ဒီသီတင်းပတ် အားကစားအစီအစဉ်မှာတော့ လာမယ့် စနေနေ့မှာကန်မယ့် လီဗာပူးလ်နဲ့ ရီးယဲလ် မက်ဒရစ်တို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အကြိုသုံးသပ်ချက်၊ မြန်မာ့လက်ရွေးစင်အသင်း အတွက် နည်းပြအဖွဲ့သစ် ခန့်ထားလိုက်တဲ့အပေါ် အမြင်နဲ့ ထိုင်းမှာ အောင်မြင်နေတဲ့ လက်ရွေးစင်ကစားသမား အောင်သူ့အကြောင်းတွေကို နားဆင်ရပါမယ်။
အားကစား ကလောင်ရှင် ကိုဝဏ္ဏကိုနဲ့ ဆက်သွယ်မေးမြန်းပြီး ကိုကျော်ကျော်သိန်းက စီစဉ် တင်ဆက်ထားပါတယ်။