သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး ျပင္သစ္နဲ႔ ရုရွား သမၼတ ၂ ဦးေဆြးေႏြး


Russia, Moscow, russian president Vladimir Putin and french president Emmanuel Macron

ရုရွားႏုိင္ငံကို ေရာက္ေနတဲ့ ျပင္သစ္သမၼတ Emmanuel Macron ဟာ တနလၤာေန႔မွာ ရုရွားသမၼတ Vladimir Putin နဲ႔ ေတြ႔ဆံုၿပီး ယူကရိန္းကို ရုရွားဝင္ေရာက္ က်ဴးေက်ာ္မယ့္ ၿခိမ္းေျခာက္မႈေတြ အဆံုးသတ္ေစဖို႔ ေဆြးေႏြးခဲ့ပါတယ္။

စစ္ကိုေရွာင္ရွားႏိုင္ေရး အတြက္ စစ္ရွိန္ေလ ွ်ာ့ခ် ေရး လမ္းေၾကာင္းေပၚသြားဖို႔ လုိအပ္ေနတာေတြကို အခုေဆြးေႏြးပြဲ ကေန စတင္ႏိုင္ေၾကာင္း ျပင္သစ္သမၼတ Macron က ေျပာၾကားခဲ့ပါတယ္။ ဒီလိုလုပ္ႏုိင္မယ့္ အေသးစိတ္အခ်က္လက္ေတြကို ေဆြးေႏြးၿပီး ရုရွားနဲ႔ က်န္ဥေရာပ ေဒသအတြက္ အသံုးတဲ့မယ့္ တုန္႔ျပန္မႈေတြကို ၂ ဖက္ အတူေဆာင္ရြက္ႏိုင္မယ့္ အခြင္႔အလန္းျဖစ္ၿပီး ဒါဟာ စစ္ကိုေရွာင္ရွားႏုိင္သလို လူတိုင္းအတြက္ ယံုၾကည္မႈနဲ႔ တည္ၿငိမ္မႈ အျပင္ ပြင့္လင္းျမင္သာမႈပါ ရွိလာမွာ ျဖစ္ေၾကာင္း ေျပာပါတယ္။

ေဆြးေႏြးပြဲမစခင္ကေတာ့ ဒီေဆြးေႏြးပြဲကေန ရုရွားနဲ႔အေနာက္ႏုိင္ငံေတြၾကား တင္းမာေနမႈအတြက္ အေျဖတစံုတရာ ခ်က္ခ်င္း ထြက္လာဖို႔ ေမ ွ်ာ္လင့္မထားေၾကာင္း ရုရွား အစိုးရ ေျပာခြင့္ရ Dmitry Peskov က သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။ အေျခေနဟာ သိပ္ရႈပ္ေထြးေနတာေၾကာင့္ တႀကိမ္ ေဆြးေႏြးရံုနဲ႔ ေျပလည္ဖုိ႔ ေမ ွ်ာ္လင့္ မထားသလို ရုရွားဘက္က ေတာင္းဆိုေနတဲ့ ရုရွားအတြက္ လံုၿခံဳေရး အာမခံခ်က္ ေပးဖုိ႔ ကိစၥမွာ ဘာမွ တိုးတက္မႈ မရွိေသးေၾကာင္း ရုရွားအစိုးရ ေျပာခြင့္ရက ေျပာပါတယ္။

ရုရွားက ယူကရိန္းကို အခ်ိန္မေရြး ဝင္ေရာက္က်ဴးေက်ာ္ႏုိင္ေၾကာင္း အေနာက္ႏုိင္ငံေတြက စိုးရိမ္ေနၾကခ်ိန္မွာပဲ ယူကရိန္းနယ္စပ္မွာ ရုရွားက စစ္အင္အား ၁ သိန္းေက်ာ္ ခ်ထားသလို ရုရွားရဲ့ မဟာမိတ္ ျဖစ္တဲ့ ဘယ္လာရုစ္နယ္စပ္မွာလည္း ရုရွားတပ္ေတြကို ခ်ထားတာျဖစ္ပါတယ္။

-----------------------------------------

ယူကရိန်းအရေး ပြင်သစ်နဲ့ ရုရှားသမ္မတ ၂ ဦးဆွေးနွေး

ရုရှားနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ဟာ တနင်္လာနေ့မှာ ရုရှားသမ္မတ Vladimir Putin နဲ့ တွေ့ဆုံပြီး ယူကရိန်းကို ရုရှားဝင်ရောက် ကျူးကျော်မယ့် ခြိမ်းခြောက်မှုတွေ အဆုံးသတ်စေဖို့ ဆွေးနွေးခဲ့ပါတယ်။

စစ်ကိုရှောင်ရှားနိုင်ရေး အတွက် စစ်ရှိန်လေ ျှာ့ချ ရေး လမ်းကြောင်းပေါ်သွားဖို့ လိုအပ်နေတာတွေကို အခုဆွေးနွေးပွဲ ကနေ စတင်နိုင်ကြောင်း ပြင်သစ်သမ္မတ Macron က ပြောကြားခဲ့ပါတယ်။ ဒီလိုလုပ်နိုင်မယ့် အသေးစိတ်အချက်လက်တွေကို ဆွေးနွေးပြီး ရုရှားနဲ့ ကျန်ဥရောပ ဒေသအတွက် အသုံးတဲ့မယ့် တုန့်ပြန်မှုတွေကို ၂ ဖက် အတူဆောင်ရွက်နိုင်မယ့် အခွင့်အလန်းဖြစ်ပြီး ဒါဟာ စစ်ကိုရှောင်ရှားနိုင်သလို လူတိုင်းအတွက် ယုံကြည်မှုနဲ့ တည်ငြိမ်မှု အပြင် ပွင့်လင်းမြင်သာမှုပါ ရှိလာမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဆွေးနွေးပွဲမစခင်ကတော့ ဒီဆွေးနွေးပွဲကနေ ရုရှားနဲ့အနောက်နိုင်ငံတွေကြား တင်းမာနေမှုအတွက် အဖြေတစုံတရာ ချက်ချင်း ထွက်လာဖို့ မေ ျှာ်လင့်မထားကြောင်း ရုရှား အစိုးရ ပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ပြောခဲ့တာပါ။ အခြေနေဟာ သိပ်ရှုပ်ထွေးနေတာကြောင့် တကြိမ် ဆွေးနွေးရုံနဲ့ ပြေလည်ဖို့ မေ ျှာ်လင့် မထားသလို ရုရှားဘက်က တောင်းဆိုနေတဲ့ ရုရှားအတွက် လုံခြုံရေး အာမခံချက် ပေးဖို့ ကိစ္စမှာ ဘာမှ တိုးတက်မှု မရှိသေးကြောင်း ရုရှားအစိုးရ ပြောခွင့်ရက ပြောပါတယ်။

ရုရှားက ယူကရိန်းကို အချိန်မရွေး ဝင်ရောက်ကျူးကျော်နိုင်ကြောင်း အနောက်နိုင်ငံတွေက စိုးရိမ်နေကြချိန်မှာပဲ ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်အင်အား ၁ သိန်းကျော် ချထားသလို ရုရှားရဲ့ မဟာမိတ် ဖြစ်တဲ့ ဘယ်လာရုစ်နယ်စပ်မှာလည်း ရုရှားတပ်တွေကို ချထားတာဖြစ်ပါတယ်။

XS
SM
MD
LG