သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားအပါအဝင္ ဥေရာပ လံုၿခံဳေရးအဖဲြ႔နဲ႔ ေဆြးေႏြးဖို႔ ယူကရိန္းေတာင္းဆို


ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba. (ဇန္နဝါရီ ၁၉၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံ ဝန္းက်င္မွာေရာ ယူကရိန္းႏိုင္ငံထဲက ႐ုရွားသိမ္းပိုက္ထားတဲ့ Crimea ေဒသမွာပါ ႐ုရွားဘက္က တပ္အင္အား အလံုးအရင္း တိုးျမႇင့္ခ်ထားေနတာနဲ႔ ပတ္သက္ၿပီး ႐ုရွားနဲ႔ေရာ ဥေရာပေဒသတြင္း လံုၿခံဳေရးနဲ႔ ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔ (OSCE) အဖြဲ႔ဝင္ေတြနဲ႔ပါ ၄၈ နာရီအတြင္း ေတြ႔ဆံုေဆြးေႏြးခ်င္တယ္လို႔ ယူကရိန္းက တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ယူကရိန္းနယ္စပ္မွာ ႐ုရွားက တပ္သား ၁ သိန္းေက်ာ္ ခ်ထားၿပီး တပ္အင္အား ဆက္လက္တိုးျမႇင့္ေနတာေၾကာင့္ ေဒသတြင္း တင္းမာမႈေတြ တိုးေနတာ သီတင္းပတ္နဲ႔ခ်ီ ၾကာလာၿပီ ျဖစ္ပါတယ္။

အေမရိကန္ကေတာ့ ယူကရိန္းကို ႐ုရွားက အခ်ိန္မေရြး ဝင္သိမ္းႏိုင္ေျခရွိေနတယ္လို႔ ေျပာေနေပမယ့္ ႐ုရွားကေတာ့ ဒါကို ျငင္းဆိုေနတဲ့အျပင္ အေနာက္ႏုိင္ငံေတြဟာ စိတ္ေခ်ာက္ခ်ားေနၾကတယ္လို႔ စြပ္စြဲပါတယ္။

ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba ကေတာ့ အခုလို ႐ုရွားရဲ႕ စစ္ေရးလႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး လံုၿခံဳေရးဆိုင္ရာ ဗီယင္နာ သေဘာတူညီခ်က္အရ ေျဖရွင္းခ်က္ေပးဖို႔ ယူကရိန္းရဲ႕ ေသာၾကာေန႔က ေတာင္းဆိုခ်က္ကို ႐ုရွားဘက္က ဘာမွ မတုံ႔ျပန္ခဲ့ဘူးလို႔ ေျပာပါတယ္။

ဒါ့ေၾကာင့္ ေနာက္တဆင့္အေနနဲ႔ ႐ုရွားဘက္က တပ္အင္အားတိုးခ်ေနတာ၊ ယူကရိန္းနယ္စပ္တေက်ာနဲ႔ ႐ုရွားက ယာယီသိမ္းပိုက္ထားတဲ့ Crimea ေဒသေတြမွာ တပ္ေတြျပန္ခ်ေနတာနဲ႔ ပတ္သက္ၿပီး ႐ုရွားနဲ႔ တျခား ပါဝင္တဲ့ ႏိုင္ငံေတြအားလံုးနဲ႔ ၄၈ နာရီအတြင္း ေတြ႔ဆံုေဆြးေႏြးလိုေၾကာင္း ယူကရိန္း ႏုိင္ငံျခားေရးဝန္ႀကီးက တြစ္တာကေန ေျပာပါတယ္။

တကယ္လို႔ ႐ုရွားက ခြဲမရတဲ့ OSCE အဖြဲ႔ဝင္ႏိုင္ငံေတြရဲ႕ ေဒသတြင္းလံုၿခံဳေရးနဲ႔ ပတ္သက္ၿပီး ေသေသခ်ာခ်ာ ေဆြးေႏြးမယ္ဆိုရင္ တင္းမာမႈေတြ ေလ်ာ့ပါးဖို႔နဲ႔ အားလံုးရဲ႕ လုံၿခံဳေရး တိုးျမႇင့္ႏိုင္ဖို႔အတြက္ စစ္ေရးဆိုင္ရာ ပြင့္လင္းျမင္သာမႈ ရွိမယ္ဆိုတဲ့ သူေပးထားတဲ့ ကတိကဝတ္အတိုင္း လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္းလည္း ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရုရှားအပါအဝင် ဥရောပ လုံခြုံရေးအဖွဲ့နဲ့ ဆွေးနွေးဖို့ ယူကရိန်းတောင်းဆို

ယူကရိန်းနိုင်ငံ ဝန်းကျင်မှာရော ယူကရိန်းနိုင်ငံထဲက ရုရှားသိမ်းပိုက်ထားတဲ့ Crimea ဒေသမှာပါ ရုရှားဘက်က တပ်အင်အား အလုံးအရင်း တိုးမြှင့်ချထားနေတာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ရော ဥရောပဒေသတွင်း လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အဖွဲ့ဝင်တွေနဲ့ပါ ၄၈ နာရီအတွင်း တွေ့ဆုံဆွေးနွေးချင်တယ်လို့ ယူကရိန်းက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်သား ၁ သိန်းကျော် ချထားပြီး တပ်အင်အား ဆက်လက်တိုးမြှင့်နေတာကြောင့် ဒေသတွင်း တင်းမာမှုတွေ တိုးနေတာ သီတင်းပတ်နဲ့ချီ ကြာလာပြီ ဖြစ်ပါတယ်။

အမေရိကန်ကတော့ ယူကရိန်းကို ရုရှားက အချိန်မရွေး ဝင်သိမ်းနိုင်ခြေရှိနေတယ်လို့ ပြောနေပေမယ့် ရုရှားကတော့ ဒါကို ငြင်းဆိုနေတဲ့အပြင် အနောက်နိုင်ငံတွေဟာ စိတ်ချောက်ချားနေကြတယ်လို့ စွပ်စွဲပါတယ်။

ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကတော့ အခုလို ရုရှားရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ ဗီယင်နာ သဘောတူညီချက်အရ ဖြေရှင်းချက်ပေးဖို့ ယူကရိန်းရဲ့ သောကြာနေ့က တောင်းဆိုချက်ကို ရုရှားဘက်က ဘာမှ မတုံ့ပြန်ခဲ့ဘူးလို့ ပြောပါတယ်။

ဒါ့ကြောင့် နောက်တဆင့်အနေနဲ့ ရုရှားဘက်က တပ်အင်အားတိုးချနေတာ၊ ယူကရိန်းနယ်စပ်တကျောနဲ့ ရုရှားက ယာယီသိမ်းပိုက်ထားတဲ့ Crimea ဒေသတွေမှာ တပ်တွေပြန်ချနေတာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ တခြား ပါဝင်တဲ့ နိုင်ငံတွေအားလုံးနဲ့ ၄၈ နာရီအတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက တွစ်တာကနေ ပြောပါတယ်။

တကယ်လို့ ရုရှားက ခွဲမရတဲ့ OSCE အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဒေသတွင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး သေသေချာချာ ဆွေးနွေးမယ်ဆိုရင် တင်းမာမှုတွေ လျော့ပါးဖို့နဲ့ အားလုံးရဲ့ လုံခြုံရေး တိုးမြှင့်နိုင်ဖို့အတွက် စစ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိမယ်ဆိုတဲ့ သူပေးထားတဲ့ ကတိကဝတ်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်းလည်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

XS
SM
MD
LG