သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ ဝန်ကြီးချုပ်နဲ့ သမ္မတ Biden ယူကရိန်း အရေး ဆွေးနွေး


Collage - Biden, Scholz
Collage - Biden, Scholz

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz တို့ဟာ တနင်္လာနေ့က သမ္မတအိမ်ဖြူမှာ တွေ့ဆုံခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးရဲ့ ဆွေးနွေးပွဲမှာ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်နိုင်ခြေရှိနေတာ တွေကို တားဆီးရေး နဲ့ပတ်သက်ပြီး အဓိက ဆွေးနွေးနိုင်ဖွယ်ရှိပါတယ်။


ဆွေးနွေးပွဲ အစပိုင်းမှာတော့ ဂျာမနီမှာ ဒီဇင်ဘာလကမှ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Scholz နဲ့သမ္မတဘိုင်ဒန်တို့ဟာ ၂ နိုင်ငံ အနီးကပ် ဆက်ဆံရေးနဲ့ပတ်သက်ပြီး အဓိကပြောကြားကြဖို့ရှိပါတယ်။ ယူကရိန်းအရေးမှာတော့ ၂ နိုင်ငံ ချဉ်းကပ်ကိုင်တွယ်ပုံ ကွဲပြားကြပြီး အမေရိကန်က ယူကရိန်းအစိုးရအတွက် လက်နက်တွေ ပေးပို့နေချိန်မှာပ ဲ ပဋိပက္ခဖြစ်နေတဲ့ နေရာကို လက်နက်တွေမပို့ဖို့ အရင်ကတည်းက ဆုံးဖြတ်ထားတဲ့ အတိုင်းလုပ်နေတဲ့ ဂျာမနီက ယူကရိန်းအစိုးရ ပန်ကြားတဲ့ စစ်သုံး helmet ဦးထုပ် ၅၀၀၀ ကိုပဲ ပေးပို့တာ ဖြစ်ပါတယ်။


အခုလို ကိုင်တွယ်ပုံမတူပေမယ့် ၂ နိုင်ငံစလုံးက ဥရောပဒေသတွင်း ရုရှားရဲ့ ရန်လိုမှုတွေကို တားဆီးဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း သမ္မတဘိုင်ဒန်က ပြောပါတယ်။ ဝန်ကြီး Scholz ကလည်း ၂ နိုင်ငံဟာ အနီးကပ်မဟာမိတ်တွေ ဖြစ်ကြောင်းနဲ့ ယူကရိန်းကို ရုရှားရဲ့ ရန်ကနေ တိုက်ဖျက်ဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ပြင်းပြင်းထန်ထန် လုပ်ရမှာ ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

NATO မဟာမိတ် ၂ နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဂျာမဏီတို့က ဥရောပအရှေ့ပိုင်းဒေသတွင်း NATO တပ်အင်အား တိုးမြှင့်ရေးကို ပံ့ပိုးပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်က ပိုလန်နဲ့ ရိုမေးနီးယားကို နောက်ထပ်တပ်တွေ စေလွှတ်ဖို့ အမိန့်ပေးခဲ့သလို ဂျာမနီကလည်း Lithuania မှာ ဂျာမနီဦးဆောင်တဲ့ တပ်တွေနဲ့အားဖြည့်ဖို့ လုပ်နေတာပါ။


ဂျာမနီကို ရုရှားဘက်က သဘာဝဓါတ်ငွေ့တင်ပို့ဖို့ ပိုက်လိုင်းတည်ဆောက်နေတာဟာ ပြီးစီးပြီဖြစ်ပေမယ့် တင်ပို့တဲ့ လုပ်ငန်းကတော့ မစရသေးပါဘူး။ တကယ်လို့ ရုရှားက ယူကရိန်းကို ကျူးကျော်ရင် ဒီပိုက်လိုင်းကို ဖွင့်မပေးဖို့ အမေရိကန်က ပြောကြားသလို ဂျာမနီကလည်း နည်းလမ်းအားလုံးကို စဉ်းစားမှာ ဖြစ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။

----------------------------------------------------










XS
SM
MD
LG