သုံးရလွယ်ကူစေသည့် Link များ

ရှေ့တန်းက လက်နက်ကြီးတွေကို ယူကရိန်းသူပုန် ပြန်ရုပ်

  • ဗွီအိုအေ (မြန်မာဌာန)

နိုင်ငံတကာက သတ်မှတ်ထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတိုင်း ရှေ့တန်းက လက်နက်ကြီးတွေကို စတင် ရုပ်သိမ်းနေပြီလို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ သူပုန်အဖွဲ့က ပြောကြားလိုက်ပါတယ်။

အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၉ နာရီမှာ စတင်ပြီး ရုပ်သိမ်းမှာဖြစ်ကြောင်း သူပုန်ဘက်က ထိပ်တန်းတပ်မှူး Eduard Basurin က ပြောပါတယ်။ ဒါပေမဲ့ ဒီလို ရုပ်သိမ်းမှု ရှိ မရှိတော့ သီးခြား အတည်ပြုချက် မရယူနိုင်သေးပါဘူး။

ယူကရိန်း စစ်ဘက်အရာရှိတွေဘက်က အခုထိ ဘာမှ တုံ့ပြန်ပြောဆိုတာမျိုး မလုပ်သေးပေမဲ့ တိုက်ပွဲတွေ ဆက်ပြီး ဖြစ်နေသရွေ့ ရှေ့တန်းက လက်နက်တွေကို ရုပ်သိမ်းမပေးနိုင်သေးဘူးလို့ တွင်တွင် ပြောနေပါတယ်။

သူပုန်တွေဘက် ဒီကနေ့ အင်္ဂါနေ့မှာပဲ မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ Mariupol တဝိုက်မှာရော ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ယူကရိန်းစစ်တပ်လက်ကနေ ပြန်သိမ်းသွားတဲ့ Debaltseve မြို့နားမှာပါ ဆက်ပြီး တိုက်ခိုက်နေဆဲပဲလို့ ယူကရိန်းအစိုးရက ပြောပါတယ်။

အခုလို အကြမ်းဘက်မှုတွေကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအတိုင်း အပစ်အခတ် ရပ်စဲမှုတွေ အဆုံးသတ်ဖို့ ဖြစ်နိုင်ပါ့မလားလို့ သံသယ ဝင်လာစေပါတယ်။ ၁၀ လကြာလာပြီဖြစ်တဲ့ ဒီတိုက်ပွဲတွေကြောင့် သေဆုံးရသူက အခုဆို ၅,၆၀၀ ကျော်နေပြီ ဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်တဲ့ OSCE ဥရောပတိုက် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က အင်္ဂါနေ့ ညနေပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အခြေအနေကို တင်ပြဖို့ ရှိပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးဖို့ ဒီကနေ့ အင်္ဂါနေ့မှာ ယူကရိန်း၊ ရုရှား၊ ဂျာမနီနဲ့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံကြပါတယ်။ ဒီတွေ့ဆုံမှု မတိုင်ခင် နာရီပိုင်းအတွင်းမှာတော့ ရုရှားအစိုးရပိုင် Gazprom ရေနံကုမ္ပဏီက ယူကရိန်းကို တင်ပို့ပေးနေတဲ့ ရေနံကို မတင်ပို့ပေးဘဲ ဖြတ်တောက်မယ်လို့ သတိပေးလိုက်တဲ့ အပြင် ကျန်ဥရောပ နိုင်ငံတွေကို ဖြန့်ဖြူးပေးနေတဲ့ ရေနံတွေအတွက်ပါ ပြဿနာ ဖြစ်နိုင် တယ်လို့ သတိပေးလိုက်ပါတယ်။

XS
SM
MD
LG