သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္စပ္မွာ စစ္ေရးတင္းမာမႈေတြ ဆက္လက္ႀကီးထြား


ဘယ္လာ႐ုစ္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္ရာမွာ ပါဝင္တဲ့ ႐ုရွားတပ္ဖြဲ႔ဝင္အခ်ဳိ႕။

(Zawgyi / Unicode)

႐ုရွားသမၼတ Vladimir Putin ဟာ ယူကရိန္းကို ဝင္တိုက္ဖို႔ ဆုံးျဖတ္ထားၿပီး ျဖစ္ေနမယ္လို႔ သူယံုၾကည္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က သမၼတအိမ္ျဖဴမွာ ေသာၾကာေန႔က ေျပာၾကားခဲ့ၿပီးတဲ့ေနာက္ စေနေန႔မွာပဲ ယူကရိန္းအေရွ႕ပိုင္းမွာ ပစ္ခတ္မႈေတြ တိုးလာသလို သမၼတ Putin ကလည္း သူ႔ရဲ႕ ႀကီးမားတဲ့ စစ္ေရးေလ့က်င့္မႈေတြကို ကိုယ္တိုင္ႀကီးၾကပ္ေနတာ ျဖစ္ပါတယ္။

႐ုရွားသမၼတနဲ႔ ဘယ္လ္လာ႐ုစ္ သမၼတတို႔ဟာ ေရငုပ္သေဘၤာေပၚကေန ပစ္လႊတ္ရတဲ့ တုိက္ခ်င္းပစ္ ပဲ့ထိန္းတပ္ဒံုး အပါအဝင္ လက္နက္ေတြနဲ႔ တိုက္ခိုက္မႈမ်ိဳးစံု ပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈကို ကိုယ္တိုင္ ႀကီးၾကပ္ခဲ့ၾကတယ္လို႔ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

စေနေန႔မွာ လစ္သူေယးနီးယားကို သြားေရာက္ခဲ့တဲ့ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကေတာ့ ႐ုရွားတပ္သား ၁ သိန္းခြဲေက်ာ္ဟာ အခုအခါမွာ ယူကရိန္းနယ္စပ္တေက်ာမွာ အသင့္အေနထား ရွိေနၿပီျဖစ္ၿပီး အေမရိကန္က မဟာမိတ္ေတြနဲ႔အတူ ရပ္တည္ေၾကာင္း လစ္သူေယးနီးယားသမၼတ Gitanas Nauseda နဲ႔ ပူးတြဲျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“႐ုရွားဟာ ဘယ္လ္လာ႐ုစ္ အပါအဝင္ ယူကရိန္းပတ္ဝန္းက်င္ တဝိုက္မွာ စစ္တပ္အင္အား တိုးခ်ေနတာ လနဲ႔ခ်ီ ရွိေနပါၿပီ။ အခုအခါမွာ ဝင္တိုက္ဖို႔ အသင့္အေနထားကို ျပင္ေနတာပါ။ ဒါေၾကာင့္လည္း အခု လစ္သူေယးနီးယားကို လာေရာက္တာျဖစ္ၿပီး လစ္သူေယးနီးယား၊ အက္စ္တုိးနီးယားနဲ႔ လတ္ဗီးယား ေဒသခံေတြသာမက ႐ုရွားသမၼတနဲ႔ အစိုးရကို သိေစခ်င္တာက အေမရိကန္ဟာ သူ႔မဟာမိတ္ေတြနဲ႔အတူ ရပ္တည္ေနတယ္ ဆိုတာပါပဲ။” လို႔ ေျပာသြားတာပါ။

NATO အဖြဲ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ကလည္း ယူကရိန္းကို ၿခိမ္းေျခာက္ေနတဲ့ ႐ုရွားအတြက္ NATO ဆီက ႐ုရွားလိုလားတာထက္ ပိုတဲ့ တုံ႔ျပန္မႈေတြ ရမွာျဖစ္ေၾကာင္း ဂ်ာမနီက လံုၿခံဳေရးညီလာခံမွာ စေနေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------

(Unicode)

ယူကရိန်းနယ်စပ်မှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ကြီးထွား

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းကို ဝင်တိုက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်နေမယ်လို့ သူယုံကြည်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတအိမ်ဖြူမှာ သောကြာနေ့က ပြောကြားခဲ့ပြီးတဲ့နောက် စနေနေ့မှာပဲ ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ခတ်မှုတွေ တိုးလာသလို သမ္မတ Putin ကလည်း သူ့ရဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ကိုယ်တိုင်ကြီးကြပ်နေတာ ဖြစ်ပါတယ်။

ရုရှားသမ္မတနဲ့ ဘယ်လ်လာရုစ် သမ္မတတို့ဟာ ရေငုပ်သင်္ဘောပေါ်ကနေ ပစ်လွှတ်ရတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံး အပါအဝင် လက်နက်တွေနဲ့ တိုက်ခိုက်မှုမျိုးစုံ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုကို ကိုယ်တိုင် ကြီးကြပ်ခဲ့ကြတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

စနေနေ့မှာ လစ်သူယေးနီးယားကို သွားရောက်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ ရုရှားတပ်သား ၁ သိန်းခွဲကျော်ဟာ အခုအခါမှာ ယူကရိန်းနယ်စပ်တကျောမှာ အသင့်အနေထား ရှိနေပြီဖြစ်ပြီး အမေရိကန်က မဟာမိတ်တွေနဲ့အတူ ရပ်တည်ကြောင်း လစ်သူယေးနီးယားသမ္မတ Gitanas Nauseda နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ရုရှားဟာ ဘယ်လ်လာရုစ် အပါအဝင် ယူကရိန်းပတ်ဝန်းကျင် တဝိုက်မှာ စစ်တပ်အင်အား တိုးချနေတာ လနဲ့ချီ ရှိနေပါပြီ။ အခုအခါမှာ ဝင်တိုက်ဖို့ အသင့်အနေထားကို ပြင်နေတာပါ။ ဒါကြောင့်လည်း အခု လစ်သူယေးနီးယားကို လာရောက်တာဖြစ်ပြီး လစ်သူယေးနီးယား၊ အက်စ်တိုးနီးယားနဲ့ လတ်ဗီးယား ဒေသခံတွေသာမက ရုရှားသမ္မတနဲ့ အစိုးရကို သိစေချင်တာက အမေရိကန်ဟာ သူ့မဟာမိတ်တွေနဲ့အတူ ရပ်တည်နေတယ် ဆိုတာပါပဲ။” လို့ ပြောသွားတာပါ။

NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း ယူကရိန်းကို ခြိမ်းခြောက်နေတဲ့ ရုရှားအတွက် NATO ဆီက ရုရှားလိုလားတာထက် ပိုတဲ့ တုံ့ပြန်မှုတွေ ရမှာဖြစ်ကြောင်း ဂျာမနီက လုံခြုံရေးညီလာခံမှာ စနေနေ့က ပြောပါတယ်။

XS
SM
MD
LG