သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေၾကာင့္ မေရမရာျဖစ္ေနရတဲ့ ဂ်ပန္အိုလံပစ္


(Zawgyi/Unicode)

ဂ်ပန္ႏိုင္ငံ တိုက်ိဳမွာ လာမယ့္ ေသာၾကာေန႔ ဇူလိုင္လ ၂၃ ရက္ေန႔မွာ အိုလံပစ္ အားကစားပြဲေတာ္ေတြ စတင္ဖို႔ ရွိေနခ်ိန္မွာဘဲ အားကစားသမားေတြၾကားမွာ Covid-19 ကူးစက္ ျဖစ္ပြားသူ တိုးမ်ားလာရင္ အခ်ိန္ကပ္ၿပီး အားကစားပြဲေတြ ဖ်က္သိမ္းမယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး ပြဲေတာ္ စီစဥ္ေရး ေကာ္မတီ အႀကီးအကဲက ျပတ္ျပတ္သားသား ေျပာဆိုမထားပါဘူး။

တိုက်ိဳ အိုလံပစ္ ပြဲေတာ္မွာ ပါဝင္ ယွဥ္ၿပိဳင္မယ့္ ဒါမွမဟုတ္လည္း ပြဲေတာ္ကို လာေရာက္ဖို႔ ဇူလိုင္လ ၁ ရက္ေန႔ ကတည္းက အသိအမွတ္ျပဳ လက္ခံထားသူေတြထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၇၁ ေယာက္ရွိေၾကာင္း အေၾကာင္းၾကားခ်က္ ရရွိထားတာနဲ႔ အတူဘဲ ကူးစက္ ျဖစ္ပြားမႈ အေရအတြက္ကို ေစာင့္ၾကည့္ေနပါေၾကာင္း အဂၤါေန႔မွာ လုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ Toshiro Muto က ေျပာခဲ့တာပါ။

ကူးစက္ျဖစ္ပြားမႈ မ်ားလာခဲ့ရင္ အဲဒီကိစၥကို ဆက္လက္ ေဆြးေႏြးမွာ ျဖစ္ေၾကာင္း၊ အခုအခ်ိန္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈက အတက္ အက် ရွိႏိုင္ေၾကာင္း၊ အေျခအေနကို လိုက္ၿပီး လုပ္သင့္တာကို စဥ္းစားသြားမွာ ျဖစ္ေၾကာင္း မစၥတာ Muto က ေျပာပါတယ္။ က်င္းပဖို႔ တႏွစ္ ေနာက္ဆုတ္ခဲ့ရတဲ့ Tokyo 2020 အိုလံပစ္ ပြဲေတာ္ အတြက္ ေျပာခြင့္ရ တဦးကေတာ့ ပြဲစီစဥ္သူေတြ အေနနဲ႔ ရာႏႈန္းျပည့္ ပြဲေတာ္ ေအာင္ေအာင္ျမင္ျမင္ က်င္းပႏိုင္ေရးကို အာ႐ုံစိုက္ ေဆာင္႐ြက္ေနေၾကာင္း ေနာက္ပိုင္းမွာ ေျပာပါတယ္။

ဇူလိုင္လ ၁ ရက္ေန႔ကေန ဇူလိုင္လ ၁၉ ရက္ေန႔ အထိ ဂ်ပန္ကို လူ ၃၀,၀၀၀ နီးပါး ေရာက္ရွိခဲ့ၿပီး အဲဒီထဲမွာ Covid အတည္ျပဳလူနာ ၃၁ ဦး မွတ္တမ္းရွိေၾကာင္း၊ ဒါေၾကာင့္ အတည္ျပဳ လူနာႏႈန္းက ၀ ဒသမ ၁ ရာခိုင္ႏႈန္းသာ ရွိေၾကာင္း တိုက်ိဳ ၂၀၂၀ ရဲ႕ အႀကီးအကဲ Seiko Hashimoto ကလည္း သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။

တိုက်ိဳ အိုလံပစ္ ပြဲေတာ္ အတြက္ ကမကထျပဳေပးၾကတဲ့ လုပ္ငန္းႀကီး တခ်ိဳ႕လည္း ေသာၾကာေန႔ ပြဲေတာ္ ဖြင့္ပြဲကို တက္ေရာက္မယ့္ အစီအစဥ္ကို ႐ုပ္သိမ္းထားသလို ကပ္ေဘးေရာဂါေၾကာင့္ က်န္းမာေရး အႏၲရာယ္ ေလွ်ာ့ခ်ႏိုင္ေရး အားကစားပြဲေတြမွာ ပြဲၾကည့္ ပရိတ္သတ္လည္း ခြင့္မျပဳပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကိုဗစ်ကူးစက်မှုကြောင့် မရေမရာဖြစ်နေရတဲ့ ဂျပန်အိုလံပစ်

ဂျပန်နိုင်ငံ တိုကျိုမှာ လာမယ့် သောကြာနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာ အိုလံပစ် အားကစားပွဲတော်တွေ စတင်ဖို့ ရှိနေချိန်မှာဘဲ အားကစားသမားတွေကြားမှာ Covid-19 ကူးစက် ဖြစ်ပွားသူ တိုးများလာရင် အချိန်ကပ်ပြီး အားကစားပွဲတွေ ဖျက်သိမ်းမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပွဲတော် စီစဉ်ရေး ကော်မတီ အကြီးအကဲက ပြတ်ပြတ်သားသား ပြောဆိုမထားပါဘူး။

တိုကျို အိုလံပစ် ပွဲတော်မှာ ပါဝင် ယှဉ်ပြိုင်မယ့် ဒါမှမဟုတ်လည်း ပွဲတော်ကို လာရောက်ဖို့ ဇူလိုင်လ ၁ ရက်နေ့ ကတည်းက အသိအမှတ်ပြု လက်ခံထားသူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၇၁ ယောက်ရှိကြောင်း အကြောင်းကြားချက် ရရှိထားတာနဲ့ အတူဘဲ ကူးစက် ဖြစ်ပွားမှု အရေအတွက်ကို စောင့်ကြည့်နေပါကြောင်း အင်္ဂါနေ့မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Toshiro Muto က ပြောခဲ့တာပါ။

ကူးစက်ဖြစ်ပွားမှု များလာခဲ့ရင် အဲဒီကိစ္စကို ဆက်လက် ဆွေးနွေးမှာ ဖြစ်ကြောင်း၊ အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုက အတက် အကျ ရှိနိုင်ကြောင်း၊ အခြေအနေကို လိုက်ပြီး လုပ်သင့်တာကို စဉ်းစားသွားမှာ ဖြစ်ကြောင်း မစ္စတာ Muto က ပြောပါတယ်။ ကျင်းပဖို့ တနှစ် နောက်ဆုတ်ခဲ့ရတဲ့ Tokyo 2020 အိုလံပစ် ပွဲတော် အတွက် ပြောခွင့်ရ တဦးကတော့ ပွဲစီစဉ်သူတွေ အနေနဲ့ ရာနှုန်းပြည့် ပွဲတော် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးကို အာရုံစိုက် ဆောင်ရွက်နေကြောင်း နောက်ပိုင်းမှာ ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ဂျပန်ကို လူ ၃၀,၀၀၀ နီးပါး ရောက်ရှိခဲ့ပြီး အဲဒီထဲမှာ Covid အတည်ပြုလူနာ ၃၁ ဦး မှတ်တမ်းရှိကြောင်း၊ ဒါကြောင့် အတည်ပြု လူနာနှုန်းက ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိကြောင်း တိုကျို ၂၀၂၀ ရဲ့ အကြီးအကဲ Seiko Hashimoto ကလည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တိုကျို အိုလံပစ် ပွဲတော် အတွက် ကမကထပြုပေးကြတဲ့ လုပ်ငန်းကြီး တချို့လည်း သောကြာနေ့ ပွဲတော် ဖွင့်ပွဲကို တက်ရောက်မယ့် အစီအစဉ်ကို ရုပ်သိမ်းထားသလို ကပ်ဘေးရောဂါကြောင့် ကျန်းမာရေး အန္တရာယ် လျှော့ချနိုင်ရေး အားကစားပွဲတွေမှာ ပွဲကြည့် ပရိတ်သတ်လည်း ခွင့်မပြုပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG