သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေး ပြင်သစ်သမ္မတရုရှားသွားရောက်ဆွေးနွေး


ပြင်သစ်သမ္မတ Macron 
ပြင်သစ်သမ္မတ Macron 

[[Zawgyi/Unicode]]

ယူကရိန်းနယ်စပ် စစ်ရေးတင်းမာမှုလျော့ပါးရေးအတွက် ပြင်သစ်သမ္မတ Macron ဟာ ဒီနေ့ တနင်္လာနေ့မှာ ရုရှားနဲ့ယူကရိန်းကို သွားရောက်ခဲ့ပြီး သမ္မတ ၂ ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီခရီးမတိုင်မီ အမေရိကန်သမ္မတနဲ့ တနင်္ဂနွေနေ့က ဆွေးနွေးခဲ့ရာမှာ ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေးကို ထောက်ခံကြောင်း သဘောတူခဲ့ကြပါတယ်။ ယုံကြည်မှု ဆိုင်ရာလက္ခဏာတွေနဲ့ နည်းနာယန္တယားတွေ မတည်ဆောက်မီမှာ အခြေအနေ ဆိုးမသွားအောင် ကာကွယ်ဖို့က မရှိမဖြစ်လိုအပ်တယ်လို့ ပြင်သစ်သတင်းစာဂျာနယ် ဂျီးမောင့်ချ် Journal du Dimanche ကို မက်ခရွန်က ပြောခဲ့ပါတယ်။

“ရုရှားရဲ့ ပထဝီနိုင်ငံရေးရည်မှန်းချက်က ယူကရိန်းမဟုတ်တာ ရှင်းပါတယ်။ နေတိုး၊ အီးယူ တို့နဲ့ အတူနေထိုင်ရေး စည်းမျဉ်းတွေကို ရှင်းလင်းချင်တာပါ။” လို့ ပြင်သစ်သမ္မတက ဆိုပါတယ်။ “ယူကရိန်း ဒါမှမဟုတ် ဘယ်ဥရောပ နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာက ဆွေးနွေးညှိုနှိုင်းရမယ့် ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ ရုရှားက သူ့ ရဲ့လုံခြုံရေးအတွက် ပြောဆိုဖို့လည်း ပြောင်ပိုင်ခွင့် ရှိပါတယ်။” လို့ ပြင်သစ်သတင်းစာကို ပြောခဲ့ကြောင်း အေပီ သတင်းက ရေးပါတယ်။

ပြင်သစ်သမ္မတ မော်စကိုခရီးရဲ့ရည်မှန်းချက်တွေထဲက တခုကတော့ ဧပြီလ ရွေးကောက်ပွဲတွေ အပြီးအထိ အချိန်ဆွဲထားဖို့ နဲ့ အခြေအနေ ဆိုးမသွားစေဖို့ ဖြစ်တယ်လို့ သူနဲ့ နီးစပ်သူ နှစ်ဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဆိုဗီယက်အုပ်ချုပ်မှုအောက်နေခဲ့ကြတဲ့ အရှေ့ဥရောပတိုင်းပြည်တွေကတော့ မာခရွန်ရဲ့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ရေး ရပ်တည်ချက်အပေါ်မှာ သတိကြီးကြီး ထားနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







#UkraineCrisis #Ukraine #FranceRussia #VOABurmese
============

XS
SM
MD
LG