သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္တားဆီးမႈေတြကို ၿဗိတိန္ ႐ုပ္သိမ္း


Anti-vaccination protesters sit in central London

ကိုဗစ္ကူးစက္မႈေတြျမင့္တက္ၿပီး ကြၽမ္းက်င္သူေတြ ျပင္းျပင္းထန္ထန္သတိေပးေနတဲ့ၾကားက ကိုဗစ္တားျမစ္ကန႔္သတ္ခ်က္ေတြကို ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson တနလၤာေန႔မွာ စတင္႐ုပ္သိမ္းလိုက္ပါတယ္။ ဝန္ႀကီးခ်ဳပ္ Johnson က-

“အခုခ်ိန္ဖြင့္မေပးရင္ ေအးတဲ့လေတြ ေရာက္လာရင္ ဗိုင္းရပ္စ္က ပိုမိုအားေကာင္းလာၿပီး က်ေနာ္တို႔အေနနဲ႔ ပိုမိုခက္ခဲတဲ့ အႏၲရာယ္ေတြ႕လာႏိုင္ပါတယ္။ လူေပါင္းမ်ားစြာ ကာကြယ္ေဆးထိုးၿပီးတဲ့ေနာက္မွာ ဒါဟာ လုပ္ရတဲ့အခ်ိန္ပါပဲ။ ကန႔္သတ္မႈေတြ ပိုလုပ္လဲ ေဆး႐ုံတက္ရသူေတြ၊ ေသဆုံးမႈေတြ ရွိေနမွာပဲဆိုေတာ့ ကန႔္သတ္ေနလည္း ဘာမွမထူးပါဘူး။ လုပ္ရမယ့္ဟာကို မလုပ္ႏိုင္တာပဲရွိပါလိမ့္မယ္။ ဆိုေတာ့ အခုမဖြင့္ရင္ ဘယ္ေတာ့ ဖြင့္ႏိုင္မလဲ ဆိုတာ ကိုယ့္ဟာကိုယ္ေမးၾကဖို႔ပဲ ရွိပါတယ္” လို႔ေျပာသြားတာပါ။

ဒါေပမဲ့ စက္တင္ဘာလကုန္ကစၿပီး ကာကြယ္ေဆးထိုးၿပီးေၾကာင္း အေထာက္အထားျပေနမွ ႏိုက္ကလပ္ေတြ၊ လူစုလူေဝးေတြကို ဝင္ခြင့္ျပဳမယ္၊ ပိုးမေတြ႕ဘူး၊ negative ျဖစ္တယ္ဆို႐ုံနဲ႔ မရေတာ့ဘူးလို႔လည္း ဝန္ႀကီးခ်ဳပ္ Johnson ကေျပာသြားပါတယ္။

ၿဗိတိန္ဝန္ႀကီးခ်ဳပ္က အခုလို ကန႔္သတ္ခ်က္ေတြ ႐ုပ္သိမ္းလိုက္ေပမယ့္ ကို႐ိုနာဗိုင္းရပ္စ္ Delta မ်ိဳးကြဲသစ္ဟာ ၿဗိတိန္အပါအဝင္ ဥေရာပနဲ႔ အာရွေဒသတခ်ိဳ႕မွာ ကူးစက္ပ်ံ႕ႏွံလာေနၿပီး တိုက်ိဳ အိုလံပစ္ ပြဲေတာ္ကိုေတာင္ ၿခိမ္းေျခာက္ေနပါတယ္။

ဗီယက္နမ္ ေနရာေတာ္ေတာ္မ်ား lock down ခ်ထားရၿပီး အင္ဒိုနီးရွားမွာလည္း ေန႔စဥ္ေသဆုံးမႈႏႈန္းျမင့္တက္ေနပါတယ္။

ကိုဗစ္တားဆီးမႈေတြကို ၿဗိတိန္ ႐ုပ္သိမ္း
please wait

No media source currently available

0:00 0:01:40 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------------------------

ကိုဗစ်တားဆီးမှုတွေကို ဗြိတိန် ရုပ်သိမ်း

ကိုဗစ်ကူးစက်မှုတွေမြင့်တက်ပြီး ကျွမ်းကျင်သူတွေ ပြင်းပြင်းထန်ထန်သတိပေးနေတဲ့ကြားက ကိုဗစ်တားမြစ်ကန့်သတ်ချက်တွေကို ဗြိတိန်ဝန်ကြီးချုပ် Boris Johnson တနင်္လာနေ့မှာ စတင်ရုပ်သိမ်းလိုက်ပါတယ်။ ဝန်ကြီးချုပ် Johnson က-

“အခုချိန်ဖွင့်မပေးရင် အေးတဲ့လတွေ ရောက်လာရင် ဗိုင်းရပ်စ်က ပိုမိုအားကောင်းလာပြီး ကျနော်တို့အနေနဲ့ ပိုမိုခက်ခဲတဲ့ အန္တရာယ်တွေ့လာနိုင်ပါတယ်။ လူပေါင်းများစွာ ကာကွယ်ဆေးထိုးပြီးတဲ့နောက်မှာ ဒါဟာ လုပ်ရတဲ့အချိန်ပါပဲ။ ကန့်သတ်မှုတွေ ပိုလုပ်လဲ ဆေးရုံတက်ရသူတွေ၊ သေဆုံးမှုတွေ ရှိနေမှာပဲဆိုတော့ ကန့်သတ်နေလည်း ဘာမှမထူးပါဘူး။ လုပ်ရမယ့်ဟာကို မလုပ်နိုင်တာပဲရှိပါလိမ့်မယ်။ ဆိုတော့ အခုမဖွင့်ရင် ဘယ်တော့ ဖွင့်နိုင်မလဲ ဆိုတာ ကိုယ့်ဟာကိုယ်မေးကြဖို့ပဲ ရှိပါတယ်” လို့ပြောသွားတာပါ။

ဒါပေမဲ့ စက်တင်ဘာလကုန်ကစပြီး ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားပြနေမှ နိုက်ကလပ်တွေ၊ လူစုလူဝေးတွေကို ဝင်ခွင့်ပြုမယ်၊ ပိုးမတွေ့ဘူး၊ negative ဖြစ်တယ်ဆိုရုံနဲ့ မရတော့ဘူးလို့လည်း ဝန်ကြီးချုပ် Johnson ကပြောသွားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်က အခုလို ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် Delta မျိုးကွဲသစ်ဟာ ဗြိတိန်အပါအဝင် ဥရောပနဲ့ အာရှဒေသတချို့မှာ ကူးစက်ပျံ့နှံလာနေပြီး တိုကျို အိုလံပစ် ပွဲတော်ကိုတောင် ခြိမ်းခြောက်နေပါတယ်။

ဗီယက်နမ် နေရာတော်တော်များ lock down ချထားရပြီး အင်ဒိုနီးရှားမှာလည်း နေ့စဉ်သေဆုံးမှုနှုန်းမြင့်တက်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG