သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းနယ္စပ္မွာ ႐ုရွားစစ္ေလ့က်င့္မႈ အရွိန္ျမႇင့္


In this handout photo released by Russian Defense Ministry Press Service, British Defense Secretary Ben Wallace, second left, and Russian Defense Minister Sergei Shoigu, second right, talk to each other during their meeting in Moscow, Russia, Friday, Feb. 11, 2022.

ရုရွားက ယူကရိန္းနားမွာ စစ္ေရးလႈပ္ရွားမႈေတြ တိုးလုပ္ေနရာက တနလၤာေန႔မွာေတာ့ ရုရွားေရတပ္က ယူကရိန္းေတာင္ပိုင္းက ပင္လယ္နက္ေဒသထဲ ေရငုပ္သေဘၤာ တိုက္ဖ်က္ေရး ပါဝင္တဲ့ စစ္ေရးေလ့က်င့္မႈ လုပ္ခဲ့သလို ယူကရိန္းေျမာက္ပိုင္းမွာလည္း ဘယ္လာရုစ္ နယ္စပ္မွာ ဂ်က္တိုက္ေလယာဥ္ေတြနဲ႔ ကင္းလွည့္ေနပါတယ္။

ရုရွားဟာ ယူကရိန္းကို အခ်ိန္မေရြးက်ဴးေက်ာ္ႏိုင္တယ္လို႔ အေမရိကန္က တနဂၤေႏြေန႔က ေျပာၾကားခဲ့ၿပီး NATO ပိုင္နက္ နယ္ေျမတိုင္းကို အကာကြယ္ေပးသြားမွာ ျဖစ္ေၾကာင္း ထပ္ေလာင္ ကတိျပဳလိုက္ခ်ိန္မွာပဲ ရုရွားက အေနာက္ႏုိင္ငံေတြဟာ ေဆာက္တည္ရာမရ ျဖစ္ေနၿပီလို႔ ေဝဖန္ခဲ့တာပါ။

အေမရိကန္နဲ႔ ရုရွားအစိုးရတို႔ၾကား ဆက္ဆံေရးဟာ ဆက္ရွိေနဆဲျဖစ္ေၾကာင္း ရုရွားအစိုးရက ေျပာၾကားေနသလို ယူကရိန္းနယ္စပ္မွာ တပ္သား ၁ သိန္းေက်ာ္ခ်ထားတဲ့ၾကားက ယူကရိန္းကို ဝင္သိမ္းဖို႔ အစီစဥ္ မရွိေၾကာင္း ထပ္တလဲလဲ ေျပာၾကားေနတာပါ။

ရုရွားဟာ ယူကရိန္းေျမာက္ပိုင္းက အိမ္နီးခ်င္း ဘယ္လ္လာရုစ္မွာ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြ လုပ္ေနသလို ယူကရိန္းေတာင္ပိုင္းက ၂၀၁၄ မွာ ရုရွားသိမ္းပိုက္ထားတဲ့ Crimea ကၽြန္းဆြယ္ တည္ရွိရာ ပင္လယ္နက္ ေဒသမွာလည္း ေရေၾကာင္း ေလ့က်င့္မႈေတြ လုပ္ေနတာပါ။

ဒါ့အျပင္ ရုရွားေတာင္ပိုင္းမွာလည္း ေျမျပင္ကေရာ ေဝဟင္ကပါ ရဟတ္ယာဥ္သံုး တိုက္ခိုက္ေရးေတြ လုပ္ၿပီး စစ္ေရး နည္းဗ်ဴဟာ ေလ့က်င့္မႈေတြ လုပ္ေဆာင္ေနတဲ့ အျပင္လီနင္ဂရက္ေဒသေျမာက္ပိုင္းမွာ ေျမျပင္ကေနေဝဟင္ပစ္ S-400 စံနစ္သံုးၿပီး ေလေၾကာင္း ေလ့က်င့္မႈေတြ လုပ္ေနတယ္လို႔ ရုရွားစစ္တပ္က ေျပာပါတယ္။

ရုရွားစစ္တပ္က ကက္စပီယံပင္လယ္ထဲမွာရွိတဲ့ စစ္သေဘၤာက အသံထက္ျမန္တဲ့ မစ္စိုင္းဒံုးနဲ႔ လက္နက္ေတြတပ္ဆင္ထားတဲ့ သေဘၤာေတြကို ပင္လယ္နက္နဲ႔ ေျမထဲပင္လယ္ထဲကို ေစလႊတ္ထားေၾကာင္း စစ္တပ္သတင္းေတြကို ကိုးကားၿပီး Izvestia ေန႔စဥ္သတင္းစာမွာေဖၚျပထားတယ္လို႔ ရိုက္တာက ဆိုပါတယ္။

တခ်ိန္ထည္းမွာပဲ Sukhoi Su-30 ဂ်က္တိုက္ေလယာဥ္ေတြဟာ ရုရွားနဲ႔ဘယ္လာရုစ္ နယ္စပ္တေလ ွ်ာက္ ပူးတြဲကင္းလွည့္ေနတယ္လို႔လည္း ရုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

====================================

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်လေ့ကျင့်မှု အရှိန်မြှင့်

ရုရှားက ယူကရိန်းနားမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်နေရာက တနင်္လာနေ့မှာတော့ ရုရှားရေတပ်က ယူကရိန်းတောင်ပိုင်းက ပင်လယ်နက်ဒေသထဲ ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့သလို ယူကရိန်းမြောက်ပိုင်းမှာလည်း ဘယ်လာရုစ် နယ်စပ်မှာ ဂျက်တိုက်လေယာဉ်တွေနဲ့ ကင်းလှည့်နေပါတယ်။

ရုရှားဟာ ယူကရိန်းကို အချိန်မရွေးကျူးကျော်နိုင်တယ်လို့ အမေရိကန်က တနင်္ဂနွေနေ့က ပြောကြားခဲ့ပြီး NATO ပိုင်နက် နယ်မြေတိုင်းကို အကာကွယ်ပေးသွားမှာ ဖြစ်ကြောင်း ထပ်လောင် ကတိပြုလိုက်ချိန်မှာပဲ ရုရှားက အနောက်နိုင်ငံတွေဟာ ဆောက်တည်ရာမရ ဖြစ်နေပြီလို့ ဝေဖန်ခဲ့တာပါ။

အမေရိကန်နဲ့ ရုရှားအစိုးရတို့ကြား ဆက်ဆံရေးဟာ ဆက်ရှိနေဆဲဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားနေသလို ယူကရိန်းနယ်စပ်မှာ တပ်သား ၁ သိန်းကျော်ချထားတဲ့ကြားက ယူကရိန်းကို ဝင်သိမ်းဖို့ အစီစဉ် မရှိကြောင်း ထပ်တလဲလဲ ပြောကြားနေတာပါ။

ရုရှားဟာ ယူကရိန်းမြောက်ပိုင်းက အိမ်နီးချင်း ဘယ်လ်လာရုစ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေသလို ယူကရိန်းတောင်ပိုင်းက ၂၀၁၄ မှာ ရုရှားသိမ်းပိုက်ထားတဲ့ Crimea ကျွန်းဆွယ် တည်ရှိရာ ပင်လယ်နက် ဒေသမှာလည်း ရေကြောင်း လေ့ကျင့်မှုတွေ လုပ်နေတာပါ။

ဒါ့အပြင် ရုရှားတောင်ပိုင်းမှာလည်း မြေပြင်ကရော ဝေဟင်ကပါ ရဟတ်ယာဉ်သုံး တိုက်ခိုက်ရေးတွေ လုပ်ပြီး စစ်ရေး နည်းဗျူဟာ လေ့ကျင့်မှုတွေ လုပ်ဆောင်နေတဲ့ အပြင်

လီနင်ဂရက်ဒေသမြောက်ပိုင်းမှာ မြေပြင်ကနေဝေဟင်ပစ် S-400 စံနစ်သုံးပြီး လေကြောင်း လေ့ကျင့်မှုတွေ လုပ်နေတယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။

ရုရှားစစ်တပ်က ကက်စပီယံပင်လယ်ထဲမှာရှိတဲ့ စစ်သင်္ဘောက အသံထက်မြန်တဲ့ မစ်စိုင်းဒုံးနဲ့ လက်နက်တွေတပ်ဆင်ထားတဲ့ သင်္ဘောတွေကို ပင်လယ်နက်နဲ့ မြေထဲပင်လယ်ထဲကို စေလွှတ်ထားကြောင်း စစ်တပ်သတင်းတွေကို ကိုးကားပြီး Izvestia နေ့စဉ်သတင်းစာမှာဖေါ်ပြထားတယ်လို့ ရိုက်တာက ဆိုပါတယ်။

တချိန်ထည်းမှာပဲ Sukhoi Su-30 ဂျက်တိုက်လေယာဉ်တွေဟာ ရုရှားနဲ့ဘယ်လာရုစ် နယ်စပ်တလေ ျှာက် ပူးတွဲကင်းလှည့်နေတယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

XS
SM
MD
LG