သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကုိ မက်ဴးေက်ာ္ဖုိ႔ ႐ုရွားသမၼတနဲ႔ ဖုန္းေျပာရာမွာ သမၼတဘုိင္ဒန္ သတိေပး


အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းကို ႐ုရွား ဝင္ေရာက္က်ဴးေက်ာ္မယ္ဆိုရင္ လွ်င္လွ်င္ျမန္ျမန္ပဲ ျပင္းထန္တဲ့ အက်ိဳးဆက္ေတြ ခံစားရမွာျဖစ္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က စေနေန႔မွာ ႐ုရွားသမၼတ Vladimir Putin ကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ေျပာၾကားခ်ိန္မွာ သတိေပးလိုက္ေၾကာင္း သမၼတအိမ္ျဖဴက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆိုပါတယ္။

အေမရိကန္သမၼတနဲ႔ ႐ုရွားသမၼတတို႔ၾကား တယ္လီဖုန္း ဆက္သြယ္ေျပာၾကားမႈဟာ တနာရီ ၾကာျမင့္ခဲ့တာပါ။

ယူကရိန္းကို ဝင္ေရာက္က်ဴးေက်ာ္ဖို႔ ႐ုရွားဘက္က အသင့္ရွိေနၿပီဆိုတဲ့ စိုးရိမ္မႈေတြ တိုးလာၿပီး ဆက္လက္တင္းမာေနခ်ိန္မွာပဲ အေမရိကန္နဲ႔ ႐ုရွားသမၼတ ၂ ဦး ယူကရိန္းအေရး ေဆြးေႏြးခဲ့ၾကတာပါ။ ယူကရိန္းနယ္စပ္မွာ တပ္အင္အား ၁ သိန္းေက်ာ္ခ်ထားတဲ့ ႐ုရွားက တပ္အင္အားကို ဆက္ၿပီး တိုးခ်ေနတာ ျဖစ္ပါတယ္။

႐ုရွားဘက္က ေတာင္းဆိုထားတဲ့ သူ႔လံုၿခံဳေရးဆိုင္ရာ စိုးရိမ္မႈေတြအတြက္ သမၼတဘိုင္ဒန္က အရင္ ဇန္နဝါရီလတုန္းက ကမ္းလွမ္းခ်က္လိုပဲ ထပ္ၿပီး တင္ျပေနတာ ေတြ႔ရေၾကာင္းနဲ႔ ႐ုရွားရဲ႕ အဓိကေတာင္းဆိုခ်က္ေတြကို ထည့္သြင္းစဥ္းစားထားတာ မေတြ႔ရေၾကာင္း ႐ုရွားအစိုးရ မူဝါဒေရးရာ ထိပ္ပိုင္းအႀကံေပး Yury Ushakov က သမၼတ ၂ ဦး ေဆြးေႏြးပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ႐ုရွားဘက္က တန္ျပန္အဆိုျပဳခ်က္ကို မၾကာခင္ ထုတ္ျပန္ဖို႔ ရွိေၾကာင္းလည္း ေျပာပါတယ္။ ေခါင္းေဆာင္ ၂ ဦးရဲ႕ ဆက္သြယ္ေျပာၾကားမႈဟာ ဟန္ခ်က္ညီညီနဲ႔ အလုပ္သေဘာဆန္ေၾကာင္း ေျပာဆုိခဲ့ၿပီး ဆက္သြယ္ေဆြးေႏြးမႈေတြ အဆင့္တုိင္းမွာ ဆက္လုပ္ဖို႔ ႏွစ္ဖက္ သေဘာတူခဲ့ၾကတယ္လို႔လည္း သူက ေျပာပါတယ္။

႐ုရွားက ယူကရိန္းကို အခ်ိန္မေရြး ဝင္ေရာက္က်ဴးေက်ာ္ႏိုင္တယ္ ဆိုတဲ့ အေမရိကန္အစိုးရရဲ႕ ေၾကညာခ်က္ကေတာ့ အေမရိကန္ဟာ ေဆာက္တည္ရာမရ ျဖစ္ေနၿပီလို႔ ေဝဖန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယူကရိန်းကို မကျူးကျော်ဖို့ ရုရှားသမ္မတနဲ့ ဖုန်းပြောရာမှာ သမ္မတဘိုင်ဒန် သတိပေး

ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်မယ်ဆိုရင် လျှင်လျှင်မြန်မြန်ပဲ ပြင်းထန်တဲ့ အကျိုးဆက်တွေ ခံစားရမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က စနေနေ့မှာ ရုရှားသမ္မတ Vladimir Putin ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားချိန်မှာ သတိပေးလိုက်ကြောင်း သမ္မတအိမ်ဖြူက ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ကြား တယ်လီဖုန်း ဆက်သွယ်ပြောကြားမှုဟာ တနာရီ ကြာမြင့်ခဲ့တာပါ။

ယူကရိန်းကို ဝင်ရောက်ကျူးကျော်ဖို့ ရုရှားဘက်က အသင့်ရှိနေပြီဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာပြီး ဆက်လက်တင်းမာနေချိန်မှာပဲ အမေရိကန်နဲ့ ရုရှားသမ္မတ ၂ ဦး ယူကရိန်းအရေး ဆွေးနွေးခဲ့ကြတာပါ။ ယူကရိန်းနယ်စပ်မှာ တပ်အင်အား ၁ သိန်းကျော်ချထားတဲ့ ရုရှားက တပ်အင်အားကို ဆက်ပြီး တိုးချနေတာ ဖြစ်ပါတယ်။

ရုရှားဘက်က တောင်းဆိုထားတဲ့ သူ့လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေအတွက် သမ္မတဘိုင်ဒန်က အရင် ဇန်နဝါရီလတုန်းက ကမ်းလှမ်းချက်လိုပဲ ထပ်ပြီး တင်ပြနေတာ တွေ့ရကြောင်းနဲ့ ရုရှားရဲ့ အဓိကတောင်းဆိုချက်တွေကို ထည့်သွင်းစဉ်းစားထားတာ မတွေ့ရကြောင်း ရုရှားအစိုးရ မူဝါဒရေးရာ ထိပ်ပိုင်းအကြံပေး Yury Ushakov က သမ္မတ ၂ ဦး ဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားဘက်က တန်ပြန်အဆိုပြုချက်ကို မကြာခင် ထုတ်ပြန်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။ ခေါင်းဆောင် ၂ ဦးရဲ့ ဆက်သွယ်ပြောကြားမှုဟာ ဟန်ချက်ညီညီနဲ့ အလုပ်သဘောဆန်ကြောင်း ပြောဆိုခဲ့ပြီး ဆက်သွယ်ဆွေးနွေးမှုတွေ အဆင့်တိုင်းမှာ ဆက်လုပ်ဖို့ နှစ်ဖက် သဘောတူခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

ရုရှားက ယူကရိန်းကို အချိန်မရွေး ဝင်ရောက်ကျူးကျော်နိုင်တယ် ဆိုတဲ့ အမေရိကန်အစိုးရရဲ့ ကြေညာချက်ကတော့ အမေရိကန်ဟာ ဆောက်တည်ရာမရ ဖြစ်နေပြီလို့ ဝေဖန်လိုက်ပါတယ်။

XS
SM
MD
LG