သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ဗရီကိုစ့် ဗိုလ်လုပွဲ သက်ထားသူဇာ အနိုင်ရ


သက်ထားသူဇာ
သက်ထားသူဇာ

အိုင်ဗရီကို့စ်နိုင်ငံမှာ ဇူလိုင်လ ၄ ရက်နေ့ကနေ ၇ ရက်နေ့ထိ ကျင်းပခဲ့တဲ့ ၂၀၁၉ Cote d’ivoire နိုင်ငံတကာ အမျိုးသမီး တဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ တနင်္ဂနွေနေ့က နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင် မသက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၈၂ ရှိနေတဲ့ အိန္ဒိယ အားကစားသမား Sri Krishna Priya Kudaravalli ကို နှစ်ပွဲပြတ်နဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးလိုက်ပါတယ်။ အိန္ဒိယ အားကစားမယ်ဟာ မသက်ထားသူဇာကို ၁၇-၂၁၊ ၁၃-၂၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အခုလို ကမ္ဘာ့အဆင့် ၈၂ ရှိထားသူတဦးကို အပြတ်နိုင်လိုက်တဲ့အတွက် မြန်မာ့အမျိုးသမီး ကြက်တောင် ချန်ပီယံတဦးအနေနဲ့ ကမ္ဘာ့အဆင့် ၈၀ ကျော် ကို ရောက်ရှိလာဖို့ရှိကြောင်းနဲ့ ကမ္ဘာ့ အိုလံပစ်ပြိုင်ပွဲအဆင့်ထိ ရောက်ဖို့ ဆက်လက်ကြိုးပမ်းသွားဖို့ရှိကြောင်း မသက်ထားသူဇာ ရဲ့ ဖခင်ဖြစ်သူက ပြည်တွင်းသတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ဖို့အတွက် အနည်းဆုံးကမ္ဘာ့အဆင့် ၁၀၀ ရှိဖို့ လိုအပ်နေတာကြောင့်လည်း အခုလို မသက်ထားသူဇာအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နေပြီး အမှတ်ယူနေတာဖြစ်ပါတယ်။

မသက်ထားသူဇာဟာ ဒီမတိုင်ခင်ကလည်း ဘီနင် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၁၉ နိုင်ငံတကာ ကြက်တောင်ရိုက်ပွဲစဉ်မှာ ပီရူးနိုင်ငံက ကြက်တောင်အားကစားမယ်ကို အနိုင်ရပြီး ကမ္ဘာအဆင့် ၁၁၄ ကနေ အဆင့် ၁၀၁ကို ခုန်တက်နိုင်ခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG