သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း အခ်ဳပ္အျခာအာဏာနဲ႔ နယ္ေျမတည္တံ့ေရး သမၼတ Biden အခုိင္အမာ ရပ္တည္မည္


အေမရိကန္သမၼတ Joe Biden. (ေဖေဖာ္ဝါရီ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းကို ႐ုရွား ဝင္ေရာက္က်ဴးေက်ာ္မႈ ျဖစ္လာႏိုင္ေျခဟာ ခုရက္ပိုင္းေတြအတြင္း ထင္ရွားလာေနခ်ိန္မွာပဲ ယူကရိန္းရဲ႕ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈနဲ႔ နယ္ေျမတည္တံ့ခိုင္ၿမဲမႈအတြက္ အေမရိကန္က ထားရွိတဲ့ ကတိအတိုင္း လုပ္ေဆာင္မွာျဖစ္ေၾကာင္း သမၼတ Joe Biden က ယူကရိန္းသမၼတ Volodymyr Zelenskiy ကို တနဂၤေႏြေန႔မွာ အခိုင္အမာ ေျပာၾကားလိုက္ပါတယ္။

႐ုရွားသမၼတ Vladimir Putin က ယူကရိန္းကို လာမယ့္ရက္အနည္းငယ္အတြင္း ဗုဒၶဟူးေန႔ေလာက္မွာ ဝင္ေရာက္တိုက္ခိုက္ႏုိင္ေျခ တိုးလာေနတယ္လို႔ အေနာက္ႏိုင္ငံ တာဝန္ရွိသူေတြရဲ႕ စိုးရိမ္မႈေတြ တိုးလာေနခ်ိန္မွာပဲ သမၼတ Biden က ယူကရိန္းသမၼတကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ယူကရိန္းကို ႐ုရွားက ဝင္ေရာက္က်ဴးေက်ာ္လာရင္ အေမရိကန္က မဟာမိတ္ေတြနဲ႔ အတူလက္တြဲၿပီး လွ်င္လွ်င္ျမန္ျမန္ ျပတ္ျပတ္သားသား တုံ႔ျပန္မွာျဖစ္ေၾကာင္း ယူကရိန္းသမၼတကို သမၼတ Biden က ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့တယ္လု႔ိ သမၼတအိမ္ျဖဴ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အေနာက္ႏိုင္ငံ သံတမန္ေတြရဲ႕ ကမ္းလွမ္းမႈေတြကေန တင္းမာမႈေတြ ေျပေလ်ာ့မသြားေပမယ့္ ႐ုရွား ဝင္ေရာက္က်ဴးေက်ာ္မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး သံတမန္ေရး နည္းလမ္းနဲ႔ေရာ တားဆီးမႈေတြပါ ဆက္လုပ္ဖို႔ အေရးႀကီးေၾကာင္း သမၼတ ၂ ဦး သေဘာတူခဲ့ၾကတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

သမၼတ Biden ရဲ႕ အမ်ိဳးသားလံုၿခံဳေရးအႀကံေပး Jake Sullivan ကေတာ့ ႐ုရွားအေနနဲ႔ ယူကရိန္းကို ဒီသီတင္းပတ္ထဲမွာ ဝင္က်ဴးေက်ာ္မလား၊ ဒီသီတင္းပတ္အကုန္ ေဘဂ်င္းအိုလံပစ္ပြဲၿပီးခ်ိန္မွာ ဝင္မလားဆိုတာကို အေမရိကန္က မခန္႔မွန္းႏိုင္ေပမယ့္ တကယ့္ အဓိက စစ္ဆင္ေရးတရပ္ လုပ္လာႏိုင္တာကေတာ့ သိသာထင္ရွားေနေၾကာင္း CNN သတင္းဌာနရဲ႕ ေမးျမန္းခန္းမွာ ေျပာပါတယ္။

စေနေန႔ကေတာ့ သမၼတ Biden ဟာ ႐ုရွားသမၼတ Putin နဲ႔ တနာရီၾကာ တယ္လီဖုန္းဆက္သြယ္ ေျပာၾကားခဲ့တာျဖစ္ၿပီး ယူကရိန္းကို ဝင္က်ဴးေက်ာ္မယ္ဆိုရင္ လူအမ်ားအျပား ဒုကၡေရာက္မွာျဖစ္ေၾကာင္း သတိေပးခဲ့သလို အေမရိကန္နဲ႔ မဟာမိတ္ေတြဘက္က ဒီျပႆနာအတြက္ သံတမန္ေရးနည္းလမ္းေတြနဲ႔ ဆက္ႀကိဳးပမ္းမွာ ျဖစ္ေပမယ့္ တျခား လုပ္ႏိုင္တာေတြ အတြက္လည္း ျပင္ဆင္ထားေၾကာင္း ေျပာၾကားခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ယူကရိန်း အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေး သမ္မတ Biden အခိုင်အမာ ရပ်တည်မည်

ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်မှု ဖြစ်လာနိုင်ခြေဟာ ခုရက်ပိုင်းတွေအတွင်း ထင်ရှားလာနေချိန်မှာပဲ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုအတွက် အမေရိကန်က ထားရှိတဲ့ ကတိအတိုင်း လုပ်ဆောင်မှာဖြစ်ကြောင်း သမ္မတ Joe Biden က ယူကရိန်းသမ္မတ Volodymyr Zelenskiy ကို တနင်္ဂနွေနေ့မှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ရုရှားသမ္မတ Vladimir Putin က ယူကရိန်းကို လာမယ့်ရက်အနည်းငယ်အတွင်း ဗုဒ္ဓဟူးနေ့လောက်မှာ ဝင်ရောက်တိုက်ခိုက်နိုင်ခြေ တိုးလာနေတယ်လို့ အနောက်နိုင်ငံ တာဝန်ရှိသူတွေရဲ့ စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ သမ္မတ Biden က ယူကရိန်းသမ္မတကို တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်လာရင် အမေရိကန်က မဟာမိတ်တွေနဲ့ အတူလက်တွဲပြီး လျှင်လျှင်မြန်မြန် ပြတ်ပြတ်သားသား တုံ့ပြန်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတကို သမ္မတ Biden က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တယ်လု့ိ သမ္မတအိမ်ဖြူ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနောက်နိုင်ငံ သံတမန်တွေရဲ့ ကမ်းလှမ်းမှုတွေကနေ တင်းမာမှုတွေ ပြေလျော့မသွားပေမယ့် ရုရှား ဝင်ရောက်ကျူးကျော်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်ရေး နည်းလမ်းနဲ့ရော တားဆီးမှုတွေပါ ဆက်လုပ်ဖို့ အရေးကြီးကြောင်း သမ္မတ ၂ ဦး သဘောတူခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

သမ္မတ Biden ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကတော့ ရုရှားအနေနဲ့ ယူကရိန်းကို ဒီသီတင်းပတ်ထဲမှာ ဝင်ကျူးကျော်မလား၊ ဒီသီတင်းပတ်အကုန် ဘေဂျင်းအိုလံပစ်ပွဲပြီးချိန်မှာ ဝင်မလားဆိုတာကို အမေရိကန်က မခန့်မှန်းနိုင်ပေမယ့် တကယ့် အဓိက စစ်ဆင်ရေးတရပ် လုပ်လာနိုင်တာကတော့ သိသာထင်ရှားနေကြောင်း CNN သတင်းဌာနရဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

စနေနေ့ကတော့ သမ္မတ Biden ဟာ ရုရှားသမ္မတ Putin နဲ့ တနာရီကြာ တယ်လီဖုန်းဆက်သွယ် ပြောကြားခဲ့တာဖြစ်ပြီး ယူကရိန်းကို ဝင်ကျူးကျော်မယ်ဆိုရင် လူအများအပြား ဒုက္ခရောက်မှာဖြစ်ကြောင်း သတိပေးခဲ့သလို အမေရိကန်နဲ့ မဟာမိတ်တွေဘက်က ဒီပြဿနာအတွက် သံတမန်ရေးနည်းလမ်းတွေနဲ့ ဆက်ကြိုးပမ်းမှာ ဖြစ်ပေမယ့် တခြား လုပ်နိုင်တာတွေ အတွက်လည်း ပြင်ဆင်ထားကြောင်း ပြောကြားခဲ့တာပါ။

XS
SM
MD
LG