ့်ထွက်ခွ
မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာကျင်းပနေတဲ့ ၂၀၂၀ အိုလံပစ်အားကစားပြိုင်ပွဲကနေ ထွက်သွားရပါပြီ။
ဒီကနေ့မှာ ဘယ်လ်ဂျီယံကြက်တောင်မယ် Lianne Tan နဲ့ အုပ်စုဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားတာမှာ ၂၁-၆၊ ၂၁-၈ နဲ့ နှစ်ပွဲပြတ်ရှုံးနိမ့်သွားတဲ့အတွက် ပြိုင်ပွဲကနေ ထွက်သွားရတာပါ။
ဇူလိုင်လ ၂၅ ရက်၊ တနင်္ဂနွေနေ့က အင်ဒိုနီးရှားကြက်တောင်မယ် Gregoria Mariska Tunjung နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာလည်း သက်ထားသူဇာက ၂၁-၁၁၊ ၂၁-၈ နဲ့ နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့တာပါ။
အခုကျင်းပနေတဲ့ တိုကျို အိုလံပစ်အားကစားပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား နှစ်ယောက်ပဲ ဝင်ပြိုင်တာဖြစ်ပြီး သက်ထားသူဇာနဲ့အတူ ဝင်ပြိုင်တဲ့ နောက်တယောက်ကတော့ သေနတ်ပစ်အားကစားသမား ရဲထွန်းနောင်ဖြစ်ပါတယ်။
သူကတော့ ဇူလိုင်လ ၂၄ ရက် စနေနေ့ကလုပ်တဲ့ ၁၀ မီတာ လေသေနတ်ပစ် အရည်အချင်းစစ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၃၆ ယောက်ထဲ အဆင့် ၁၄ ချိတ်ပြီး မအောင်မြင်ခဲ့ပါဘူး။