သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းရွိ သံဝန္ထမ္းအားလုံးနီးပါး ကန္႐ုပ္သိမ္း


ယူကရိန္းႏုိင္ငံ Kyiv ၿမိဳ႕ရွိ အေမရိကန္သံ႐ုံး။ (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

႐ုရွားရဲ႕ က်ဴးေက်ာ္စစ္က အခ်ိန္မေရြး ျဖစ္ႏိုင္ေျခ ပိုမ်ားလာတဲ့အတြက္ အေမရိကန္ ျပည္ေထာင္စုက သူ႔ရဲ႕သံတမန္ အားလုံးနီးပါးေလာက္ကို ယူကရိန္းက ႐ုပ္သိမ္းခိုင္းလိုက္သလို မဟာမိတ္ႏိုင္ငံမ်ားကလည္း ယူကရိန္းမွာ ရွိေနၾကတဲ့ သူတို႔ ႏိုင္ငံသားေတြကို ယူကရိန္းကေန ထြက္ခြါၾကဖို႔ ေျပာလိုက္ပါတယ္။

ေဆာင္းရာသီ အိုလံပစ္ပြဲအၿပီး ေဖေဖာ္ဝါရီ ၂၀ ရက္ မတိုင္မီမွာကို ယူကရိန္းကို ေလေၾကာင္းတိုက္ခိုက္မႈ အပါအဝင္ ႐ုရွားက တိုက္ခိုက္လာႏိုင္တယ္လို႔ အေမရိကန္ တာဝန္ရွိသူေတြက ေျပာၾကပါတယ္။ ယူကရိန္းၿမိဳ႕ေတာ္ Kyiv နဲ႔ တျခားၿမိဳ႕ေတြကို သိမ္းပိုက္ႏိုင္တယ္လို႔ ေျပာပါတယ္။

ဒါေၾကာင့္ အေမရိကန္နဲ႔ မဟာမိတ္ႏုိင္ငံေတြ ျဖစ္ၾကတဲ့ ၾသစေၾတးလ်၊ နယူးဇီလန္၊ ၿဗိတိန္၊ ဂ်ပန္၊ လတ္ဗီးယား၊ ေနာ္ေဝ၊ နယ္သာလန္နဲ႔ အစၥေရးလ္တို႔က ယူကရိန္းမွာ ရွိေနၾကတဲ့ သူတို႔ႏုိင္ငံသားေတြကို ျမန္ႏိုင္သမွ် အျမန္ဆုံး ထြက္ခြါၾကဖို႔ တိုက္တြန္းလိုက္ၾကတာပါ။

ယူကရိန္းမွာ အေမရိကန္ သံ႐ုံးဝန္ထမ္း ၁၈၀ ရွိၿပီး အစိုးရနဲ႔ ဆက္သြယ္ေရးအတြက္ပဲ ဝန္ထမ္းခ်န္ထားခဲ့မယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ပိုလန္နယ္စပ္မွာရွိတဲ့ ေကာင္စစ္ဝန္႐ုံးကိုေတာ့ အေရးေပၚ အကူအညီေပးစရာ ေပၚလာခဲ့ရင္ ေပးႏိုင္ဖို႔ ဆက္လက္ထားရွိမယ္လို႔ ဆိုပါတယ္။ ပိုလန္ႏိုင္ငံမွာ ရွိေနၿပီးျဖစ္တဲ့ အေမရိကန္စစ္သား ၁,၇၀၀ ကို ေနာက္ထပ္ ၃,၀၀၀ နဲ႔ ထပ္မံအားျဖည့္ဖို႔ အေမရိကန္စစ္သား ၃,၀၀၀ ကို ပို႔ေနတယ္လို႔ ပင္တဂြန္က ေသာၾကာေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ယူကရိန်းရှိ သံဝန်ထမ်းအားလုံးနီးပါး ကန်ရုပ်သိမ်း

ရုရှားရဲ့ ကျူးကျော်စစ်က အချိန်မရွေး ဖြစ်နိုင်ခြေ ပိုများလာတဲ့အတွက် အမေရိကန် ပြည်ထောင်စုက သူ့ရဲ့သံတမန် အားလုံးနီးပါးလောက်ကို ယူကရိန်းက ရုပ်သိမ်းခိုင်းလိုက်သလို မဟာမိတ်နိုင်ငံများကလည်း ယူကရိန်းမှာ ရှိနေကြတဲ့ သူတို့ နိုင်ငံသားတွေကို ယူကရိန်းကနေ ထွက်ခွါကြဖို့ ပြောလိုက်ပါတယ်။

ဆောင်းရာသီ အိုလံပစ်ပွဲအပြီး ဖေဖော်ဝါရီ ၂၀ ရက် မတိုင်မီမှာကို ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှု အပါအဝင် ရုရှားက တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောကြပါတယ်။ ယူကရိန်းမြို့တော် Kyiv နဲ့ တခြားမြို့တွေကို သိမ်းပိုက်နိုင်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေ ဖြစ်ကြတဲ့ သြစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်၊ ဂျပန်၊ လတ်ဗီးယား၊ နော်ဝေ၊ နယ်သာလန်နဲ့ အစ္စရေးလ်တို့က ယူကရိန်းမှာ ရှိနေကြတဲ့ သူတို့နိုင်ငံသားတွေကို မြန်နိုင်သမျှ အမြန်ဆုံး ထွက်ခွါကြဖို့ တိုက်တွန်းလိုက်ကြတာပါ။

ယူကရိန်းမှာ အမေရိကန် သံရုံးဝန်ထမ်း ၁၈၀ ရှိပြီး အစိုးရနဲ့ ဆက်သွယ်ရေးအတွက်ပဲ ဝန်ထမ်းချန်ထားခဲ့မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပိုလန်နယ်စပ်မှာရှိတဲ့ ကောင်စစ်ဝန်ရုံးကိုတော့ အရေးပေါ် အကူအညီပေးစရာ ပေါ်လာခဲ့ရင် ပေးနိုင်ဖို့ ဆက်လက်ထားရှိမယ်လို့ ဆိုပါတယ်။ ပိုလန်နိုင်ငံမှာ ရှိနေပြီးဖြစ်တဲ့ အမေရိကန်စစ်သား ၁,၇၀၀ ကို နောက်ထပ် ၃,၀၀၀ နဲ့ ထပ်မံအားဖြည့်ဖို့ အမေရိကန်စစ်သား ၃,၀၀၀ ကို ပို့နေတယ်လို့ ပင်တဂွန်က သောကြာနေ့က ပြောပါတယ်။

XS
SM
MD
LG