သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေးတင်းမာမှု ကမ္ဘာစစ်ဖြစ်နိုင်တယ်လို့ သမ္မတဘိုင်ဒန် မှတ်ချက်ချ


Biden
Biden

[[Zawgyi/Unicode]]

ရုရှားနဲ့ယူကရိန်းနယ်စပ်မှာ ရုရှားနဲ့အမေရိကန်တပ်ဖွဲ့တွေကြား ကြီးမားတဲ့ပဋိပက္ခဖြစ်လာနိုင်ခြေကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးလိုက်ပြီး အမေရိကန်နိုင်ငံသားတွေ ယူကရိန်းနိုင်ငံထဲမှာ ရှိနေရင် ချက်ချင်း ထွက်ခွာကြဖို့လည်း သတိပေးလိုက်ပါတယ်။

ကမ္ဘာ့ အင်အားအကြီးဆုံးစစ်တပ်တွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ ရုရှားစစ်တပ်နဲ့ ရင်ဆိုင်နေရတာ ဖြစ်သလို တခြား အခြေအနေတွေနဲ့မတူဘဲ ပဋိပက္ခတွေ ချက်ချင်းဆိုးရွားလာနိုင်တာကြောင့် အဲ့ဒီမှာရှိတဲ့အမေရိကန် နိုင်ငံသားတွေ အခုပဲ ချက်ချင်း ထွက်ခွာသင့်တယ်လို့ သမ္မတဘိုင်ဒန်က အမေရိကန် NBC ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။

တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာရင် အဲ့ဒီမှာရှိတဲ့ အမေရိကန်တွေကို ကယ်ထုတ်ဖို့ အမေရိကန်တပ်ဖွဲ့တွေ ယူကရိန်းကို စေလွှတ်တာမျိုး လုပ်မှာမဟုတ်ဘူးလို့လည်း သမ္မတက ပြောပါတယ်။ အမေရိကန်နဲ့ရုရှားတပ်တွေ အပြန်အလှန်ပစ်ကြရင်တောင် ဒါက နှစ်နိုင်ငံစစ်မဟုတ်ဘဲ ကမ္ဘာစစ်တခု ဖြစ်တယ်လို့ သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဒီ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အဆုံးသတ်မယ့် ဘေဂျင်းဆောင်းရာသီ အိုလံပစ်ပွဲတော်ကျင်းပနေတဲ့ ကာလအတွင်းမှာကိုပဲ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာနိုင်တယ်ဆိုပြီး သြစတြေးလျနိုင်ငံမှာ ရောက် နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ကလည်း သတိပေးပါတယ်။ သြစတြေးလျ၊ အိန္ဒိယနဲ့ဂျပန် နိုင်ငံတွေက ဝန်ကြီးတွေနဲ့ တွေ့ဆုံပြီး လေးနိုင်ငံ QUAD အစည်းအဝေး တက်ရောက်နေတဲ့ ဝန်ကြီးဘလင်ကန် ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ရုရှားဟာ ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေကို ဘဲလားရုစ်နိုင်ငံမှာ ကြာသပတေးနေ့က စတင်ခဲ့သလို မဟာဗျူဟာအရ အရေးပါတဲ့ ပင်လယ်နက်ထဲမှာလည်း သူ့ရဲ့စစ်သင်္ဘော ၆ စင်းကို ကျောက်ချထားပါတယ်။ ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ပိုဆိုးလာအောင် လုပ်တဲ့လုပ်ရပ်လို့ ဆိုပြီး ယူကရိန်းအစိုးရတာဝန်ရှိသူတွေက ရုရှားကို ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






============

XS
SM
MD
LG